
ဆွဲဆောင်မှုရှိခြင်း နှင့် အောင်မြင်ခြင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်လေးမှာတော့ “ဆွဲဆောင်မှုရှိခြင်းနှင့်အောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်တဲ့သူဖြစ်ချင်ရင် တခြားသူတွေကို ဆွဲဆောင်နိုင်မှုရှိစေဖို့၊ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုရှိခြင်း (Interpersonal Attraction) ဆိုတဲ့အချက်က အရေးပါလှပါတယ်။ “ဆွဲဆောင်မှုရှိခြင်း ဆိုတာ ကတော့ တခြားသူတွေက လူတစ်ဦးအပေါ်မှာ ဘာကြောင့် နှစ်သက်ရတာ ဒါမှမဟုတ် မနှစ်သက်ရတာ ဖြစ်ရသလဲဆိုတာကို လေ့လာတာပဲဖြစ်ပါတယ်”။ တခြားသူတွေအပေါ်မှာ ဆွဲဆောင်မှုရှိစေတဲ့အချက်တွေကို စိတ်ပညာရှင်တွေက လေ့လာကြတဲ့အခါ အချက်လေးချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချက် လေးချက်ကို အောက်မှာဖော်ပြ…









