
ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ

ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ ရဟန်းမင်းကြီးဖရန်စစ်သည် ပြင်သစ်နိုင်ငံ၏အထင်အရမြို့တစ်ဖြစ်သည့် Marseille သို့ တမန် တော်ခရီး၌ ဘုရားကျောင်းများသို့ လည်း ကြွရောက်လည့်ပတ်ခဲ့ပြီဖြစ်သည်။ ဤမြို့သည် သေင်္ဘာဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။ ဤမြို့၌တည်ဆေက်ထားသောဘုရားကျောင်းများသည် ဗိသုကာလက်ရာပြောင်မြောက်လှသည်။ ဂေါသစ် (Gothic) နှင့် ဘိုင်ဇန်တိုင်း (Byzantine) စတိုင်တည်ဆောက်ထားသည်။ ဆရာတော်ကျောင်းထိုင်သော Sainte Marie Majeure ကယ်သီဒရယ်သည် လွန်စွာလက်ရာမြောက်လှပါသည်။ အဆိုပါကယ်သီဒရယ်ကို La Major ဟုလည်းခေါ်လေ့ရှိသည်။ မြို့၏အထင်ကရာအမှတ်တညတစ်ခုလည်းဖြစ်သည်။ မြို့၏ဂုဏ်ဆောင်ဘုရားကျောင်းလည်းဖြစ်သည်။ (၁၉) ရာစုကတည်ဆောက်ခဲ့သောဘုရာကျောင်းဖြစ်သည်။ ပြင်သစ်နိုင်ငံအတွင်းအလွန်ကြီးမားသောဘုရားကျောင်းများအနက်တစ်ကျောင်းဖြစ်သည်။ ဤဘုရားကျောင်းကို Byzantine (ဘိုင်ဇန်တိုင်း) ပုံစံတည်ဆောက်ထားသည်။ Myre…








