
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၈ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၅၊ ၁၀၊ ၂၀၂၃

သာမန်ကာလ (၂၈)ကြိမ်မြောက်တနင်္ဂနွေနေ့ ရှင်မာတေဦး ၂၂း၁ – ၁၄ကောင်းကင်ဘုံကို စိတ်ဝင်စားရဲ့လား။ တစ်နေ့ ကောင်းကင်ဘုံကို ရောက်မယ်လို့မျှော်လင့်ရဲ့လား။ လူအများစုက ကောင်းကင်ဘုံကို စိတ်မဝင်စားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ ရှာနေကြတာက လောကနိဗ္ဗာန်ပါပဲ။ လောကထဲမှာ နေထိုင်ရင်း ကောင်းကင်ဘုံကိုအကြိုခံစားမိချင်ရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရမယ်။ လောဘ ဒေါသ မနာလိုခြင်းတွေကင်းရမယ်။ စည်းလုံးညီညွတ်ကြရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ရမယ်။ ယနေ့ ဖတ်ရတဲ့ပထမကျမ်းစာ ဟေရှာယ ၂၅ ထဲမှာ ဘုရားသခင်က ကောင်းကင်ဘုံကို စားသောက်ပွဲကြီးတစ်ခုလိုပုံဖော်ထားပါတယ်။ စားသောက်ပွဲဆိုတာက ချစ်လို့ စုရုံးလာကြတယ်၊ ညီညွတ်စည်းလုံးလို့အတူလာစုကြတယ်။ ဝမ်းမြောက်ဝမ်းသာကြလို့…








