rvamyanmar

rvamyanmar

ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ အင်္ဂါနေ့ သြဝါဒ ၁၃၊ ၁၂၊ ၂၀၂၂

၁၃ ဒီဇင်ဘာ ၂၀၂၂  ရေရှည်တည်တံ့တဲ့ပြောင်းလဲမှုဆိုတာမဖြစ်နိုင်ပါဘူးလို့ သံသယဝါဒီသမားတွေကခံယူကြတယ်။ လူရဲ့သဘာဝက အမှောင် ဖက်ကိုပဲယိမ်းယိုင်ရွေးချယ်တယ်၊ အပြစ်လုပ်နေတဲ့သူကတော့ အမြဲတမ်းအပြစ်ကိုလုပ်နေမှာပဲ၊ လူရဲ့ သဘာဝအခြေအနေအရစစ်မှန်တဲ့ပြောင်းလဲမှုဆိုတာမဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ ဒီလိုဆိုရင်၊ လူ့သဘာဝရဲ့ အဆိုး ကိုပဲမြင်တွေ့နေပြီးတော့၊ ဘုရာရှင်၏တန်ခိုးတော်ကိုမမြင်နိုင်လို့ အဲဒီလိုခံယူကြတာဖြစ်တယ်။ ဒီကနေ့ ကိုယ်တော် ရှင်မိန့်ဆိုတဲ့ ပုံဥပမာထဲကသားနှစ်ယောက်ကို၊ သူတို့ရဲ့ဖခင်က ယနေ့၊ စပျစ်ဥယျာဉ်ကိုသွားပြီးအလုပ် လုပ်ပါလို့ဆို တဲ့အခါမှာ၊ ပထမသားကကျွန်ုပ်သွားမလုပ်နိုင်ဘူးလို့ပြန်ပြောခဲ့ပေမဲ့၊ နောက်မှနောင်တရပြီးသွားလုပ် တယ်၊ ဒုတိယ သားကကျတော့၊ ကျွန်ုပ်သွားလုပ်ပါမယ်လို့ ယဉ်ယဉ်ကျေးကျေး၊ ရိုရိုသေသေပြောပေမဲ့ဘယ်တော့ မျှသွားမလုပ်ခဲ့ဘူး။ ဒီပုံဥပမာက တိုလဲတိုတယ်၊ အဓိပ္ပါယ်ကလဲရှင်းပါတယ်။ ဆေးကြောခြင်းခံယူထားတယ်၊ ဘုရားရှိခိုးကျောင်းပုံမှန်နီး ပါတက်တယ်၊ ဆုတောင်းမေတ္တာတွေရွတ်ဆိုတယ်။ ဒါပေမဲ့…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလ တတိယ တနင်္လာနေ့ သြဝါဒ ၁၂၊ ၁၂၊ ၂၀၂၂

ချစ်လှစွာသောညီအကိုမောင်နှမအပေါင်းတို့ယနေ့ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးက ဂျေရူစလင် ဗိမာန် တော်ထဲမှာ  တရားဟောနေချိန်ရဟန်းအကြီးအကဲတွေ၊ သက်ကြီးဝါကြီးတွေရောက်လာပြီး မီးခွန်မေးကြတယ်။ ခုလိုတွေ လုပ်ဖို့ဘယ်ကနေဘယ်လိုအာဏာမျိုးကိုရထားတာလိုလဲလို့မေးကြတယ်။ သူတို့ရဲ့စိတ်ထဲမှာဖြစ်ပျက်နေသမျှကို သိနေတဲ့ ကိုယ့်တော်ကသူ့တို့ရဲ့မေးခွန်းကိုမေးခွန်းတခုနဲ့ပဲပြန်တုံ့ပြန်လိုက်ပါတယ်။ ယောဟန်ရဲ့‌ဆေးကြာခြင်က ဘယ်ကလာသလဲ။ ကောင်းကင်ကလား၊ လူ‌တွေဆီကလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ သခင်ယေဇူးကို ကျဉ် းထဲ့ကျပ်ထဲ့ရောက်အောင်လုပ်ဖို့ကောက်ကျစ်တဲ့ အကြံ‌ဆိုးကြီးတွေနဲ့‌ရောက်လာခဲ့တဲ့သူတွေ။ ဒီမေးခွန်းကြောင့်သူ တို့ကိုယ်တိုင်ပဲ အခက်တွေ့သွားတယ်။ ကျမ်းစာမှာ ဖတ်ရတဲ့အတိုင်းပဲ ဘုရားဆီကလို့‌ဖြေရင်အဲဒါဆိုဘာလို့မယုံကြ တာလဲလို့အမေခံရမယ်။ လူတွေ့စီကလို့ဖြစ်ပြန်ချင်းလည်း ယောဟန်က ဘုရားစေလွှတ်တဲ့ပရောဖက်တစ်ပါးလို့ ခံ ထားတဲ့လူတု ကြီးရဲ့ရန်ကိုကြောက်ရတယ်။ ဆုပ်လည်းစူးစားလည်းရူးအခြေအနေမှာ မသိဘူးလို့ဖြည့်ဖို့ကိုသာရွေ းချယ်ခဲ့ကြတယ်။ ဒီလိုမသိဘူးဆိုးတာလေး‌ေဖြဖို့တောင်သူတို့ကြားထဲအကြိတ်အနယ်ဆွေးနွေးရသေးတယ်။ အတွေးအခေါ်အကြံအစည်တွေကောက်ကျစ်ပြီး တစ်ပါးသူကိုချောက်ချဖို့သာလမ်းရှာနေတဲ့အတွက် လွယ်ကူနေတဲ့ အရာတောင်မှာက်ခဲခံသွားတယ်။…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလတတိယ တနင်္ဂနွေနေ့ သြဝါဒ ၁၁၊ ၁၂၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမပေါင်တို့ ဒီကနေ့ဟာအားဝင်တူးကာလ  တတိယ တနင်္ဂနွေနေ့ (Gaudete Sunday) လို့ခေါ်ကြတယ်။ မြန်မာလိုဆိုဝမ်းမြှောက်ခြင်းလို့တယ်။ ဒါကြောင့်ဝမ်းမြောက်ခြင်းသင်္ကေတဖြစ်နဲ့ အာဒ်ဝင်တူးပန်းခွေ က တတိယမြောက် ဖယောင်းတိုင်ကိုလည်းပန်းရောင်ဖရောင်းတိုင်ထွန်းကြတယ်။ ဘုရားစင်ကိုအလှစင်ရာမှာလည်း ပန်းရောင်အဝတ်တွေကိုလည်းအများအားဖြင့်သုံးကြတယ်။ မစ္ဆားတရားအစကတည်းကဝမ်းမြောက်ကြဖို့ဖိတ်ခေါ်တာ နဲ့စတယ်။ ဒီဖိတ်ခေါ်သံကို ပထမကျမ်း ဟေရှာယကျမ်းမာလဲတွေရတယ်။ (မျက်စိကန်းသူတွေမြင်ရမယ်၊ နားမကြားသူ တွေကြရမယ်၊ မသန်မစွမ်းသူတွေလမ်းလျှောက်နိုင်မယ်၊ စကားမပြောနိုင်သူတွေသီချင်းဆိုမယ်) စသဖြင့်။ ဒါတွေဟာလူ တွေကိုမျှော်လင့်ချက်တွေရှင်သန်ပြီးဝမ်းမြောက် စေတဲ့အကြောင်းအရာတွေဖြစ်တယ် ဒုတိယကျမ်းစာမှာတော့ ရှင်ယာကုပ်က ဘုရားရှင်ရဲ့ကြွလာခြင်းကိုစိတ်ရှည်စွာနဲ့‌စောင့်ကြဖို့ပြောတယ်။ ကျမ်းစာကိုဖတ်ရှု သူ ကြားနာသူအားလုံးကို စိတ်‌ရှည်ရှည်ထားပြီး‌စောင့်ကြဖို့ဖိတ်ခေါ်နေတာပါ။ ဒီနေ့ ကမ္ဘာတဝှမ်းနဲ့ ကျွန်ုပ်တို့ရဲ့အနီးတဝိုက် ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ဆင်းရဲဒုက္ခတွေ၊…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလ ဒုတိယ စနေနေ့ သြဝါဒ ၁၀၊ ၁၂၊ ၂၀၂၂

 ဒီနေ့ဧဝံဂေလိကျမ်ို့းသခင်ယေရှုရဲ့တပည့်တော်သုံးပါး ပေတရူး၊ ယောဟန်၊ ယာကုပ်တို့တောင်ပေါ်ကနေ နဲ့စထား ပါတယ်။ သခင်ယေဇူးအဆင်းသဏ်ဍန်ပြောင်းလဲတာကိုတပည့်တော် ၃-ပါးက သူတို့မျက်စိနဲ့ ကိုယ်တိုင်တွေး၊ မိုးဇယ်နဲ့ဧလိယကိုလည်းတွေ့၊ ခမည်းတော်ဘုရားကဤသူသည်ငါး၏ချစ်သားပါလို့ ပြောတာကိုလည်းကြားရ၊ လူတွေရဲ့ဘာသာစကားတွေနဲ့ယှဉ်ပြ၊ ဖော်ပြလို့မရနိုင်တဲ့အတွေ့အကြုံမျိုးတွေ့ကြုံအပြီး၊ ပေတရူးကထိတောင် ပေါ်မှာတဲ့သုံးဆောင်ဆောက်ပြီးနေကြပါစို့လို့ပြောတဲ့တောင်ပေါ်ကနေပြန်ဆင်းနေကြတာပါ။ စကားတပြောပြော ဆင်း‌နေရင်းသခင်‌ယေဇူးကသူတို့မြင့်ခဲ့ရတာတွေကိုရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်ဘယ်သူ့ကိုမှမပြောကြဖို့ပြော ချိန်တပည့်တော်တွေကနားမလည်၊ သိချင်တာတွေကိုပြန်မေးကြတယ်။ အဲ့ဒါဆိုရင်ဘာလို့ကျမ်းတတ်ဆရာတွေက ဧလိယအရင်လာမယ်လို့ပြောကြတာလဲဆိုပြီးတော့ အဖြေကတော့ကျမ်းစာမှာဖတ်ရတဲ့အတိုင်ပဲဧလိယကလာခဲ့ ပြီ ပြီလူတွေကသူတို့လုပ်ခြင်တိုင်းလုပ်ကြတယ်။ သခင်ယေဇူးးကသူ့ကိုလည်းအဲဒီလိုပဲလုပ်ကြမှာပဲလို့ပြောတယ်။ ယေဇူး‌‌ပြောတဲဧလိယက ယောဟန်(ယောဟန်ဗတ္တိစတာ) ကို ရည်ညွန့်‌‌ကြောင်းသူတပည့်တွေကနားလည်ကြတယ်။ လူတွေသာယောဟန်ကိုမက်ဆီးယားသခင်ကြွလာမယ့်လမ်းပေးတဲ့သူဧလိယကိုကိုယ်စားပြုတဲ့သူလို့ မမြင့်၊ လမ်းမ ခံကြတဲ့အတွက်ခရစ်တော်ယေဇူးးကိုလဲလို့မက်ဆီးယားလို့မမြင်နိုင်၊ လက်မခံနိုင်ကြဘူး။ လူတွေအဒီလိုဖြစ်အောင် ပြောတဲ့သူတွေရှိတယ်။ သူတို့ကကျမ်းတတ်ဆရာတွေပဲ။ ကျမ်းတတ်ဆရာတွေကမက်ဆီးယားကြွမလာခင်၊…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ သောကြာနေ့ သြဝါဒ ၉၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၉) ရက်၊ သောကြာနေ့   ဒီယနေ့ကျမ်းစာကို ရှင်မာတေဦး ဧဝံဂေလိကျမ်း ၁၁း ၁၆-၁၉ ထိ ကောက်နုတ်ထားပါတယ်။ ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်ဘုရားက စိတ်ပျက် လက်လျော့ချင်ပုံရတယ်။ တရားဒေသနာတွေ အမျိုးမျိုးဟောပြောတယ်။ ဥပမာတွေ၊ သာဓကတွေနှင့်အတူ လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို သုံးပြီး လူတွေနားလည်အောင် အမျိုးမျိုး ရှင်း ပြပါ တယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ တုန့်ပြန်မှုက သွေးအေး ငြိမ်သက်လွန်းလှတယ်။ ကိုရင်ဘဝတုန်းက စာသင်ကျောင် းမှာ ကလေးတွေကို စာသင်ခဲ့ရဖူးတယ်။ လူမျိုးမတူ စကားမတူတော့…

အမိမယ်တော်ရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်း

ဒီကနေ့မှာတော့ ” အမိမယ်တော်ရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်း ” အ​ကြောင်းကို တင်ဆက်ပေးထားပါတယ်။

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ ကြာသပတေးနေ့ သြဝါဒ ၈၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၈) ရက်၊ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်ပွဲ လူ့သမိုင်းအစကနဦးမှာကတည်းက ကျွန်စနစ်ရှိ ခဲ့ဖူးတယ်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲတွေတိုက်ကြလို့ အရေးနိမ့်ပြီး ရှုံးသွား တဲ့နိုင်ငံကို အကျဉ်းသမားအဖြစ်၊ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိတယ်။ လူကို လူလို့ မမြင်ဘဲ အဆင့်နိမ့်တဲ့ အစေခံ၊ ခိုင်းဖက် ရိုင်းရိုင်း ပြောရ ရင် ကျွန်အဖြစ် သွပ်သွင်းလိုက်ကြတာပဲ။ လူတွေကို ကျွန်အဖြစ် ရောင်းကြ၊ ဝယ်ကြ၊ အလဲလှယ် လုပ် ကြနဲ့ သက်မဲ့ရုပ်ကလေးတွေလို ကြိုးဆွဲရာ ကကြရတဲ့ဘဝတွေ။ အရုပ်ကမှ တော်သေးတယ်၊ ကြည့်ပျော်…

သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲ

Prepare ဒီနေ့မှာ သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ ကျွန်မ ဖတ်ဖူးတဲ့ ပညာပေးစာအုပ်မှာ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Max Jude ဆိုသူက ၁၈၈၄ ခုနှစ်မှာ သူ့ရဲ့ ဆွေစဉ်မျိုးဆက် လေးဆက်တိတိကို မှတ်တမ်းတင်ရေးထားတာကို တွေ့ရ ပါတယ်။ သူ့ဆွေမျိုးထဲက ၅၂.၄% မိန်းကလေးတွေက ခန္ဓာကိုယ်ရောင်းစားတဲ့ အလုပ်နဲ့ အသက် မွေးမြူကြတယ်။ အယောက် ၃၀၀ ကတော့ အသက် ၃၀ နှစ်မတိုင်မီ သေဆုံးကြတယ်။ ၁၈၂ ယောက်ကတော့ အရက်စွဲတဲ့…

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ ဗုဒ္ဓဟူးနေ့ သြဝါဒ ၇၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၇) ရက် ၊ ဗုဒ္ဓဟူးနေ့  လတ်တလော ကြုံတွေ့နေရတဲ့ ကပ်ဆိုးတွေ၊ နိုင်ငံရေးအဆင်မပြေမှုတွေကြောင့် လူတွေလည်း ပင်ပမ်း နွမ်းနယ်လွန်း လှပါပြီ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီအတွက် ရုန်းကန်ရင်း ပေးဆပ်လိုက်ရတဲ့ အပြစ်မဲ့တဲ့ ဘဝတွေကိုကြည့်ပြီး ရင်ထဲ မချိဆန့် မအောင်ပါပဲ။ ဘ၀ ဘ၀ ရှင်သန်နေရတာ ပင်ပမ်းလိုက်တာပါလားလို့ တွေးမိရင်း နွမ်းနယ်နေတဲ့ ဘဝတွေကို ကိုယ်ချင်းစာမိပါတယ်။ နေ့စဉ်ဘဝမှာ ထမ်းနေရတဲ့ ဘဝရဲ့ ဝန်ထုပ်က တကယ်ပဲ လေးလံစေပါတယ်။ နိုင်ရာဝန် ကို ထမ်းရုံတင်မက မနိုင်တဲ့…