rvamyanmar

rvamyanmar

ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါသည်ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ဘုံသို့မတက်ကြွမှီ အချိန်ကာလအတွင်းမှာ ငါချစ် မြတ်နိုးတော်မူသော သူတို့အားလည်းကောင်း၊ ဆင်းရဲဒုက္ခဟူသမျှကိုငါနှင့်ပေါင်းစပ်၍ ခံထမ်းသောသူတို့အားလည်း ကောင်း နှစ်သိမ့်ခြင်းကိုအမြဲပေးတတ်သော အရှင်ဖြစ်တော်မူသည့်အတိုင်း နှစ်သိမ့်ခြင်းကိုပေးခဲ့၏။ ငါ၏မယ်တော်အားလည်း အင်အားနှင့်လိုအပ်သောအကူအညီများကိုငါဖြည့်တင်းပေးခဲ့၏။ ငါ၏မယ်တော် သည်ငါနှင့်ရှိနေသည်ဖြစ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် စုံလင်သောငြိမ်သက်ခြင်းကို အမြဲခံစားရ၏။ ပေထရူးသည် လည်းငါ့ထံတော်မှ အပြစ်လွှတ်ခွင့်ချမ်းသာကို တောင်းပန်ပြီးမှ နောက်တော်သို့ရဲရင့်စွာလိုက်၍ ငါ့အပေါ်မှာကိုးစား အားထားပါမည့်အကြောင်းကို ထပ်မံဝန်ခံခဲ့၏။ မာဒလေနားသည်လည်းရာဘော်နီဟူသောစကားတစ်ခွန်းဖြင့် မိမိ ရှာဖွေသောသူဖြစ်ကြောင်း သက်သေပြခဲ့၏။ သူ၏ဝိညာဉ်၌ စုံလင်သော ဝမ်းမြောက်ဝမ်းသာခြင်းဖြစ်ရောက်စေရန် ကား၊ ငါ၏နှုတ်မှထွက်သောစကားတစ်ခွန်းမျှသာလိုခဲ့၏။ ငါရှင်ပြန်တော်မူကြောင်းကို အယုံအကြည်မရှိသော…

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ သတိမပြုမိသောအချက်များ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ သတိမပြုမိသော အချက်များ ” ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရိုက်ကူး- ပေါလ် တင်ဆက်/တည်းဖြတ်- ဇော်နိုင်ဦး #RVAMyanmar #Environment #Naturelife

ဇွန်လ(၂၇)#ကရူးစူးတံကျင်နှင့်ဆူးဘောင်တော်။  

ဇွန်လ(၂၇)#ကရူးစူးတံကျင်နှင့်ဆူးဘောင်တော်။   ငါ့သား၊ သင့်အတွက်ငါခံထမ်းရသမျှကို သင်သည် အမြဲသတိရမှတ်မိစေရန် ငါ၏ရွှေနှလုံးတော်အထက်၌ ခရူးစူးတံကျင်ကိုစိုက်ထူထား၏။ အပြစ်ကြီးထဲသို့ကျရောက်သည့်အခါတိုင်း သင်သည်ခရူးစူး၏ဝန် တိုး၍လေးစေ၏။ ကလ်ဝါရီတောင်ပေါ်သို့ စိတ်အားဖြင့်သွားရောက်ပြီးလျှင် သင်သည် ထာဝရအသက်ရှင်ခြင်းချမ်းသာကိုရစိမ်းသော ငှါနောက်ဆုံးသွေးစက်တိုင်အောင် သင့်အတွက်သွန်းလောင်းလျက်ရှိသောငါ၏ရွှေနှလုံးတော်ကိုစိုက်ကြည့်ပါလော။ ငါ၏ခေါင်းတော်သည် ဆူးဗေါင်းဆောင်းခဲ့ပြီ။ ယနေ့မှာမူကား ငါ၏နှလုံးတော်သည် ဆူးနှင့်တူသောအပြစ် ကလေးများနှင့် ဝန်းရံလျက်ရှိ၏။ ထိုအပြစ်ကိလေးများကို သင်သည်ငယ်သည်ပေါ့သည်ဟူ၍ ယူဆကောင်းယူဆ လိမ့်မည်။ သို့ရာတွင်ထိုအပြစ်ကလေးများတို့သည် ငါ၏ရွှေနှလုံးတော်ကို စူးဝင်ထိုးဖေါက်ကြသတည်း။ သင်၏ပေါ့ လျော့မှုများကြောင့် အပြစ်ကလေး များကိုရှောင်ကြဉ်ရန် သင်သည်ကရုမစိုက်ခဲ့ပါလျှင် ၎င်းတို့သည် တဖြည်းဖြည်း သင့်ကိုငါ့ထံမှ ကွဲလွင့်စေပြီးလျှင် နှောင့်ယှက်ခြင်းကြီးစွာခံရသောအချိန်၌…

အပြင်းစား ယုံကြည်ခြင်း 13 Sunday 2021

အပြင်းစား ယုံကြည်ခြင်း +++++++++++++++ ဒီတစ်ပတ်ဧဝံဂေလိကျမ်း ရှင်မာကု (၅ း ၂၁ – ၄၃)မှာ သခင်ယေဇူးက တရားဇရပ်မှုး ဂျိုင်းရုရဲ့ သမီးငယ်လေးကို အသက်ပြန်ရှင် စေခြင်းနှင့် သွေးသွန်နာစွဲကပ်နေတဲ့ အမျိုးသမီးကို ရောဂါပျောက်ကင်းစေတဲ့အကြောင်းကို ထောက်ရှုရပါတယ်။ တချို့သော သူတွေအတွက် ယုံကြည်ဖို့အတွက် သက်သေအထောက်ထားတွေ လိုအပ်တယ်။ ယုံကြည်ဖို့အတွက် တွေ့မြင်ဖို့လည်း လိုတယ်လို့ ဆိုကြတယ်။ တရားဇရပ်မှုးနှင့် ရောဂါသည် အမျိုးသမီးတို့အတွက်တော့ ယုံကြည်ဖို့အတွက် ဘာမှ တွေ့မြင်စရာ မလိုခဲ့ပါဘူး။ ဘုရားရှင်ရဲ့ တန်ခိုးလက္ခဏာ ကို မြင်တွေ့ဖို့အတွက်သာ…

၁၃ ကြိမ်မြောက် သာမာန်တနင်္ဂနွေ နေ့ Cardinal Charles (13 Sunday) June 27. 2021

၁၃ ကြိမ်မြောက် သာမာန်တနင်္ဂနွေ နေ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ၏ တရားဒေသနာတော် “သေမင်း၏ ကိုယ်စားလှယ်များသည် မာရ်နတ်ဆိုး၏ ကိုယ်စားလှယ်များဖြစ်ကြသည်။ ဘုရားသခင့်မေတ္တာတော်၏ တမန်တ်ာများဖြစ်ရန် လူ့အသက်တာ၏ ကိုယ်စားလှယ်များဖြစ်ကြလော့” [ပထမကျမ်း- ဉာဏ်ပညာကျမ်း ၁း ၁၃-၁၅; ၂း ၂၃-၂၄။ ။ မာရ်နတ်ဆိုး၏အမှုအားဖြင့် သေခြင်းတရားသည် လောကသို့ဝင်လာ၏။ ဆာလံ- ၃၀း ၂၊ ၄-၆၊၁၁-၁၃။ ။ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခြင်း အတွက် ဘုရားသခင်အား ကျေးဇူးတင် ဆုတောင်းခြင်း။ ဒုတိယကျမ်း- ၂…

ဇွန်လ(၂၆)#လူတို့ကိုအလွန်ချစ်မြတ်နိုးတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၆)#လူတို့ကိုအလွန်ချစ်မြတ်နိုးတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ငါ့ရွှေနှလုံးတော်၏ အကြီးမြတ်ဆုံးသော တောင့်တစွဲလမ်းခြင်းကား ငါ၏ချစ်ခြင်းကို လူတို့အပေါ်၌ ပြရန်ဖြစ်သတည်း။ ငါသည်လူတို့အား အလွန်ချစ်မြတ်နိုးတော်မူသည်ကိုအကျင့်အားဖြင့်ထုတ်ဖော်ပြခဲ့လေပြီ။ ငါသည်နှစ်ပေါင်း (၃၀) ပတ်လုံးမထင်မရှား အသက်ရှင်စဉ်ကာလမှာ ငါ၏ချစ်ခြင်းသည် လူတို့မျက်မှောက်မှဝှက်ကွယ်လျက်ရှိခဲ့လေ သည်။ သို့သော် ဤကဲသို့ငါနေထိုင်ခဲ့သည်မှာ မိမိတို့တသက်တာအတွင်း နောင်ကာလများ၌ ငါ၏စံနမူနာကိုလိုမည် ဖြစ်သော နိမ့်ကျသောအလုပ်ကိုလုပ်ကိုင်ရသောသူတို့အား မိမိတို့ ဝတ္တရားကိုကျေပြွန်အောင်ဆောင်ရွက်ရန် အား ပေးအလို့ငှါသာလျှင်ဖြစ်ပေသည်။ ငါသည်အထင်အရှားနေထိုင်၍ တရာဒေသနာတော်ကို လှည့်လည်ဟောပြောသောအခါမှာမူကား၊ ဝိညာဉ် နှင့်ဆိုင်ရာ၊ ကာယနှင့်ဆိုင်ရာကောင်းမှုများကို ကြိမ်ဖန်များစွာပြုခဲ့၏။ မကျန်းမာသောသူတို့အားကျန်းမာစေခဲ့၏။ ညိုးငယ်ပူဆွေးခြင်းရှိသောသူတို့အား မိမိတို့၏ဝတ္တရားကို ရွှင်လန်းစွာာဆောင်ရွက်နိုင်ရန် အကူအညီပေးခဲ့၏။…

ဇွန်လ(၂၅)#ယေဇူး_ရွှေနှလုံးတော်နှင့်မယ်တော်၏နှလုံးတော်။

ဇွန်လ(၂၅)#ယေဇူး_ရွှေနှလုံးတော်နှင့်မယ်တော်၏နှလုံးတော်။ ငါ့သား၊ ငါ၏ရွှေနှလုံးတော်သည် မယ်တော်၏နှလုံးတော်နှင့် ရင်းနှီးစွာပေါင်းစပ်လျက်ရှိ၍ ချစ်ခင်ခြင်းရှိသည် ကို သင်နားလည်လိုပါလျှင် ငါ့ရွှေနှလုံးတော်ထံသို့လာပါလေ။ ထိုအခါငါ၏နှလုံးအတွင်း၌ ပလ္လင်တင်ထားသည့် အ လွန်သန့်ရှင်းစင်ကြယ်တော်မူသောမယ်တော်ကို သင်တွေ့ပါလိမ်မည်။ သင်သည်ကျေးဇူးများနှင့် ကောင်းကြီးမင်္ဂလာကိုခံယူချင်ပါသလား။ ခံယူလိုလျှင် မယ်တော့ထံသို့ချည်းကပ် ပြီးလျှင် သင်လိုရာများကိုသူ့အားတောင်းခံစေပါလော့။ ငါ့သား၊ သင်၏တောင်းဆိုရာများကို ငါပေးမည်ကိုမည်သည့် အခါမျှ သံသယစိတ်နှင့် စိုးရိမ်ခြင်းမရှိပါနှင့်။ ဝိညာဉ်များအတွက်ငါ၏မယ်တော်သည် ကြားဝင်၍ တောင်းပန်ခဲ့ပါမူ ငါသည်မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်ပါ။ ငါသည်သင်၏နှလုံးနှင့်နှင့်ပေါင်းစပ်ရန်လည်း တောင်းတလျက်ရှိ၏။ သို့သော်သင်နေ့စဉ်ပြုလုပ်ရသေးသည့် သေးငယ်သောအပြုအပြုအမူကလေးများကိုသန့်ရှင်းစေမှသာလျှင် ငါ၏ရွှေနှလုံးတော်နှင့် ပိုမိုနီးကပ်စွာရှိလာပေ လိမ့်မည်။ သို့ဖြစ်၍ ရွှေနှလုံးတော်၏…

ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ဤလောက၌ငါသည် အထင်အရှားနေထိုင်တော်မူသည့် အကြောင်းရင်းကား၊ ဝန်လေး၍ပင်ပန်း သောသူတို့ငါ့ထံသို့လာကြလေကုန်။ ငါသည်သင်တို့ကိုအားဖြည့်တင်းပေးမည်ဟူသော စကားတို့၌အတိအလင်း ဖော်ပြထားလျက်ရှိ၏။ ထို့ကြောင့်လူတို့သည် ငါ၏ရွှေနှလုံးတော်အကြောင်းကိုသိနားလည်ကြသဖြင့် ငါ၏ကျေးဇူး တော်နှင့်ကောင်းကြီးမင်္ဂလာကို ၎င်းတို့အပေါ်သို့ချပေးရန် ငါသည်တောင့်တစောင့်မျှော်လျက်ရှိ၏။ ငါသည် ငါ၏နိုင်ငံတော်ကို တည်ဆောက်လိုသဖြင့် ဤလောကသို့ဆင်းကြွမလာမှီက လူတို့၏စိတ်ထဲ၌ရှိနှင့် ပြီးသောကြောက်ရွံ့ခြင်းတရားကို ချစ်ခြင်းတရားဖြင့်အစားသွင်းပေးရန် ငါအလိုရှိ၏။ အကူအညီလိုသောသူတို့အား နှစ်သိမ့်ခြင်းပေးရန် ငါသည်အခွင့်အရေးရတိုင်းအဘယ်အခါမျှ ပျက်ကွက်ခဲ့သည်ဟူ၍မရှိခဲ့ချေ။ ငါ့သား၊ သင်သည်လည်း သူတပါးတို့အား ဝမ်းမြောက်ခြင်းနှင့်နှစ်သိမ့်ခြင်းပေးရန် အမြဲအသင့်ရှိပါသလား။ ကြင်နာတတ်သောစကားတစ်ခွန်း၊ အမျှော်အမြင်ရှိသော အပြုအမူကလေးတစ်ခု၊ အလုပ်များနေသောသူတို့အား အကူအညီပေးခြင်း စသည့်ဤသေးငယ်သော ကရုပြုခြင်းကလေးများသည် လူတို့၏စိတ်ကိုနှစ်သိမ့်စေ၍ ဖျားနာနေ…

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဤလောက၌သက်တော်ထင်ရှားရှိစဉ်ကာလ ဆိတ်ကွယ်ရာနာဇရက်ရှိ အလုပ် ဆိုင်ကလေးတွင် နှစ်၊ လ၊ အများပိုင်းကိုကုန်လွန်စေခဲ့၏။ ဤသို့နေထိုင်ခဲ့သည်ကား လောကီသားတို့အသိအမှတ်မ ပြု။ အောက်တန်းကျသောအလုပ်ကိုလုပ်ကိုင်ရသည့် သူတို့အားသင်ခန်းစာတရပ်ပေးခြင်းငှာသာလျှင်ဖြစ်၏။ ဤသို့ မထင်မရှားအောက်တန်းကျသောအလုပ်ကို ငါ၏ရွှေနှလုံးတော်နှင့်ပေါင်းစပ်၍ လုပ်ကိုင်ခြင်းကား အလွန်မြင့်မြတ် သော သူရဲကောင်းတို့၏ အလုပ်အမှတ်ဖြစ်သတည်း။ နေ့စဉ်နေ့တိုင်း မဆုံးနိုင်သကဲ့သို့ ငြီးငွေ့ဖွယ်ရာတမျိုးတည်း သောအလုပ်ကိုလုပ်ပြီး၊ ဖခင်ဖြစ်သူသည် သားသမီးများအား လူလားမြောက်သည်အထိ ရှာဖွေကျွေးမွေးရသကဲ့သို့ သားသမီးများကလည်း အိုမင်းမစွမ်းရှိလာသောမိဘများကို ကြည့်ရှုရခြင်းသည်လည်း သူရဲကောင်းတို့၏လမ်း ကြောင်းမှန်ဖြစ်သတည်း။ နာဇရက်ရွာ၌ရှိသောအလုပ်ဆိုင်ကလေးတွင် ငါအလုပ်လုပ်နေသည်ကိုတွေ့ရကြ၏။ ငါသည်ထိုအရပ်၌ နိမ့်ကျ၊…