
ပါကိစ္စတန်နိုင်ငံ၌ နိုင်ငံတော်ဘာသာရေးအားထိခိုက်စော် ကားသောပြစ်မှုဖြင့်တရားရင်ဆိုင်ရန်အမှုသည် (၁၇၉) ဦးအထိရှိနေဟုဆို

ပါကိစ္စတန်နိုင်ငံ၌ နိုင်ငံတော်ဘာသာရေးအားထိခိုက်စော် ကားသောပြစ်မှုဖြင့်တရားရင်ဆိုင်ရန်အမှုသည် (၁၇၉) ဦးအထိရှိနေဟုဆို ပါကိစ္စတန်နိုင်ငံအခြေဆိုက် လူ့အခွင့်အရေးစောင့်ရှောက်ရေးကော်မတီ၏ထုတ်ဖော်ချက်အရ နိုင်ငံတော်ဘာသာအားထိခိုက်စော်ကားသည့်အမှုကိုရင်ဆိုင်ရန် စေင့်စားနေရသည့်ပါကိစ္စတန်နိုင်ငံသား (၁၇၉) ဦးရှိကြောင်း၊ ၄င်းတို့အနက် (၁၇) ဦးမှာ ယခင်အမှုအတွက်ပြစ် ဒဏ်ချမှတ်ခံရပြီးသော်လည်း နောက်ထပ်ကျန်ရှိအမှုများအတွက် ပြစ်ဒဏ်ချမှတ်မည်ကိုစောင့်ဆိုင်းနေရသည်ဟုသိရပါသည်။ ယခုကဲ့သို့အချက်အလက်များ၊ ရက်စွဲအတိအကျနှင့်သိရအ ပြီးထုတ်ပြန်ချက်ကို ‘ရင်ကျိုးဖွယ်အခြေအနေ’ ဟုအမည်တပ်ထားပါသည်။ ပြီးခဲ့သောနှစ် ဩဂုတ်လက ပန်ဂျပ်ပြည်နယ်၊ Jaranwala ၌ဖြစ်ပျက်ခဲ့သည့်တရားဥပဒေစိုးမိုးမှုမဲ့သည့်ဖြစ်ရပ်၊ မင်းမဲ့စရိုက်ဆန်သောအ ခင်းဖြစ်ပွားခဲ့သေးသည်။ အဆိုပါအခင်း၌ အကြမ်းဖက်လူအုပ်စုတစ်စုသည် ဘာသာခြားလူနေအိမ်များ၊ ဘု ရားများကိုဖျက်စီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်နှစ်ဦးသည် ၄င်းတို့၏ဘာသာကိုစော်ကား သည်ဟုအခြေအမြစ်မရှိစွပ်စွဲ၍အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေကော်မတီ၏လွှတ်တော်အမတ်ဖြစ်…








