
ဖာသာရ် Richard လှမင်းဦး (မန္တလေး) ၃၃ ကြိမ်မြောက်သာမန် အင်္ဂါနေ့ ဩဝါဒ ၂၁၊ ၁၁၊ ၂၀၂၃







တစ်ခါတုန်းကပေါ့ဗျာ ညီအစ်ကိုနှစ်ယောက် ခရီးသွားကြရင်းနဲ့ တောအုပ်ကြီးတစ်ခုကိုဖြတ်ကြတယ်၊ လမ်းလျှောက်ရင်း တဖြေးဖြေးနဲ့ နေဝင်ပြီး မိုးချုပ်သွားတယ်။ မိုးချုပ်သွားတော့ ညီဖြစ်သူက “ အစ်ကိုရေ … ဒီညတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ဒီမှာပဲ ညအိပ်ပြီး မနက်ကျမှ ထသွားကြတာပေါ့” လို့ ပြောပါတယ်။ အစ်ကိုဖြစ်သူက “အိပ်တာကတော့ အကြောင်းမဟုတ်ဘူး၊ ညဘက်ဆိုတော့ တောကလည်းနက်တော့ သားရဲတိရစ္ဆာန်၊ ဘာညာနဲ့ ဆိုတော့ တစ်ယောက်ယောက်က စောင့်အိပ်မှ ဖြစ်မယ်”လို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ညီက “ဒါဆိုလည်း ဒီလိုလုပ်မယ်လေ အစ်ကို…


အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။ ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။ ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့်…
