rvamyanmar

rvamyanmar

အမိမယ်တော်ရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်း

ဒီကနေ့မှာတော့ ” အမိမယ်တော်ရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်း ” အ​ကြောင်းကို တင်ဆက်ပေးထားပါတယ်။

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ ကြာသပတေးနေ့ သြဝါဒ ၈၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၈) ရက်၊ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်ပွဲ လူ့သမိုင်းအစကနဦးမှာကတည်းက ကျွန်စနစ်ရှိ ခဲ့ဖူးတယ်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲတွေတိုက်ကြလို့ အရေးနိမ့်ပြီး ရှုံးသွား တဲ့နိုင်ငံကို အကျဉ်းသမားအဖြစ်၊ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိတယ်။ လူကို လူလို့ မမြင်ဘဲ အဆင့်နိမ့်တဲ့ အစေခံ၊ ခိုင်းဖက် ရိုင်းရိုင်း ပြောရ ရင် ကျွန်အဖြစ် သွပ်သွင်းလိုက်ကြတာပဲ။ လူတွေကို ကျွန်အဖြစ် ရောင်းကြ၊ ဝယ်ကြ၊ အလဲလှယ် လုပ် ကြနဲ့ သက်မဲ့ရုပ်ကလေးတွေလို ကြိုးဆွဲရာ ကကြရတဲ့ဘဝတွေ။ အရုပ်ကမှ တော်သေးတယ်၊ ကြည့်ပျော်…

သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲ

Prepare ဒီနေ့မှာ သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ ကျွန်မ ဖတ်ဖူးတဲ့ ပညာပေးစာအုပ်မှာ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Max Jude ဆိုသူက ၁၈၈၄ ခုနှစ်မှာ သူ့ရဲ့ ဆွေစဉ်မျိုးဆက် လေးဆက်တိတိကို မှတ်တမ်းတင်ရေးထားတာကို တွေ့ရ ပါတယ်။ သူ့ဆွေမျိုးထဲက ၅၂.၄% မိန်းကလေးတွေက ခန္ဓာကိုယ်ရောင်းစားတဲ့ အလုပ်နဲ့ အသက် မွေးမြူကြတယ်။ အယောက် ၃၀၀ ကတော့ အသက် ၃၀ နှစ်မတိုင်မီ သေဆုံးကြတယ်။ ၁၈၂ ယောက်ကတော့ အရက်စွဲတဲ့…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ ဗုဒ္ဓဟူးနေ့ သြဝါဒ ၇၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၇) ရက် ၊ ဗုဒ္ဓဟူးနေ့  လတ်တလော ကြုံတွေ့နေရတဲ့ ကပ်ဆိုးတွေ၊ နိုင်ငံရေးအဆင်မပြေမှုတွေကြောင့် လူတွေလည်း ပင်ပမ်း နွမ်းနယ်လွန်း လှပါပြီ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီအတွက် ရုန်းကန်ရင်း ပေးဆပ်လိုက်ရတဲ့ အပြစ်မဲ့တဲ့ ဘဝတွေကိုကြည့်ပြီး ရင်ထဲ မချိဆန့် မအောင်ပါပဲ။ ဘ၀ ဘ၀ ရှင်သန်နေရတာ ပင်ပမ်းလိုက်တာပါလားလို့ တွေးမိရင်း နွမ်းနယ်နေတဲ့ ဘဝတွေကို ကိုယ်ချင်းစာမိပါတယ်။ နေ့စဉ်ဘဝမှာ ထမ်းနေရတဲ့ ဘဝရဲ့ ဝန်ထုပ်က တကယ်ပဲ လေးလံစေပါတယ်။ နိုင်ရာဝန် ကို ထမ်းရုံတင်မက မနိုင်တဲ့…

အာသာရ် Paul သက်ခိုင်(မန္တလေး) အဒ်ဝင်တူးကာလဒုတိယ အင်္ဂါနေ့ ဩဝါဒ ၆၊ ၁၂၊ ၂၀၂၂

အာဒ်ဝင်တူး ကာလဒုတိယ အင်္ဂါနေ့(ရှင်မာ‌တေဦး ဧဝံ‌‌ဂေလီကျမ်း ၁၈း၁၂-၁၄  ချစ်လှစွာသောညီကိုမောင်နှမအပေါင်တို့ ဤယနေ့ဟာ အာဒ်ဝင်တူးဒုတိယပတ်ရဲ့ အင်္ဂါနေ့ဖြစ်ပါတယ်။ ဤယနေ့ ဖတ်ရတဲ့ ဧဝံဂေလိအသက်‌ပေးနှုတ်ကပါဌ်တော်မြတ်မှာပျောက်သောသိုးဥပမာကိုတွေ့ရှိရပါတယ်။ ပျောက်သောသိုး များကိုပြန်ရှာဖွေစေရန်ခမည်းတော်ဘုရားကအလိုရှိပါတယ်။ ဒါ့ကြောင့်သူ့ရဲ့တစ်ပါးတည်းသောသားတော်ယေဇူး ဘုရားကိုလောကသို့စစ်လွှတ်ပြီးလမ်းလွှဲပျောက်ဆုံးနေ သောသိုးများကိုပြန်ရှာဖွေစေပါတယ်။ ဒါကြောင့်သားတော် ယေဇူးဘုရားဤလောကသို့ဆင်ကြွလာရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပျောက်ဆုံးနေသောသိုးများကိုပြန်ရှာဖွေ ရန်အတွက်ကျမ်းစာထဲမှာဖော်ပြထားတဲ့သိုးထိန်းကသိုးအကောင်တစ်ရာရှိတဲ့အထဲကနေတကောင်လမ်းလွဲပျောက်ဆုံး သွားတဲ့အခါထိုသို့ထိန်းကာကျန် ၉၉ ကောင်ကိုဘေးကင်းရာမှာထားခဲ့ပြီးတော့ပျောက်သွားတယ်သိုးတကောင်ကိုမ တွေ့မချင်းကြိုးစားရှာဖွကြောင်းနှင့်ထိုပျောက်သောသို့ကိပြန်တွေ့တဲ့အခါရိုက်နဲ့ဒဏ်ပေးမှုမပြုပဲထိုသိုးငယ်ကိုထိန်းက ပခုံးထက်မှာတင်ပြီးဝမ်းမြောက်ဝမ်းသာသယ်ဆောင်လာပြီးမူလသို့အုပ်ထဲသို့ပြန်ထည့်ပေးကြောင်းတွေ့ရှိရပါတယ်။ ညီအကိုမောင်နှမအပေါင်းတို့သိုးထိန်းကသင်္ချာမတွက်တတ်လို့၉၉ ကောင်ကိုထားခဲ့ပြီးတစ်ကောင်ကိုမရ ရအောင်ပြန် ရှာတာမဟုတ်ပါဘူး။ တကောင်ချင်းစီကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာသိစေချင်းလို့ပါ။ ကျွန်ုပ်တို့မှာလက် ချောင်းဆယ်ချောင်းရှိရာကနေဘယ်အချောင်းကိုမှအပျက်စီးမခံချင်ပဲ။ လက်ချောင်းတစ်ချောင်းဆီကိုတန်ဖိုးထားတတ် သလို ကမ္ဘာပေါ်မှာလူဦးရေသန်း‌ပေါင်းများစွာရှိသော်လည်းပဲမည်သူဦးတယောက်ကိုမှဆုံးရှုံးမခံဘဲတန်ဘိုးထားပြီးဘုရား သခင်ကချစ်ပေးပါတယ်။ ညီအကိုမောင်နှမအပေါင်းတို့ပင်ယနေ့ကျမ်းစာထဲကအဖြစ်အပျက်အားဖြင့်သိလိုက်ရတာက တော့ကျနော်တို့တစ်ဦးချင်းစီဟာဘုရားသခင်ရဲ့ရှေ့မောက်တော့မှာတန် ဖိုးကြီးမြတ်တယ်ဆိုတဲ့အကြောင်း နှင့်…