အသင်းတော်၏ ဖခင်ကြီးများထဲမှ ပါရဂူဘွဲ့ရတစ်ဦးဖြစ်သူ St.Ambrose အကြောင်း Rev.Fr.John Hlwan Moe Naing ၏ ဝေမျှချက်

24 November,2018 ရက်နေ့က ရန်ကုန် ၊စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်၌ ပြုလုပ်ခဲ့သော ” အသင်းတော်ဖခင်ကြီးများနှင့် ခရစ်ယာန်အသက်တာ ” ခေါင်းစဉ်ဖြင့် Rev.Fr.John Hlwan Moe Naing ၏ သုတပိုင်းဆိုင်ရာ ဝေမျှချက်။
ပယင်းထွက်ရာမြေ မိတ်ဆွေအပေါင်းတို့ခင်ဗျာ – – – အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေသဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဒီတပတ်ကျွန်တော်တင်ပြမှာ ကတော့ ပယင်းထွက်ရှိရာ တနည်းအားဖြင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ အကြောင်းဘဲဖြစ်ပါတယ်။ မိတ်ဆွေများ ခင်ဗျာ- ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်လို့ဆိုလိုက်ရင် မသိတဲ့သူနည်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ငယ်ရွယ်စဉ် စာသင်ခန်းတွေထဲမှာ သင် ကြားခဲ့ဖူးလို့ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ အင်တော်ကြီးအိုင်၊ အင်းလေးအိုင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် နောက် ဧရာဝတီ၊ချင်းတွင်း၊သံလွင်၊စစ်တောင် စတဲ မြစ်ကြီးလေးသွယ် ဒါတွေဟာ အခြေခံသိကြတဲ့ ပထဝီ ဘာသာရပ်နှင့်ဆိုင်တဲ့…
သက်ရှိများနဲ့ မျိုးတုန်းမှုအန္တရာယ် မိတ်ဆွေအပေါင်းတို့ခင်ဗျာ – – – အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေ သဘာဝ အမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာတော့ သက်ရှိများနဲ့ မျိုးတုန်းမှု အန္တရာယ်ဆိုတဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ – – ယနေ့ကျွန်တော်တို့ကမ္ဘာဟာ အနာဂါတ်ကို သတိထားရမဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သယံဇာတတော်တော်များများဟာ လောဘသားတွေရဲ့ အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှုတွေကို ခံနေရပါတယ်။ ဒီလိုပုံစံနဲ့သာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်တော့ သယံဇာတများဟာ လုံးပါးပါးပြီး ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးနွယ်စုသတ္တဝါများကလည်း မျိုးတုံး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ…
အလိုက်သိပါ မိတ်ဆွေအပေါင်းတို့ခင်ဗျာ အပတ်စဉ်တိုင်း တင်ဆက်ပေးနေကြ ထိမ်းသိမ်းကြစေသဘာဝအမွေကဏ္ဍလေ ရောက်ရှိလိုလာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာတော့ အလိုက်သိပါ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမန္တလေးကျုံးပတ်ပတ်လည်မှာ ကွန်ကရစ်ကြမ်းပြင်တွေပြန်ခင်း၊ နောက်အကာလက်ရန်း တွေလဲနှင့် ကောင်းမွန်စွာ လုပ်ဆောင်ထားပါတယ်။ လက်ရန်းတွေဟာ စတီးလက်ကိုင်တန်းတွေနဲ့ အစားထိုးပြုပြင် ထားတာဖြစ်ပါတယ်။ ခေတ်နှင့်အညီ လှပသပ်ရပ်စွာပြုလုပ်ထားပါတယ်။ ဒါပေမဲ့ လက်ရန်းတွေ မပြီးခင်မှာဘဲ လက်ရန်းတွေမှာ ကွမ်းသွေးများဟာ နေရာယူနေပြီဖြစ်ပါတယ်။ သေချာလုပ်တာ လား။ စရိုက်တစ်ခုလားဆိုတာကတော့ ပြောဖို့ခဲယဉ်းလှပါတယ်။ တကယ်လုပ်ဆောင်သူသာသိပါ လိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်၊ စျေးချိုတော်ကြီးကို အသစ်ပြုပြင်တည်ဆောက်ကြတုန်းကလဲ ဒီလိုပါဘဲ…
ပြဿနာရှိတိုင်း ဆက်ဆံရေးပျက်ရမလားဆိုတဲ့ အတွေးနဲ့အမေးဟာ တစ်ဦးချင်းကိစ္စ ကနေ ကျေးရွာ၊မြို့နယ်အထိအကျုံဝင်ပါလိမ့်မယ်။ ဒါတင်မက နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုအထိလည်း ကျယ်ပြန့်တတ်ပါတယ်။ ဒီတော့ အသိုင်းအဝိုင်းများမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ဓမ္မတာအတိုင်း တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်ဟာ ဆက်ဆံရေးတွေ ပျက်ယွင်းချို့တဲ့သွားတတ်ပါ တယ်။ ဆက်ဆံရေးပျက်ယွင်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတဲ့ ဆိုးကျိုးတွေ ကြီးကြီး မားမား ပေါ်လာတတ်ပြီး သေးတဲ့ပြဿနာကကြီးလာပြီး ကြီးတဲ့ပြဿနာက ထိန်းညှိလို့မရအောင် ပေါက် ကွဲသွားတတ်ပါတယ်။ ဒီလိုအခြင်းအရာမျိုးဟာ နှစ်စလုံးအတွက် အကျိုးရှိစေမှာတော့ မဟုတ်ပါဘူး။ အရင်က ကာလရှည်စွာတည်ဆောက်ခဲ့ရတဲ့ ရင်းနှီးကျွမ်းဝင်မှု၊ သဘောထားကြီးမှုတွေဟာ…