rvamyanmar

rvamyanmar

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလသတ္တမသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၁၉၊ ၂၊ ၂၀၂၃

သာမန်ကာလသတ္တမတနင်္ဂနွေနေ့ ရှင်မာတေဦး ၅:၃၈-၄၈   ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ထွက်မြောက်ရာကျမ်း ၂၁:၂၄ မှာ “မျက်စီအစားမျက်စီ၊ သွားအစားသွား” ဆိုတဲ့ဆိုရှိးစာကားရှိခဲ့တာက တရားသူကြီးတွေပြစ်မှုတခုခုကို စီရင်ချက်ချအပြစ်ဒဏ်ပးတာဟာမျှတမှုရှိအောင်စီစဉ်ထား ခဲ့တဲ့ စကားဖြစ်ပါတယ်။ မျက်စီအစားမျက်စီပဲပြန်လျှောကြေးတာင်းပါ။ ဒီထက်ပို့ပြီးပြန်မလုပ်ကြပါနဲ့လို့ကန်သတ်ထား တာပါ။ အချို့က “မျက်စီအစားမျက်စီ၊ သွားအစားသွား” ဆိုတဲ့ စကားကိုလက်စားချဖို့သုံးလာကြာတာတွ့ရပါတယ်။ မင်းငါကိုလုပ်ခဲ့တဲ့အတိုင်းငါပြန်လုပ်တာနော် ဆိုပြီး ကိုယ်အမှာမမှားသယောင်‌ပြေားတက်တယ်။ ဒါကိုသခင်ယေဇူးက မလိုလာလို့လက်စားချေတာ၊ ဂလဲ့စားချေတာတွေကိုပြန်မလုပ်ပဲသင်၏ပါးတစ်ဖက်ကိုသူတပါးကရှိက်ရင်ကျန်ပါးတစ် ဖက်ကိုပါလှည့်ပေးလိုက်ပါအုံးအထိသီခံခွင့်လွတ်စိတ်ရှည်ဖို့သင်ပေးပါတယ်။ အခုလို့ပြေားလိုက်လို့မတရားမှုကိုခေါင်း ငုံခံရမယ်လို့စိတ်ကူမလွဲ့ပါနဲ့ သခင်ယေဇူးလည်းပါရိုက်ခံရတဲ့အခါကျန်းပါးတစ်ဖက်ကိုလှည့်မပးခဲ့ပါဘူး။ ရှင်ယောဟန် ၁၈:၂၂ မှာ ရဟန်အကြီအကဲ့ ရှေ့သခင်ယေဇူးကို စစ်ဆေးနေချိန်အစောင့်တစ်ယောက်က သခင်ယေဇူးရဲ့ ပါးကိုရိုက်တဲ့…

လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်

Expect             ဒီနေ့မှာ relationship တစ်ခုတည်ဆောက်တဲ့ခါမှာ လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးသွားချင်ပါတယ်။             ပရိသတ်ကြီးရှင့်             ပုထုဇဉ်လူသားတိုင်း ကိုယ်ချစ်တဲ့သူဆီကနေ ပြန်ရနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ ဘဝခရီးကို သွားနေကြတဲ့သူချည်းပါပဲ။ ဥပမာ- သားသမီးကလည်း မိဘဆီကနေ နားလည်ပေးနိုင်မှုတွေ လိုအပ်ချက်တွေ ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်သလို မိဘကလည်း မိမိမျှော်လင့်ချက်ပေါင်းများစွာ သားသမီးထဲကနေ ရနိုင်မလား။             ချစ်ကြသူအချင်းချင်းလည်း မိမိပေးလိုက်တဲ့ ချစ်မေတ္တာတွေ တဖက်လူဆီကနေ ပေးသလောက်ပြန်ရနိုင်မလား။             ဌာနတစ်ခုဆိုရင်လည်း အထက်လူကြီး Boss က…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၅၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ ခရစ်တော်နဲ့ တပည့်တော်ကြီးတွေက ဘက်ဇိုင်းဒါးရွာကလေးကို ရောက်ရှိလာကြပါ တယ်။ မျက်မမြင်တစ်ဦးကို လူတချို့က ခရစ်တော်ထံ ခေါ်လာကြတယ်။ အရင်တုန်းက မျက်မမြင်ဆိုရင် ဒဏ်ခတ်ခံသလို မျိုး သတ်မှတ်ခဲ့ကြတယ်။ ဒီလိုမျက်မမြင်တစ်ဦးကို သူ့ရဲ့မိတ်ဆွေတွေက ယေဇူးဘုရားဆီ ခေါ်ဆောင်လာကြတယ်။ မိတ် ဆွေကောင်းတွေရဲ့ ယုံကြည်ခြင်း ကူညီခြင်းတွေက မျက်မမြင်တစ်ယောက်အတွက် ခရစ်တော်ရဲ့ ကုသခြင်းရရှိစေဖို့  အထောက်အပံ့ဖြစ်လာခဲ့တယ်။ မျက်မမြင်ကို ကုသပေးတဲ့နေရာမှာ ဗြုန်းစားကြီး ချက်ချင်းပျောက်သွားတာမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ကုသပျောက်ကင်းလာတာကို တွေ့ရတယ်။ မျက်မမြင်ရဲ့ မျက်လုံးတွေကို တို့ထိပြီး…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း အင်္ဂါနေ့ သြဝါဒ ၁၄၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ၊ အင်္ဂါနေ့ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ကတော့ မနေ့က ကြားနာခဲ့ရတဲ့ ကျမ်းစကားရဲ့ အဆက်ပဲဖြစ်ပါတယ်။ မနေ့က ဖာရီဇေဦး တွေက သံသယစိတ်တွေနဲ့ ခရစ်တော်ဆီက နိမိတ်လက္ခဏာကိုတောင်းခဲ့ပါတယ်။ ဒါကြောင့် ခရစ်တော်က ဒီနေ့မှာ အဲ့လို မယုံကြည်တဲ့ ဖာရီဇေဦးတွေရဲ့ တစေးနဲ့တူတဲ့ စိတ်သဘောထားမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးဆုံးမတာ ကို တွေ့ရပါ တယ်။ တပည့်တော်ကြီးတွေက စားစရာ ယူလာဖို့မေ့သွားခဲ့ပါတယ်။ ရှိတဲ့ ပေါင်မုန့်လေးတစ်ခုကို သူတို့စားဖို့ ပေးရင်း ဖာရီဇေဦးတွေရဲ့ တစေးကို သတိထားပါလို့ မှာကြားတယ်။ သခင်ယေဇူး…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း တနင်္လာနေ့ သြဝါဒ ၁၃၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၃) ရက်၊ တနင်္လာနေ့ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာကတော့ ရှင်မာကုကျမ်း ၈း ၁၁ -၁၃ မှ ကောက်နှုတ်ထားပါတယ်။ ဖာရီဇေဦးတွေက ခရစ်တော်ဘုရားရှင်ကို နိမိတ်လက္ခဏာတောင်းဆိုတဲ့အကြောင်းကို ကြားရတယ်။ ခရစ်တော် ဘုရား မပေါ်မီ လူတွေ မျှော်လင့်ထားတာက ကယ်တင်ရှင်ဟာ ထူးထူးခြားခြား အံ့ဖွယ်တန်ခိုးတွေပြုပြီး ဘုန်း အရှိန်အဝါတွေနဲ့ တခမ်းတနားဆင်းကြွလာလိမ့်မယ်လို့ တွေးထင်ထားကြတယ်။ တကယ်တော့ ခရစ်တော်က  တခမ်းတနား မကြွလာပေမဲ့ တထူးတခြား အံ့ဖွယ်လက္ခဏာတွေကို ပြုလုပ်နေခဲ့ပါတယ်။ လူနာတွေကုသပေး တယ်။ မျက်မမြင်က အလင်းပြန်ရတယ်။ ခြေမသန်စွမ်းသူက လမ်းပြန်လျှောက်နိုင်တယ်။…