St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်)

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်) #23 April 2021 စိန့်ဂျော့သည် ဒေအိုကလေရှား လက်ထက်၌ ဒီအိုပိုလစ်၊ ပါလက်စတိုင်းနိုင်ငံ၌ တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ကိုးကွယ်ယုံကြည်ခြင်းသည် ရှေးကျလှသည်။ ဂါလီလေအိုင်အရှေ့ဘက် ထရာခေါနီခရိုင်၌ တရားဟောခဲ့သည်။ ၁၈၆၈-ခုနှစ်၌ သူ၏အုတ်ဂူသင်္ချိုင်းကို တွေ့ခဲ့ကြသည်။ ဂရိတ်လူမျိုးများ၏ကိုးစားရာ ရဟန္တာကြီးဖြစ်၍ အထူးသဖြင့် တပ်မတော်၊ စစ်မှုထမ်းများ ကိုးစားရာ ရဟန္တာဖြစ်သည်။ အနောက်နိုင်ငံများ၌ စစ်သည်သူရဲကောင်းများ၏ စံနမူနာနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်ရှားကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကယ်လာစီအုစ်က အေဒီ ၄၉၅-ခုနှစ်၌…