
ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) ဝါတွင်းကာလစတုတ္ထသီတင်းပတ် ကြာသပတေးနေ့ သြဝါဒ ၂၃၊ ၃၊ ၂၀၂၃


Communicate ဒီနေ့မှာ လက်ထပ်ပြီးတဲ့ လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်တွေရော relationship တစ်ခုကို ထူထောင်ထားတဲ့ စုံတွေတွေပါ အချင်းချင်း ဆက်သွယ်မှုတွေက မသိလိုက် မသိဖာသာပေမယ့် အင်မတန်မှ ကြီးကျယ်ပြီး အရေးပါတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ ဒီဆက်သွယ်မှုမှာ တစ်ဦးနဲ့တစ်ဦး အထင်အမြင်မှားယွင်းမှုက တစ်ခုတည်းသော အကြီး ကျယ်ဆုံးပြဿနာဆိုရင် မှားမယ်မထင်ပါဘူး။ အမှန်တရားဘက်ကနေ သွေဖယ်သွားနိုင်တဲ့ problem တစ်ခုပါပဲ။ Communication is the key to human commotion လို့ ပညာရှိတွေကဆိုခဲ့ကြပါတယ်။…

ဝါတွင်းကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ (ရှင်ယောဟန် ၅း ၁၇- ၃၀) ရစ်တော်၌ချစ်လုစွာသောညီကိုမောင်နှမအပေါင်းတို့ ဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ဟာ ထာဝရခမည်းတော်ဘုရားနဲ့ တန်းတူတန်ခိုးအာဏာရှိကြောင်း မိမိအားစွပ်စွဲပြောဆိုသူများကိုချေပပြောဆိုတဲ့အ ကြောင်းကြာရတယ်။ သခင်ခရစ်တော်ဟာ ဥပုသ်နေ့၌ကုသခြက်းတွေပြုလုပ်တဲ့အတွက် အပြစ်ရှိသူ၊ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့နေ့ကိုချိုးဖေါက်သူအဖြစ်စွပ်စွဲခံခဲ့ရတယ်။ ယနေ့အချိန်မှာလည်း သခင်ခရစ်တော်ဟာ ဘုရားမဟုတ် ဘုရားသခင်စေလွှတ်လိုက်တဲ့ပရောဖတ်တပါးသာဖြစ်တယ် လို့ပြောဆိုနေကြတယ်။ ယေဘူယျအားဖြင့်သခင်ခရစ်တော်ရဲ့ ခုခံပြောဆိုမှုက သဟာဘုရားသခင်နဲ့ လူအကြားက ကြား ဝင်ဖြန်ဖြေသူအဖြစ်၎င်း၊ သူနဲ့ခမည်းတော်ဘုရားရဲ့ကြားမှာနားလည်မှုအပြည့်အဝရှိကြောင်းဖြစ်တယ်။ ဒါပေမယ့်သူဟာ ခမည်းတော်ဘုရားကိုအပြည့်အဝနာခံသူဖြစ်ကြောင်း၊ ခမည်းတော်ဘုရားရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်ပြီးမည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်ကြောင်းကိုလည်းပြောဆိုခဲ့တယ်။ ခရစ်တော်ဟာ ခမည်းတော်ဘုရားနဲ့တူညီစွာဘုရားဖြစ်တယ်ဆိုတာကို တနည်းအားဖြင့် သူရဲ့ဘုရားဇာတိအဖြစ်တော်ကို သက်သေပြခဲ့တယ်။ ဥပမာအားဖြင့် အပြစ်ခွင့်လွတ်ခြင်း၊…






