rvamyanmar

rvamyanmar

နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့

နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့ နာဇီဂျာမဂီလက်ဇောင်းထက်ချိန် ရောမရှိ ကက်သလစ်ဘုရားကျောင်းများ၊ အဆောက်အဦးများ၊ အသင်းအဖွဲ့များ၌ အသက်ဘေးမှကင်းလွှတ်ရန်ခိုလှုံခဲ့ကြသောဂျူးလူမျိုး (၃၂၀၀) ရှိကြောင်း စာရင်းပြုစုနိုင်ခဲ့သည်။ ထုတ်ပြန်လာသောစာရင်းများကိုထောက်၍ ရောမရှိဂျူးအသင်းအဖွဲ့များနှင့်ဂျူးလူမျိုးအစုလိုက်အ ပြုံလိုက်သတ်ဖြတ်ခံရသည့်အရေးကိုစမ်းစစ်လေ့လာသောနိုင်ငံတကာအဖွဲ့ (the International Holocaust) ကလည်း ပျောက်ဆုံးဦးရေစာရင်းနှင့်ချိန်ညှိကြည့်ရာဖြစ်နိုင်ချေရှိသောစာရင်းအင်းဖြစ်နေ သည်ဟုရောမမြို့ရှိဂျူးအဖွဲ့အစည်း၏ တာ၀န်ခံ Claudio Procaccia ပြောကြားခဲ့သည်။ နာဇီဂျာမဏီရောမမြို့ကို၀င်စီးချိန်၌ ရောမမြို့၌မှီသင်းနေထိုင်နေသောဂျူးလူမျိုး (၂၀၀၀) ကိုဖမ်းဆီးသွားခဲ့သည်။ ထိုဖမ်းဆီးခံသွားခဲ့သောဂျူးလူမျိုးအချို့သည် လက်ရှိတရားဇရပ်၏ပတ်၀န်းကျင်း၌နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု၄င်းကဆိုပါသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

လာချိဒ် ဘာသာစကားဖြင့် ပထမဦးဆုံးအကြိမ် ကက်သလစ်ဘာသာသူများ၏ မစ္ဆားတရားပူဇော်

လာချိဒ် ဘာသာစကားဖြင့် ပထမဦးဆုံးအကြိမ် ကက်သလစ်ဘာသာသူများ၏ မစ္ဆားတရားပူဇော် စက်တင်ဘာလ၊၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကချင်တိုင်းရင်းသား မျိုးနွယ်စုထဲမှ လာချိဒ် လူမျိုး ကက်သလစ်ဘာသာဝင်များ ၏ ပထမဦးဆုံး အကြိမ် အဖြစ် မိမိတို့၏ လာချိဒ် ဘာသာစကားဖြင့် မစ္ဆားတရား တော်မြတ်ပူဇော်ခြင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ကက်သလစ် သာသနာ ၊လားရှိုးမြို့ ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ (၁၆) ရက်နေ့ ၊စနေနေ့ နံနက် (၁၁း၀၀) နာရီအချိန်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပထမ…

ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ်

ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ် ရုရှားနိုင်ငံသည် ဗာတီကန်အတွက်သံအမတ်သစ်အဖြစ် Ivan Soltanovsky အားပြောင်းလဲခန့်အပ် လိုက်သည်။ ထိုတရား၀င်ခန့်အပ်လွှာကိုရဟန်းမင်းကြီးဖရန်စစ်အားပေးအပ်ခဲ့သည်။ ရုရှားသံအမတ်သစ်က ရုရှားသမ္မတပူတင်၏သံအမတ်အဖြင့်ခန့်အပ်လွှာကို ရဟန်းမင်းကြီးထံပေးအပ်ရသည့်အတွကလွန်စွာဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။ ယခုအသစ်ခန့်အပ်သောသံအမတ်သည် သံအမတ်အတွေ့အကြုံများစွာရှိ သည်။ သူသည် ရုရှားနိုင်ငံ ‘နေတိုး’ ၏အမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်သည်အပြင် ဥရောပကောင်စီး၏ ကိုယ်စားပြုသူဖြစ်သည်။ သူနောက်ဆုံးအမှုထမ်းခဲ့သည့်ခုနှစ်မှာ (၂၀၁၅ မှ ၂၀၂၂) ပြီးဖြစ်သည်။ လက်ရှိ၌ ယူကရိန်းအား ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်၍ ဗာတီကန်အနေဖြင့်ယူကရိန်အတွက် တစ်စိုက်မတ်မတ်ရပ်တည်ပြောဆိုလာခဲ့သောယခုလိုအချိန်၌ဤတာ၀န်ကိုထမ်းဆောင်ရန်တာ၀န်ပေးအပ်ခံရသည်။ ယူကရိန်းအားရုရှားမှကျူးကျော်စစ်ဆင်နွှဲနေမှုကိုရပ်တန်းကရပ်တန့်နိုင်ရန် ဗာတီကန်အနေဖြင့်အမှုတော်တစ်ခုအဖြစ်ပင် ကိုယ်စားလှယ်လွဲပင်လုပ်ဆောင်စေလျှက်ရှိသည်။ ယခုဗာတီကန်၏ရုရှားသံအမတ်သစ်သည် သူမတိုင်ခင်ကသံမတ်ဖြစ်ခဲ့သော Alexander Avdeed ကိုအစားထိုးခြင်းဖြစ်သည်။ Alexander Avdeed…

Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ

Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လောလောလတ်လတ်မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးထွက်ထားသည်။ ယခုလာမည့်သောကြာနေ့၌လည်း Marseille သို့တမန်တော်ခရီးထပ်မံကြွရောက်မည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့သည်။ Marseille သည်ပြင်သစ်တောင်ပိုင်းမှမြို့တစ်မြို့ဖြစ်သည်။ ရဟန်းမင်းကြီးသည် စစ်ကြောင့်ပျိုလဲနေကြသောယူကရိန်းနှင့်စစ်သင့်နေသောကျွန်းပေါ်ရှိပြည်သူများနှင့်အတူတကွရှိနေကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရခြင်း၏ရည်ရွယ်ချက် ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရသည့်ရည်ရွယ်ချက်မှာ မြေထဲပင်လယ်ဒေသ၏ အစည်းအ‌ဝေးပိတ်ပွဲအတွက်ဖြစ်သည်။ ဤအစည်းအ‌ဝေးမှာ မြေထဲပင်လယ်ဒေသမှဆရာတော်ကြီးများ၊ လူငယ်များတက်ရောက်နေပြီး (စက်တင်ဘာလ ၁၇-၂၄) ရက်နေ့အထိကျင်းပမည်ဖြစ်သည်။ ဤခရီးစဉ်သည် ညီအစ်ကိုမောင်နှမစိတ်ဓာတ်တိုးမြှင့်လာအောင်လုပ်ဆိုင်ရန်အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း၊ တက်ရောက်ကြသူများသည် ဒေသ၏ကိုယ်စားပြုအဖြစ်လာကြမည်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ Marseille သို့ စက်တင်ဘာ (၂၂-၂၃) အထိကြွရောက်သောပြည်ပတမန်တော်ခရီးသည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ပြီးနောက်…

ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား

ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား စိန့်အန်ဒရူးကင်းမ်တေဂွန်သည် ကိုးရီးယားနိုင်ငံ၏ပထမဦးဆုံးကက်သလစ်ရဟန်းလည်းဖြစ်ပြီး ဓမ္မအာဇာနည်တစ်ပါးလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၄) တောင်ကိုးရီးယားသို့ကြွရောက်စဉ်က ဓမ္မအာဇာနည်ကြီး၏ဇာတိချက်ကြွေမြေသို့ကြွရောက်ဆုတောင်းခဲ့သည်။ ရဟန်းမင်းကြီးက ဓမ္မအာ ဇာနည်ကြီးအား ဧ၀ံဂေလိတရားဟောကြားသူတို့စံထားရမည့်သူဟုသူ၏တရားထောက်ရူချက်၌ထည့်သွင်းဂုဏ်ပြုမိန့်ကြားခဲ့သည်။ ယခုအခါ ဓမ္မအာဇာနည်ကြီးအားဂုဏ်ပြုသောအားဖြင့် သူ၏ဆင်းတုတော်ကို ရောမမြို့၊ ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းကြီးပြင်ပ၌ ဘုရားဖူးများဖူးမြှော်နိုင်ရန်ထားရှိသည့်အခမ်းအနားကိုကျင်းပခဲ့သည်။ အ ခမ်းသို့ ကိုးရီးယားမှဘုရားဖူး (၃၀၀) ပါ၀င်ခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ကိုးရီးယားမှဘုရားဖူးအဖွဲ့နှင့်တွေ့ဆုံစဉ်၌ ဓမ္မအာဇာနည်ကြီးသည် သူလူလားမြောက်ကြီးပြင်းခဲ့ရသောကာလ၌ စစ်မြေပြင်ဖြစ်နေခဲ့သော်လည်း သူသည်အမုန်းတရား၏လောင်းရိပ်အောက်မရောက်ခဲ့ပေ။ ငြိမ်းချမ်းရေးမျိုးစေ့ကိုကြဲသူဖြစ်လာခဲ့သည်။ သူ၏စံပြုထိုက်သောအသက်တာသည် ကိုးရီးယားကျွန်းစွယ်အတွက်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခု လုံးအတွက်လည်းကောင်း ကြိုတင်ဟောကိန်းတစ်ခုဖြစ်ခဲ့သည်။ သူနှင့်အတူခရီးသွားဖော်ဖြစ်ရခြင်း၊ ပြန်…

လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး

လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး ပြီးခဲ့သောပတ် ကြာသပတေးနေ့က လူနည်းစုပါကိစ္စတန်ခရစ်ယာန်များအားကိုယ်စားပြုသောကိုယ် စားလှယ်တစ်ဦးက၄င်းတို့၏မိခင်နိုင်ငံ၌ကြုံတွေ့နေရသော ဘာသာရေးဖိနှိပ်ညှဉ်းပမ်းမှုအရေးနှင့်စပ်လျင်း၍ဘရာဆလ်၌ဆွေးနွေးခဲ့သည်။ ပါလီမန်အနေဖြင့် မကြာမီက ပါကိစ္စတန်၌လူအုပ်ကြီး၏အကြမ်းဖက်မှုကိုခံခဲ့ရသော ပါကိစ္စတန်နိုင်ငံ၊ Faisalabad ပြည်နယ်၊ Jaranwala အခင်းကိုလည်းအလေးပေးစေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုအကြမ်းဖက်မှုသည် အကြမ်းဖက်သူတို့၏ဘာသာရေးအား ပုတ်ခတ် စော်ကားသည်ဟူသောစွပ်စွဲချက်ဖြင့် ယခုကဲ့သို့အကြမ်းဖက်ခြင်းခံရခြင်းဖြစ်သည်။ ပါကိစ္စတန်နိုင်ငံ၌လူ နည်းစုခရစ်ယာန်တို့အားဖိနှိပ်ညဉ်းဆဲမှုနှင့်စပ်လျင်း၍ဆွေးနွေးအဖြေရှာပေးရန်ကိုလည်းတိုက်တွန်းခဲ့သည်။ အထက်ကတောင်းဆိုချက်ကို Joseph Jansen, Shagufta Kausar နှင့် Asif Mall တို့ပါ၀င်သော ကိုယ်စားလှယ်များက ဘရာဆဲလ်ဥရောပလွတ်တော်၌တင်ပြခဲ့ခြင်းဖြစ်သည်။ ပါကိစ္စတန်နိုင်ငံအတွင်းလူနည်းစုခရစ်ယာန်များအားဖိနှိပ်ညဉ်းဆဲမှုလောလောလတ်လတ်ဖြစ်စဉ်များကိုလည်းတင်ပြခဲ့သည်။ ဘာသာရေးအခြေခံသော နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Tehreek-e-Labbaik…

ဘဝမှာစွန့်ပစ်သင့်တဲ့အရာများ

ကျွန်တော်တို့အများစုဟာ မိမိကိုယ်ကိုလေးစားမှုမရှိဘူးဆိုတာကိုသတိမထားမိကြပါဘူး။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့အကောင်းမြင်ဖို့ထက်သူတပါးကိုပိုပြီးအကောင်းမြင်ကြတယ်။ လေးစားကြတယ်။ ဘဝမှာပျော်ရွှင်မှုရဖို့ဆိုရင် ဒီအချက်တွေကိုစွန့်လွှတ်ရမယ်။ လူတချို့ကအလေ့အကျင့်ဆိုတာဖျောက်ဖျက်ဖို့ခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် အချိန်ယူပြီး ကြိုးစားကြရပါမယ်။ဘဝမှာ ဘယ်လိုအရာတွေကို အပြီးတိုင်စွန့်လွှတ်သင့်သလဲ? ကြည့်ကြရအောင် မိမိကိုယ်ကိုဝေဖန်တိုက်ခိုက်တာကိုရပ်တန့်ပါ သင့်ကိုယ်သင်အပြစ်တင်ဖို့မလိုပါဘူး။ လူတိုင်းအမှားလုပ်မိကြမှာဘဲ။ အမှားနဲ့ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူး။ သင့်ကိုယ်သင် အရှုံးသမားလို့မြင်ဖို့မလိုသလို ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး သံသယရှိနေဖို့မလိုပါဘူး။ အမြဲ မိမိကိုယ်ကိုအကောင်းမြင်ပါ။ အရာရာတိုင်းဟာ အကောင်းဆုံးဖြစ်လာမှာအသေအချာပါဘဲ မလိုမုန်းထားသူတွေရဲ့ဝေဖန်အပြစ်တင်သံတွေ၊ အကြံညဏ်တွေကိုမယုံကြည်မိပါစေနဲ့ လူတွေဟာ တယောက်နဲ့တယောက် မကောင်းပြောကြတယ်။ သင့်ကိုမကောင်းပြောသူတွေ၊ ဝေဖန်တိုက်ခိုက်သူတွေရှိလာမှာပါ။ဒါပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေအောက်မှာ ကျရှုံးမသွားစေပါနဲ့။ နားမဝင်စေပါနဲ့။ သည့်အစား သင်ကဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်၊ ဘယ်လောက်…

ရမ်ဘို (သို့) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစု ပုပ်ဖရန်စစ်အားလာရောက်နှုတ်ဆက်ဂါရ၀ပြု

ရမ်ဘို (သို့) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစု ပုပ်ဖရန်စစ်အားလာရောက်နှုတ်ဆက်ဂါရ၀ပြု ဆီလ်ဗက်စတယ်စတားလုံး ဟုဆိုလိုက်လျှင် တစ်ချိန်ကရုပ်ရှင်ကြိုက်ပရိသတ်များ သိမှတ်မိကြမည်မဟုတ်ပါ။ သို့သော် ‘ရမ်ဘို’ ဟုဆိုလိုက်လျှင် (၁၉၉၀) ခေတ်ကာလကရုပ်ရှင်ကြိုက်ပရိသတ်များကောင်း ကောင်းသိကြမည်မှာသံသယပွားစရာမလိုပေ။ သူ့ခေတ်အခါက ၀င်ငွေအကောင်းဆုံးမင်းသားလည်းဖြစ်ခဲ့သကဲ့သို့ ၀င်ငွေအကောင်းဆုံးရုပ်ရှင်လည်းဖြစ်ခဲ့ကာ နောက်ပိုင်း၌ရုပ်ရှင်ရိုက်ကူးခြင်းကိုရပ်နားလိုက်ပြီးသာမန်ပြည်သူတစ်ဦး၏ဘ၀ဖြင့်မိသားစုနှင့်အတူနေထိုင်လျှက်ရှိသည်။ တစ်ချိန်က လျှမ်းလျှမ်တောက်အက်ရှင်မင်းသားကြီး ရမ်ဘို (ခ) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစုသည် မကြာခင်က ရဟန်းမင်းကြီးရှိရာ ဗာတီကန်သို့ရောက်ရှိလာပြီး ရဟန်းမင်း ကြီးဖရန်စစ်အားဂါရ၀ပြုနှုတ်ဆက်ခဲ့ကြသည်။ သူနှင့်အတူ သူ၏ဇနီး၊ သမီး (၃) ယောက်နှင့်အစ်ကိုဖြစ်သူလည်းပါလာခဲ့သည်။ ဆီလ်ဗက်စတယ်စတားလုံးသည် ကက်သလစ်တစ်ဦးဖြစ်သည်။ သူမိဘရင်းနှစ်ပါးသည် (၁၉၅၇) ၌ကွာရှင်းပြတ်စဲလမ်းခွဲခဲ့ကြသည်။ အသက် (၁၅)…

ဗာတီကန်၏ဆီးနော့ စိန်ခေါ်ချက်တရပ် သို့မဟုတ် အပြောင်းအလဲ ဖြစ်နိုင်

ဗာတီကန်၏ဆီးနော့ စိန်ခေါ်ချက်တရပ် သို့မဟုတ် အပြောင်းအလဲ ဖြစ်နိုင် ဆီးနော့ကိုကျင်းပရန်မှာရက်သတ္တပတ်အနည်းငယ်သာလိုတော့သည်။ အဆိုပါဆီးနော့ကို အောက်တိုဘာ (၄) မှ (၂၉) ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။ ဤဆီး နော့သို့ ကမ္ဘာတစ်၀ှမ်းမှ ဆရာတော်များ၊ သူတော် စင်များ၊ သာမန်ကက်သလစ်ဘာသာတူများပါ၀င်ကြမည်ဖြစ်သည်။ ဆီးနော့ကျင်းပမည့်နေရာမှာ ရောမမြို့၌ ဖြစ်သည်။ ဆွေးနွေးကြမည့်အကြောင်း အရာ၏အဓိကသော့ချက်ကား ‘ကက်သလစ်သာသနာအနေဖြင့်လက်ရှိမည်ကဲ့သို့ရပ်တည်နေသနည်း။ အနာဂတ်၌အ ဘယ်သို့လားရာပြောင်းသင့်သနည်း’ ဟူသည့်အချက်ဖြစ်ပါသည်။ ယခုဆွေးနွေးပွဲ၌ မဖြစ်မနေဆွေးနွေးရမည့်ခေါင်းစဉ်အချို့မှာ ပါ၀င်ဆွေးနွေးကြမည့်ကိုယ်စားလှယ်များအတွက် သက်တောင့်သက်သာမရှိလှသော၊ လက်မခံနိုင်သော၊ လုံး၀ပင်လက်မခံနိုင်သောအကြောင်းအ ရာများ၊ အတွေးအခေါ်အယူအဆများလည်းပါ၀င်လာမည်ဖြစ်သည်။ အတိုက်အခံများရှိလာနိုင်၍ ရဟန်းမင်း ကြီးဖရန်စစ်သည် သူ၏မွန်ဂိုးလီးယားမှအပြန်၌…

ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောတက်ကြွလှုပ်ရှားသူ လာမည့်မက္ကဆီကို၏သမ္မတရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည်

ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောတက်ကြွလှုပ်ရှားသူ လာမည့်မက္ကဆီကို၏သမ္မတရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည် သူ၏အမည်ကား Eduardo Verastegui ဖြစ်သည်။ ကိုယ်၀န်ဖျက်ချခြင်းကိုတိုက်ဖျက်သည့်အရေး၌တက်ကြွလှုပ်ရှားသူတို့၏အယုံအကြည်ခံရသူတစ်ဦးဖြစ်သည်။ သူသည် ရုပ်ရှင်သရုပ်လည်းဖြစ်သကဲ့သို့ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပြီးလာမည့်မက္ကဆီကိုနိုင်ငံ၏သမ္မတရွေးကောက်ပွဲ၌တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည်ဖြစ်ကြောင်း စက်တင်ဘာ (၇) ရက်နေ့က တရား၀င်အသိပေးပြောကြားလာသည်။ ယခုအခါ ကိုယ်စာလှယ်လောင်းတစ်ဦးအဖြစ်လျှောက်ထားမည့်လိုအပ်သောစာရွက်စာတမ်းများကိုစတင်စုဆောင်းနေပြီဖြစ်ကာ ယခုကဲ့သို့နိုင်ငံရေးနယ်ပယ်ထဲသို့၀င်ရောက်ရန်ဆုံးဖြတ်ချက်မှာသူ့အတွက်လွန်စွာကြီးမားသောဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သူသည် လာမည့် (ဇွန်လ ၂၊ ၂၀၂၄) ၌ကျင်းပမည့် မက္ကဆီကိုနိုင်ငံ၏သမ္မတရွေးကောက်ပွဲ၌၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သူသည် Viva Mexico အဖွဲ့ကိုတည်‌‌ထောင်သူလည်းဖြစ်သည်။ သူသည် နိုင်ငံအတွင်းအကျင့်ပျက်ခြစားမှုနှင့်လူ့အသက်ကိုနည်းလမ်းမျိုးစုံဖြင့်သတ်ဖြတ်နေမှုအားအပြစ်မပေးဘဲလွတ်မြောက်နေမှုတို့ကိုရုန်းကန်တိုက်ခိုက်နေသူတစ်ဦးဖြစ်သည်။ သူတည်ထောင်‌သောအဖွဲ့၏ရည်ရွယ်ချက်ကား လူ့အသက်၊ မိသားစု၊ အကာအကွယ်မဲ့ဖြစ်နေသောသူတို့ကိုကာကွယ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူသားများသည်ရောင်းကုန်သဖွယ်ကုန်ကူးခံနေရသည်။ သူသည်အသက်ကိုကယ်ရန်နှင့်ကိုယ်၀န်ဖျက်ချခြင်းကိုတစ်စိုက်မတ်မတ်ရပ်တည်တိုက်ပွဲ၀င်လာခဲ့သူဖြစ်သည်။ သူသည်သမ္မတထရမ့်၏အတွေးအခေါ်ကိုထောက်ခံသူဖြစ်သည်။…