ဖာသာရ်ဩဂတ်စတင်း တင်မောင်ထွန်း အာဒ်ဝင်းတူ ကာလ စတုတ္ထအပတ် တနင်္ဂနွေနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၀၊ ၂၀၂၀

ဘာသာရေး အမေးအဖြေကဏ္ဍ – အပိုင်း (၁၁) ဒီတစ်ပတ် ဘာသာရေး အမေးအဖြေကဏ္ဍ မှာ ”သငျအသစျတစျဖနျမှေးဖှားခွငျးရပွီးပွီလား ” ဆိုတဲ့အကြောင်းအရာကို Rev. Richard Hla Min Oo ကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ် ။ဒီအစဉ်အစဉ်ကို အပတ်စဉ် စနေနေ့ ည (7:00)နာရီ အချိန်တွင် ထုတ်လွှင့် ပေးသွားမှာဖြစ်ပါတယ် ။ရိုက်ကူး/တည်းဖြတ် – ပေါလ်
ဘင်ဂဲန်မြို့ သံဟီလ်ဒေဂါတ် (Saint Hildegard of Bingen) ဒီဇင်ဘာလ (၁၇) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် မွေး – (၁၀၉၈၊ စက်တင်ဘာလ၊ ၁၆)၊ ပျံလွန် – (၁၁၇၉၊ စက်တင်ဘာလ၊ ၁၇) ရက်နေ့ ယနေ့ပွဲနေ့ရှင်သည် ကိုယ်ရည်ကိုယ်သွေးများစွာပိုင်ဆိုင်ထား သူဖြစ်သည်။ သူသည်ရသေ့၊ ပန်းချီ၊ စာရေးသူ၊ သီချင်းစပ်သူ၊ ဝိညာဉ်ရေး ၌နက်ရှိုင်းစွာကျင့်ကြံအားထုတ်သူ၊ ကဗျာဆရာ၊ တရားဟောပြောသူ၊ ဓမ္မ အတွေးအခေါ်ပ ညာရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့်သူ့အကြောင်းပြော တော့မည်၊ ရေးတော့မည်ဆိုလျင် အဘယ်ချက်မှစတင်ရမည် ကိုအတော်…
အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့” စိတ်ဖိစိးမှု “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ သော်တရှင်များရှင် -ဖိစိးမှုဆိုတာလူတိုင်းမှာရှိသလိုလူတိုင်းလူတိုင်းကလည်းဖိစိးမှုဆိုတဲ့အရာကိုသူနည်းသူဟန်နဲ့လျော့ကျအောင်သူသူဌါဌါကြိုးစားနေကြတာဖြစ်ပါတယ်။ဘယ်သူမှာစိတ်ဖိစိးမှုဒဏ်ကိုမမွေးထားချင်းဘူး၊မထိန်းထားချင်ကြပါဘူး။ဒါပေမဲ့လည်းစိတ်ဖိစိးမှုဆိုတာတနေ့မဟုတ်တချိန်မှာတော့ရင်ဆိုင်တွေ့ကြုံ၊နေကြတာအမှန်ပါပဲ။အကြောင်းအရာအမျိုးမျိုးကြောင်းဒီခေတ်လူငယ်တွေမှာခေတ်နဲ့အညီစိတ်ဖိစိးမှုတွေဒုနဲ့ဒေးရှိနေတာအမှန်ပါပဲ။မိမိရဲ့လုပ်ငန်းတွေမှာအဆင်မပြေတာတွေ၊လူငယ်ဆက်ဆံရေးပြဿနာတွေ၊ချစ်တဲ့သူနဲ့ခွဲခွာရတဲ့အတွက်ခံစားရတဲ့ဖိစိးမှု၊ငွေရေးကြေးရေးဆုံရှုံးသွားရလို၊ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားလိုဖိစိးမှုတွေ၊မိသားစုအတွင်းအဆင်မပြေမှုတွေကြောင့်စိတ်ဖိစိးမှုတွေ၊ကျန်းမာရေးကိစ္စကြောင့်စိတ်ဖိစိးနေရတာ၊အလုပ်တွေဖိလိုအိပ်ရေးပျက်တာတွေနဲ့စိတ်ဖိစိးမှုစသည့်အခြားအကြောင်းအမျိုးမျိုးနဲ့ စိတ်ဖိစိးမှုတွေ၊ရင်ဆိုင်နေရတာသူသူဌါဌါပါဘဲ။ခုလောလောဆယ်ဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်19 ရောဂါပိုးကူးစက်ခံရတဲ့သူတွေနဲ့အတူမိသားစုတွေပါ စိတ်သောကတွေရောက်၊စိတ်ပိုင်းဆိုင်ရာဖိစိးမှုတွေကိုခံစားနေရမှာအမှန်ပါပဲ။အိပ်မရ၊စားမ၀င်စသည့်အကြာင်းအရာအမျိုးမျိုးတွေတွေးပြီးတော့စိတ်ဖိစိးမှုတွေဖြစ်နေကြပါတယ်။တချို့ကျတော့သူတပါးရဲ့မတရားညှင်းပန်နှိပ်စက်မှုတွေမတရားပြောဆိုမှုတွေကြောင့်စိတ်ဖိစိးမှုတွေနဲ့တွေ့ကြုံနေရတာတွေရှိသလိုဖိနှိပ်ခြင်း၊မာနလိုခြင်း၊အတ္တဆန်တဲ့သူတွေကျပြန်တော့စိတ်ဖိစိးမှုတွေများတက်ပါတယ်။ယခုခေတ် မှာရေပန်းစားနေတဲ့စိတ်ဖိစိးမှုခေါ်တဲ့ (stress ) ကို ပညာနည်းပါးသူ၊ပညာတက်သူ၊ဂုဏ်သရေရှိလူတန်းစား၊အခြေခံလူတန်းစားပါမကျန်ခေါ်ေ၀◌ါ်ပြောဆိုလာကြပြီးတော့အတော်လေးကိုအသုံးများလာတဲ့စကားလုံးဖြစ်ပါတယ်။အရင်ခေတ်ကဆိုစိတ်ညစ်တယ်လိုပြောမဲ့အစားခေတ်နဲ့အညီလူတိုင်းလိုလို အင်္ဂလိပ်စကားလုံးတွေကို အသုံးပြုတက်လာတဲ့အတွက်(stress)စိတ်ဖိစိးမှုလိုပြောတက်နေပါပြီ။ကျွန်မတို့တွေ့စိတ်ဖိစီးလာပြီးဆိုခေါင်းတွေရှုပ်ထွေးလာတယ်၊မွန်ကြပ်လာပြီးတော့ဘာလုပ်လိုဘာကိုင်းရမှန်မသိအောင်ဖြစ်လာပြီးပတ်၀န်းကျင်ကိုပါရှုပ်ထွေးစေ၊ဒေါသတွေလည်းဖြစ်ပေါ်လာတက်ပါတယ်။လောကမှာဘယ်လိုနေနေပျော် ရွှင်မှုတွေမရှိ၊ပျော်ရွှင်မှုဆိုတာမခံစားရတော့ နောက်တော့ရောဂါတွေနဲ့၀ိုင်း၀ိုင်းလည်းနေတော့တာပေါ့။ နောက်ဆုံးတော့မိမိရဲ့အသက်ကိုပါရန်ရှာဖို့အထိစဥ်းစားလုပ်ကိုင်လာကြတော့တာပေါ့။လူငယ်သော်တရှင်များအနေနဲ့ဤသို့ကြုံရလျှင်စိတ်ဖိစိးမှုတွေလျော့နည်းလာအောင်မိမိကိုဖြေသိမ့်ပေးမဲ့၊စိတ်ခွန်းအား ပေးမဲ့ရင်ဖွင့်စရာရင်ခွင့်တစ်စုံလိုအပ်နေပါပြီ။၁။မိမိရဲ့မိသားစု(သို့)မိခင်၊ဖခင်၊ညီအစ်ကိုမောင်နှမ၊အချစ်ဆုံးသူငယ်ချင်း၊မိမိယုံကြည့်ရတဲ့သူ့ကိုမိမိဘယ်လိုခံစားနေရတယ်ဆိုတာရင်ဖွင့်ပြောပြပါ။၂။တစ်ယောက်ထဲရှိတဲ့အချိန်တွေမှာအတွေးမများစေဖို့နှင့် မိမိ၀ါသနာပါတဲ့အလုပ်တွေကိုလုပ်နေပါ။၃။မိမိကိုယ်ကိုအရှိတိုင်းလက်ခံပေးပြီးချစ်ပေးပါ။လိုအပ်မယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာ၀န်တွေနဲ့တိုင်ပင်ဆွေးနွေးဖိုလည်းအကြုံပြုပါရစေ။အဲလိုမိမိလုပ်ဆောင်မယ်ဆိုရင် မိမိလည်းစိတ်ဖိစိးမှုရောဂါဆိုတာဖြစ်လာမှာမဟုတ်ပါ။ဒါကြောင်းမို့မိဘများလဲမိမိတို့ရဲသားသမီးခေတ်လူငယ်များကိုထိန်းသိမ်းစောင့်ရှာက်တဲ့အခါမတင်းလွန်း၊မလျော့လွန်တဲ့စောင့်ကြိုးများလိုဘဲခေတ်နဲ့အညီလိုက်လျောညီထွေးမှုရှိအောင်ထိန်ကျောင်းပေးသင့်ပါတယ်။လူငယ်မောင်မယ်များအနေနဲ့ခေတ်နဲ့အညီရင်ဘောင်တန်းပြီးအလုပ်လုပ်ရပင်မဲ့လည်းလူတိုင်းလူတိုင်းစိတ်ဖိစိးမှုနဲ့မကင်းနိုင်တွေ့ကြုံနေရမှာအမှန်ပါ။အဲလိုစိတ်ဖိစိးမှုတွေရှိနေတာငါတစ်ယောက်ထဲအဟုတ်ဘူးဆိုတဲ့ခံယူချက်ထားပြီးပညာရပ်တွေကိုသင်ယူပါ။အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားပါ။မိမိတို့ကိုးကွယ်ဆည်းကပ်တဲ့ဘုရားရှင်ထံအပ်နှံပူဇော်ပြီးကျေးဇူးခွန်းအား၊ဥာဏ်ပညာတွေတောင်းခံပြီးဘုရားရှင်ခြေတော်ရင်းမှာအပြည့်အ၀ခိုလှုံပြီး၊ယုံကြည်မှုနှင့်တောင်းခံပါ။ကြိုးစားပါ လိုတင်ပြရင် ချစ်သောလူငယ်မောင်မယ်များလည်းစိတ်ဖိစိးမှုများကို ဘုရားရှင်ရဲ့ ခွန်းအားနဲ့ချေဖျက်နိုင်တဲ့အနာဂတ်လူငယ်များဖြစ်ပါစေလိုဆန္ဒပြုရင်း ဒီတစ်ပတ်လူငယ်နှင့်စိတ်ဖိစိးမှုဆိုတဲ့ခေါင်းစဥ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင်ကြည်ရှုအားပေကြတဲ့ညီအစ်ကိုမောင်နှများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်။ကျွန်မကစစ္စတာရ် မေရီဒိမ်ပါ ရှင်။
ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် ကားတိုင်တော်၏ စိန့်ဂျွန် ဒီဇင်ဘာလ (၁၄) ရက် မွေး – (၁၅၄၂)၊ ပျံလွန် – (၁၅၉၀) ကားတိုင်၏စိန့်ဂျွန်အား (၁၅၄၂) ခုနှစ်၊ စပိန်နိုင်ငံ၊ အာဗီး လာမြို့ ၌မွေးဖွားခဲ့ပါသည်။ သူသည် (၁၅၆၃) ခုနှစ်တွင်၊ ကာမယ်လိုက် အ သင်းထဲသို့ဝင်ရောက်ခဲ့ပြီး၊ သူ၏ဆယ်ကျော်သက်ဘဝကိုခက်ခဲစွာကြိုးစားဖြတ်သန်းခဲ့ရပါသည်။ ရဟန်းသိက္ခာတော်ကိုခံယူရရှိပြီးနောက်များမကြာမည်တွင်အာဗီးလာမြို့မှစိန်ထရေးဇာနှင့်အတူလက်တွဲ ၍မိမိတို့၏ကာမယ် လိုက်အသင်း၏အ ခြေအနေကိုပြန် လည်မွမ်းမံထိန်း သိမ်းရန်အားထုတ် ကြိုးစားခဲ့ပါတော့ သည်။ ဤလုပ်ငန်း စဉ်သည်သူ့အားစိန် ခေါ် မူများစွာကြုံ တွေ့စေခဲ့ပါသည်။ ဝိညာဉ်ရေးအသက်တာနှင့်ဘုရားရှင်နှင့်…
သံဖရန်စစ်ဇေးဗီးယားသီလရှင် အသင်းဂိုဏ်းကိုတည်ထောင်သူ ဆရာတော်ကြီး Alexander Cardot ဂိုဏ်း၏ဖခင်ဆရာတော်ကြီး Alexander Cardot သည် ၁၈၅၇၊ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် ပြင်သစ်ပြည် Besabcon မြို့တွင် ဖွားမြင်ခဲ့သည်။ လောကီဆိုင်ရာပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် The Society of Foreign Missions in Paris (MEP) ပြင်သစ် အဝေးသာသနာပြုအဖွဲ့ အစည်းဂိုဏ်းဝင်ရဟန်းတစ်ပါးဖြစ်လာသည်။ ၁၈၇၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နေ့တွင် ရဟန်းသိက္ခာခံယူပြီး ၃ လကြာသောအခါ၊ ၁၈၇၉…
‘‘ပျော်စရာမွေးနေ့ (သို့မဟုတ်) ရှင်သန်ခွင့်’’ ရေးသူ – ဆရာတော် ဂျွန်စောယောဟန် မွေးနေ့ကို ပျော်စရာနေ့အဖြစ် ကျင်းပတဲ့အကြောင်းတွေကတော့ တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို ရရှိတာရယ်၊ ဘုရားသခင်ရဲ့ပုံစံတော်နဲ့တူတဲ့ဂုဏ်သိက္ခာရှိတာရယ်၊ လူ့အဖြစ်ကိုယူတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့အသက် သွေး ချွေးတွေနဲ့ ရင်းပြီး ကယ်တင်ခဲ့ရတဲ့တန်ဖိုးတွေကြောင့်ပါ။ ဒါပေမဲ့ မိခင်ဝမ်းထဲမှာ သန္ဓေစွဲတဲ့သူတိုင်း ရှင်သန်ခွင့်မရရှာပါဘူး။ တချို့ဆို တစ်လ နှစ်လ၊ တချို့ဆိုရင် မွေးဖွားခြင်း ခံရခါနီးဆဲဆဲမှာပဲ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ခံနေရပါတယ်။ ဒီလို မိခင်ရဲ့ဝမ်းထဲမှာ မညှာမတာ သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ‘‘မွေးနေ့မဲ့’’ကလေးတွေရဲ့ဘဝတွေ ကတော့…
မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး “စိန့် လူစီ (St. Lucy)” ဟိုး…..လွန်ခဲ့တဲ့ ၂၈၃ ခုနှစ်က “စစ္စလီ (Sicily)” ကျွန်းမှာရှိတဲ့ “စီးရာခီအူးစ် (Syracuse)” လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံရှိခဲ့တယ်။ သူတို့မှာ နောင်တစ်ချိန်မှာ “စစ္စလီ (Sicily)” ရဲ့အထင်ကရ ရဟန္တာဖြစ်လာမယ့် သမီးလေးရှိတယ်။ နာမည်က “လူစီ (Lucy)” တဲ့။ “လူစီ (Lucy)” ဆိုတဲ့ အဓိပ္ပါယ်က “အလင်း (Light)” တဲ့။ ဒီသမီးလေးဟာ သူမကိုပေးတဲ့နာမည်နဲ့လိုက်အောင် အနာဂါတ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ…
ကိုးကွယ်မှု့ဘာသာတရားများကိုလေ့လာဆည်းပူးစေချင် ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမျိုးနွယ်၀င် အသီးသီး စုပေါင်းနေထိုင် လေ့ရှိကြပါတယ်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အေးချမ်းစွာ အတူနေထိုင်ကြလေ့ရှိပါတယ်။ အချင်းချင်းဆက်သွယ်ရာတွင် ကြားခံအဖြစ်မရှိမဖြစ်သည့် ဘာသာစကားဆိုတာရှိကြသည်။ နေထိုင် ကျက်စားရာ ဒေသအလျောက် စားပုံသောက်ပုံရှိကြသည်။ ထုံးဓလေ့များရှိ ကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု့များ ရှိကြသည်။ တွေးခေါ်ယူဆပုံနှင့် ယုံကြည်မှု့များ ရှိကြလေသည်။ လွပ်လပ်သော တွေးခေါ်ယူဆပုံကြောင့် မတူညီသော ယုံကြည်မှု့များ ရှိလာကြလေသည်။ လွပ်လပ်စွာ တွေးခေါ်ယူဆခြင်းနှင့် မတူညီသော ယုံကြည်မှု့များကြောင့် သက်၀င်ကိုးကွယ်သည့် ဘာသာတရားများလည်း ရှိလာကြလေသည်။…