++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++

++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++ အမိအသင်းတော်သည်၊ သခင်ယေဇူး၏ကယ်တင်ခြင်းလုပ်ငန်းစဉ်အတွက်၊ အရေးကြီး သောအ ချိန်ကာလတစ်ခုဖြစ်သည့်၊ ပါစကားပွဲတော်ကိုကျင်းပရန်၊ ဂျေရူးစလင်မြို့တွင်းသို့၀င်ရောက်ခြင်းပွဲကိုအမှတ်ရကျင်းပပါ သည်။ ထို့ပွဲတော်ကို မေတ္တာပန်းပွဲတနင်္ဂနွေ (သို့) သန့်ရှင်းသောရက်တ္တပတ်ဟုလည်းခေါ်ပါသည်။ သခင်ယေဇူးဂျေရူးစလင်သို့ကြွ သွားခြင်းမှာ၊ ပါစကားပွဲတော်ဆိုင်ရာ၊ ဘာသာရေး၀တ်တရားကိုဖြည့်ဆည်းရန်ဖြစ်ပါသည် #အဘယ်ကြောင့်ဂျေရူးစလင်သွားရသနည်း။ ဂျူးအမျိုးသားများသည်၊ ၄င်းတို့၏ဘာသာရေးဥပဒေအရ၊ အသက် (၁၂) ပြည့်ပြီးသည်နှင့်၊ ဂျေရူးစလင် ဘုရားကျောင်းဗိမာန်သို့၊ တစ်နှစ်လျှင် (၃) ကြိမ်မဖြစ်မနေသွားရောက်၍၊ သတ်မှတ်ထားသောဘာသာရေး၀တ္တရားများကိုဖြည့်ဆည်းရပါ သည်။ ပျက်ကွက်ပါက၊ ကြီးမားသောဘာသာရေး၀တ္တရားကိုပျက်ကွက်သူဖြစ်ပါသည်။ ဂျေရူးစလင်သို့မဖြစ် မနေသွားရောက်၍၊ ဘာသာရေးသတ္တရားဖြည့်ဆည်းရန်သတ်မှတ်ထား သောပွဲတော်…