rvamyanmar

rvamyanmar

ယနေ့ခေတ် အိမ်ထောင်ရေးမှာ ဖြစ်တတ်တဲ့ အကြောင်းအရာလေး

Marriage Today           ဒီနေ့မှာ ယနေ့ခေတ် အိမ်ထောင်ရေးမှာ ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေကို Sharing ပေးသွားချင်ပါတယ် အိမ်ထောင်ရေးဆိုတာ နှစ်ဘက်ရှိတာပါ။ ဒီနှစ်ယောက်ထဲက တစ်ယောက်က နာကျင်အောင် လုပ်မိသွားရင် တစ်ဘက်က ဘယ်လိုခံစားပြီးတုန့်ပြန်မလဲ။           သေချာတာကတော့ ပြဿနာတွေရှိလာပြီ၊ အကြောင်းတစ်စုံတစ်ရာရှိလာပြီ၊  ဒီတော့ နာကျင်ဖို့ ဖြစ်လာပြီ၊ အပြန်အလှန် ဘယ်လိုဆက်ဆံပြုမူမလဲ? ဒါက အဓိကပါ မိမိတို့တည်ဆောက် ထားတဲ့ အိမ်ထောင်မပြိုကွဲအောင် ခင်ပွန်း(သို့)ဇနီးကတော့ ပြောင်းလဲရမှာ အမှန်ပါပဲ။           လူအများချီးမွမ်းခံရတဲ့ အကောင်းဆုံးအိမ်ထောင်ရေးတွေမှာလည်း သေချာပေါက် နာကျင်စေ တဲ့ အကြောင်းအရာတွေရှိစမြဲပါ။…

ဆင်ခြင်တုံတရားနှင့် ကာကွယ်စောင့်ရှောက်ခြင်း

” ဆင်ခြင်တုံတရားနှင့် ကာကွယ်စောင့်ရှောက်ရေးလမ်းကြောင်းကို လိုက်သောသူသည် ကျွန်ုပ်တို့၏ ဘုံစံအိမ်ကို ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ ” Pope Francis ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတရားကို အာရုံမထားပဲ ပုံမှန်ထုတ်ယူသုံးစွဲလျက်ရှိနေကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ဂရုမစိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တာရာယ်တွေကို ကျွန်ုပ်တို့ကိုယ်တိုင် ပြန်လည် ပြုပြင်ထိန်းသိမ်းစောင့်‌ရှောက် ကြရမှာပါ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ” ဆင်ခြင်တုံတရားနှင့် ကာကွယ်စောင့်ရှောက်ရေးလမ်းကြောင်းကို လိုက်သောသူသည် ကျွန်ုပ်တို့၏ ဘုံစံအိမ်ကို ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ ” လို့ဆိုထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ အလွဲသုံးစားမှုတွေကြောင့် ကမ္ဘာကြီး အဆုံးမသတ်သွားဖို့ ကျွန်ုပ်တို့အားလုံး…

အာမေးနီးယန်ခရစ်ယာန်ဘုန်းကြီးကအာဇာဘိုင်ဂျန်နိုင်ငံမှခရစ်ယာန်များအားနေရာပြောင်ရွေ့နေခြင်းနှင့်စပ်လျင်း၍‌ဝေဖန်

အာမေးနီးယန်ခရစ်ယာန်ဘုန်းကြီးကအာဇာဘိုင်ဂျန်နိုင်ငံမှခရစ်ယာန်များအားနေရာပြောင်ရွေ့နေခြင်းနှင့်စပ်လျင်း၍‌ဝေဖန် ဖာသာရ် Tirayr Hakobyan က အာဇာဘိုင်ဂျန်နိုင်ငံ Nagorno-Karabakh ရှိအာမေးနီးယန်းခရစ်ယာန်များသည် လွန်စွာဆိုးရွားနေသောအခြေအနေနှင့်ကြုံနေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဇာဘိုဂျန်အစိုးရသည် ထိုဒေသရှိခရစ်ယာန်များအားအတင်းအကြပ်နေရာဖယ်ရှားနေသောကြောင့်ပြောဆိုရှုတ်ချခဲ့သည်။ Nagorno-Karabakh သည် အာဇာဘိုင်ဂျန်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း (၁၉၈၈) ခုနှစ် ကပင်အငြင်းပွားနေခဲ့ကြသည်။ အဆိုပါဒေသ၌ အာမေးနီးယန်ခရစ်ယာန်များစွာနေထိုင်သောဒေသတစ်ခုလည်းဖြစ်သည်။ (စက်တင်ဘာ ၂၀၂၃) ခုနှစ်၌ အခြေအနေသည်ဆိုးရွားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အာဇာဘိုင်ဂျန်အစိုးရသည် စစ်ရေးအရတိုက်ခိုက်မှုများပြုလုပ်လာခဲ့သည်။ ထို့အတူ လုံခြုံရေးအကြောင်းပြ၍ ထိုဒေသ၌နေထိုင်သူ (၁၀၀၀၀၀) ကျော်အားလည်း အာမေးနီးယားနိုင်ငံ၏နယ်စပ်များ၌ ထွက်ပြေးခိုလှုံနေကြသည်။ ဥရောပအနောက်ဖက်မှအာမေးနီးယန်းခရစ်ယာန်အသင်းတော်၏ ခေါင်း ဆောင်ဖြစ်သူ ဖာသာရ် Hakobyan ကသူရောမသို့ရောက်ရှိနေစဉ်…

အီတလီနိုင်ငံ၌ ကက်သလစ်တက္ကသိုလ်သစ်ဖွင့်လှစ်

အီတလီနိုင်ငံ၌ ကက်သလစ်တက္ကသိုလ်သစ်ဖွင့်လှစ် အီတလီနိုင်ငံ၊ ကာဆယ်ဂန်ဒိုးဖို၌ အမေရိကန်ကက်သလစ်နည်းပညာတက္ကသိုလ်တစ်ခုကိုဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ မျိုးဆက်သစ်ရဟန္တာများ၊ ကက်သလစ်ပညာရှင်များ၊ သိပ္ပံပညာရှင်များမွေးထုတ်ပေးရန်ဖြစ်သည်။ ပထမဦးဆုံးအသုတ်ကို (၂၀၂၄) နွေးဦး၌စတင်မည်ဖြစ်သည်။ ဤတက္ကသိုလ် ၏ရုံးချုပ်မှာ မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်၌ဖြစ်သည်။ တက္ကသိုလ်မှတာ၀န်ရှိသူ၏သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ကက်သလစ်နည်းပညာတက္ကသိုလ်ကို မွေးဖွားရန်အတွေးရလာခဲ့သည်မှာ ဇနှီးမောင်နှံအဖွဲ့ဖြစ်သော Alexis နှင့် Bill Haughey တို့၏ကိုယ်တွေ့မှအခြေခံလာခဲ့ခြင်းဖြစ်သည်။ Bill သည် ကျွမ်းကျင်သောလုပ်ငန်းရှင်ဖြစ်ပြီး၊ Alexis မှာပညာရပ်ဆိုင်ရာသု တေသနပြုခြင်း၊ ဆန်းသစ်ခြင်းနှင့်လုပ်ငန်းများဖော်ဆောင်သည့်နောက်ခံရှိသည်။ ယခုကဲ့သို့ဖွင့်လှစ်နိုင်ရခြင်းမှာ ထင်ရှားလူသိများသောပညာရှင်လည်းဖြစ်ပြီး လက်ရှိ၌ ကက်သလစ်နည်းပညာရပ်ဆိုင်ရာဌာန၏ ဥက္ကဌလည်းဖြစ်သည့် ဘောစတွန် လက်ထောက်ဂိုဏ်းချုပ်ဆရာတော် Arthur…

ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သောအမျိုးသမီးများအားကက်သလစ်သာသနာက ငွေကြေးထောက်ပံ့

ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သောအမျိုးသမီးများအားကက်သလစ်သာသနာက ငွေကြေးထောက်ပံ့ နိုင်ဂျီးရီးယားနိုင်ငံ၊ Yola ကက်သလစ်ဂိုဏ်းအုပ်သာသနာက ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သော Adamawa ပြည်နယ်မှ အမျိုးသမီး (၃၀၀) အားငွေကြေးထောက်ပံ့မှုများပေးခဲ့သည်။ သာသနာအနေဖြင့် ဤထောက်ပံ့မှုအတွက် နိုင်ဂျီးရီးယားငွေ သန်း (၃၀) အသုံးပြုထားသည်။ ယခုကဲ့သို့ထောက်ပံ့ရခြင်းမှာ သူပုန်တို့၏ သားကောင်ဖြစ်ခဲ့သော အမျိုးသမီးကြီးငယ်များအား ၄င်းတို့ဆုံးရှုံးခဲ့မှုအစုစုအတွက် ဘက်စုံမှပြန်လည်ထူထောင်ပေးရန်၊ လူ့အသိုင်းအ၀ိုင်း၌အပယ်ခံများ၊ လူပိုများမဖြစ်စေရန်၊ ငွေကြေးအရ လည်းမိသားစု၊ လူမှုအသိုင်းအ၀ိုင်းအား၀န်ထုပ်မဖြစ်ရန်ရည်ရွယ်ကြောင်း၊ ကြုံတွေ့ခံစားခဲ့ရသည့်အဖြစ်ဆိုး များအတွက် ခွင့်လွတ်မေ့ပျောက်ရန်မှာမလွယ်ကြောင်း၊ သို့သော် ခရစ္စတူးသခင်၏မျက်နှာတော်ကိုထောက် ၍ခွင့်လွတ်နိုင်ရန်အားထုတ်ရကြောင်း၊ ယခုပေးလိုက်သောအကူ အညီကို လက္ခံရရှိသူများအနေဖြင့် မိမိတို့၏ ဘ၀ကိုပြန်လည်တည်ဆောက်ရာ၌ အကျိုးရှိစွာအသုံးပြုပြီး…