
ဖာသာရ် Paul သက်ခိုင်(မန္တလေး) အဒ်ဝင်တူးကာလဒုတိယ တနင်္ဂနွေနေ့ သြဝါဒ ၄၊ ၁၂၊ ၂၀၂၂





ဒီကနေ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ပတ်သက်လာရင်သူ့ဘက် အပြစ်နဲ့ပတ်သက်လာရင် ကိုယ့်ဘက် ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးထားပါတယ်။


နိုဝင်ဘာလ ၃၀ တပည့်တော်ကြီးစိန့်အန်နြူးပွဲနေး ရှင်မာတေဦး ၄:၁၈-၂၂ ယနေ့ဖတ်ရတဲ့အကျမ်းစာထဲမှာသခင်ယေဇူးကာတံငါသည်တွေဖြစ်တဲ့ ပေတရူးနဲ့အန်နြူးညီအစ်ကိုနှစ်ယောင် နောက်ညီ့ကိုနှစ်ယောက်ဖြစ်တဲ့ယာကုပ်နဲ့ ယောဟန်တို့ကိုသူ့နောက်တော်သို့လိုက်ဖို့ခေါ်တော်မူပါတယ်။ ယေဇူး ဘုရားရှင်ရဲ့တရားတော်တွေကိုတစ်ကမ္ဘာလုံးအတွက်တရားဟောဖို့အခုလိုပညာမတတ်ဆင်းရဲတဲ့တံငါတည်းတွေ ကိုခေါ်မှုတာအလုပ်ဖြစ်ဖြစ်ပါမလား။ ဘုရားသခင်ရဲ့တရားတော်တွေကိုဆည်းကပ်နိုင်ဖို့ တရားဒေသနာတွေ ဟောကြာနိုင်ဖို့ဆိုတာကိုယ့်ပညာအစွမ်းနှင့်မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်၊ ဝိညာဉ်တော်တန်ခိုးနှင့် အမှီပြုပြီးတရားကိုဟောကြာမှသာလူတွေပြောင်းလဲနိုင်ကြတာပါ။ ကိုယ့်အစွမ်းအရည်အချင်းကိုအားကိုးပြီးတရား ဒေသနာဟောကြရင်ကြားနာရတဲ့သူတွေလည်းဗဟုသုတရှိရုံပဲရှိပါလိမ့်မယ်။ ဝိညာဉ်ရေးမှာပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါ့အပြင်တပည့်တော်ကြီးယုဒလို ငွေရေးကြေးရေးအလွဲသုံးစားလုပ်တက်သူ၊ ကိုယ့်အရှင်သခင်ကိုသစ္စာဖောက်သူ ကိုယ့်လည်း သခင်ယေဇူးကာရွေးကောက်ခဲ့ပါပဲ။ ဒါဟာအရွေးမှာာသွားတာဟုတ်ပါဘူး။ ဘုရားကလူကိုအထင်ကြီး ခဲ့တာပါ။ ဘုရားကလူရဲ့ ကြိုက်တာလုပ်တတ်တဲ့အခွင့်အလမ်းကိုလည်း လေးစားတာပါ။ ဒါပေမယ့်ဘုရားကတော့ အရာအားလုံးကိုစိုးပိုင်တော်မူပါတယ်၊ သိမြင်တော်မူပါတယ်။ ဒါကြောင့်လည်းပဲသံပေတရူးကကြက်မတွန်ခင်သုံ းချိန်ငြင်းပယ်လိမ့်မယ်လို့သခင်ကျေးဇူးကကြိုးတင်တဲ့အတိုင်းတကယ်ဖြစ်လာတာပါဘဲ။ သံပေတရူးဟာလက် ဝါးကားတိုင်မှာအသတ်ခံရမယ်လို့ကြိုတင်မိန့်တော်မူတဲ့အတိုင်းတကယ်ဖြစ်လာတာပါဘဲ။ ဒါတွေကိုကြည့်ခြင်းအား ဖြင့်ဘုရားသခင်ကိုယ့်ဘဝကိုအရာ…
ဒီကနေ့မှာတော့ တမန်တော်ကြီးရှင်အင်ဒရူးရဲ့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

အာဒ်ဝင်တူးကာလပထမ အင်္ဂါနေ့ ရှင်လုကာ ၁၀:၂၁-၂၄ ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ဘုရားသခင်ကပညာတတ်တဲ့သူတွေ၊ ချမ်းသာတဲ့သူတွေကိုပဲကောင်းကျိုး တွေပေးထားတယ်လို့ထင်ချင်ထင်ကြပါလိမ့်မယ်။ ယနေ့ကျမ်းစာတဲ့ယေဇူးးဘုရားရှင်ကကောင်းနေကျေးဇူးတော်တွေ အမှတ်တရတွေကိုပညာတတ်တွေမသိနားမလည်ခံစားစေမိဘဲသိမ်ငယ်တဲ့သူတွေကိုနားလည်ခံစားမိစေဖို့အဖခမည် းတော်ဘုရားကိုကျေးဇူးတင်ပါတယ်။ ဘုရားသခင်ဆီကိုချဉ်းကပ်နိုင်ဖို့ပညာတက်စရာမလိုပါဘူး၊ ချမ်းသာကြွယ်ဝစ ရာလည်းမလိုပါဘူး။ ကလေးသူငယ်တွေလို ယုံကြည်စိတ်ချထားရင်လုံလောက်ပြီ။ ကောင်းကင်နဲ့ဆိုင်တဲ့မှန်တရားတွေ ကိုပညာတတ်တွေထံမှထိန်းထားပါတယ်။ မသိနိုင်မ့ခံစာတက်အောင်ထားတယ်။ ကလေးတွေကိုခံစားမိစေတယ်ဆိုတာ ဘယ်လိုအချက်တွေလဲ။ ပညာတက်တွေချမ်းသာတဲ့သူတွေအပေါ်ပျော်ရွှင်နိုင်ကြတယ်။ ရိုးသားတဲ့ကလေးသူငယ်တွေ ကျတော့ပျော်ရွှင် နိုင်ရုံတင်မကဘူး ကြည်နူးနိုင်ကြောင့်ပါတယ်။ ပညာတတ်တွေ၊ ချမ်းသာသူတွေကတော့ဘုရားတရား အကြောင်းကိုကြားရရင်အလွယ်တကူနဲ့မယုံကြည်နိုင်ကြပါဘူး။ ရိုးသားတဲ့ကလေးသူငယ်တွေကြတော့ဘုရားတရား အကြောင်းကိုသင်ပေးရင်ချက်ချင်းယုံကြည်ကြတယ်။ ထားဝရကောင်းကင်ဘုံကိုမျှော်လင့်ကြတယ်။ ယေဇူးဘုရားရှင် လက်ထက်တော်ကရှိခဲ့ကြတဲ့တပည့်တော်ကြီးတွေလူတွေကသိပ်ကံကောင်းကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားတော် ယေဇူးဘုရားကိုမျက်မြင်ကိုယ်တွေ့ရှိခဲ့ကြတယ်။ သေတဲ့သူတွေပြန်ရှင်စေခဲ့တာတွေ့ကိုမြင်တွေ့ခဲ့ကြတယ်။ ဒါတွေကိုယေဇူး ဘုရားရှိမတိုက်ခင်ကရှေ့ပရောဖက်တွေ၊ ရှေ့ဘုရင်တွေ၊…

အာဒ်ဝင်တူးကာလ ပထမတက်နင်းလာနေ့ ရှင်မာတေဦး ၈:၅-၁၁ ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ဘုရားသခင်ဆိုတာအားလုံးကိုသိမြင်တော်မူပါတယ်။ ကျမ်းစာထဲမှာ ယေဇူးဘုရားရှင်ကိုယ်တိုင်အံ့ဩသင်ခဲ့တဲ့အဖြစ်ပျက်နှစ်ခုကိုတွေ့ရပါတယ်။ ပထမအဖြစ်ပျက်တစ်ခုကတော့ ယေဇူးဘုရားရှင်ရဲ့နေရင်မြို့နာဇရက်မြို့ကလူတွေကယေဇူးဘုရားရှင်ကိုမယုံကြည်ကြလို့အံ့ဩသခဲ့တယ်။ ယခုပတ်တဲ့ကျမ်းစာမှာလည်း ဘာသာပဖြစ်တဲ့လူတရာတပ်မှူးကဘာသာပလဲဖြစ်သေးတယ်။ အားနာလည်းရှိ သေးတယ်ဒါတောင်ယေဇူးဘုရားရှင်ကိုယုံကြည်နိုင်သေးတယ်။ အာဏာရှိရဲ့သားနဲ့နှိမ့်ချနိုင်သေးတယ်။ “တပည့် တော်ရဲ့အိမ်မိုးအောက်သို့ကိုယ့်တော်ရှင်ကြွဝင်လာမှာကို တည့်တော်မထိုက်တန်ပါဘူး”တဲ့။ အာဏာရှိတဲ့သူတွေ က ပိုက်ဆံချမ်းသာတဲ့သူတွေကနှိပ်ချဖို့ခဲယဉ်းလှပါတယ်။ အာဏာရှိပြီးနှိမ့်ချတဲ့လူဆိုလို့မရှိသလောက်အောင် ထိရှားပါတယ်။ ဒါကြောင့်ယေဇူးဘုရားရှင်မိန့်တော်မူထားတာက “ကုလားအုပ်ကအပ်ပေါက်ထဲကိုသူ့ခေါင်းရှိုလို့ရ ချင်ရမယ်။ သူဋ္ဌေးများကောင်းကင်ဘုံရောက်ဖို့ခဲယဉ်းလှပေတယ်လို့ “ဆိုထားပါတယ်။ ယေဇူးဘုရားရှင်ငယ်ငယ် လေးကတည်းကနေလာတဲ့နာဇရက်မြို့။ ဒီမြို့ကလူတွေကလည်းယေဇူးဘုရားရှင်ကိုသိကြပြီးသားပါဘဲ။ သူကလက်သမားသာမဟုတ်လားဒီအတတ်ပညာတွေကိုဘယ်ကတက်လာတာလဲဆိုပြီးယေဇူးဘုရားရှင်ကိုအထင် မကြီးကြဘူး မလေးစားကြဘူး။ မိမိတို့ကိုယ်တိုင်ကိုယ်ယေဇူးးဘုရားရှင်ရှေ့မှာမနှိမ့်ချကြဘူး။ အဲဒါကြောင့်ယေဇူး ဘုရားရှင်ကသူတို့မယုံကြည်နိုင်ကြတာကိုအံ့ဩတော်မူပါတယ်။ အခုလိုအာဒ်ဝင်တူးကာလမှာယေဇူးဘုရားရှင်ကို လက်ခံကြိုဆိုနိုင်ဖို့က သင်စိတ်နှိပ်ချဖို့ကအရေးကြီးပါတယ်။ လူတရာတပ်မှူးလိုကိုယ်တော်ဝင်လာမှာကိုလက်ခံဖို့ တပည့်တော်ကမထိုက်တန်ပါဘူးလို့ပါလို့နှိမ့်ချပါ။…