
ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပဥ္စမသီတင်းပတ် တနင်္လာနေ့ သြဝါဒ ၁၅၊ ၅၊ ၂၀၂၃

မေလ ၁၅ ရက် (တနင်္လာနေ့)ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို ပုံစံနှစ်မျိုးနဲ့ ဖော်ပြတာကို တွေ့ရပါတယ်။ ဝိညာဉ်တော်ကို ကူညီစောင်မသူ ဆိုတဲ့ ဂုဏ်နာမနှင့်တစ်မျိုး သမ္မာတရားနှင့်သက်ဆိုင်သည့် ဝိညာဉ်တော်သည် ဆိုပြီး တစ်မျိုး ပုံစံ နှစ်မျိုးနဲ့ ဝိညာဉ်တော်ကြွလာမယ့်အကြောင်းကို မိန့်ကြားထားပါတယ်။ ဝိညာဉ်တော်က ခမည်းတော်ဆီကနေ ဆင်းကြွလာပြီး သားတော် ခရစ်တော်ယေဇူးအကြောင်း သက်သေခံမယ်။ အဲ့လိုပဲ တပည့်တော်ကြီးတွေကလည်း ခရစ်တော်နဲ့ အစကတည်းကရှိခဲ့တာမို့ သူ့အကြောင်းကို ပြန်ပြီးသက်သေခံ ရလိမ့်မယ်။ ကျွနု်ပ်တို့မှာလည်း ဘုရားကို ပြန်၍ သက်သေခံဖို့ တာဝန်ရှိလာတယ်။ သက်သေခံတယ်ဆိုတဲ့…








