
အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ

အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ ပါလက်စတိုင်းကိုအားပေးထောက်ခံသူ လူရာကျော်သည် ၀ါရှင်တန်ဒီစီမြို့တော်ခန်းမရှေ့၌အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသော ပဋိပက္ခများချက်ချင်းရပ်တန့်ရေး ဆန္ဒပြခဲ့ကြသည်။ မြို့တော်ရဲများ၏အဆိုအရ ဆန္ဒပြသူ (၃၀၀) ကျော်အားဖမ်းဆီးထားသည်ဟု ဆိုပါသည်။ ဖမ်းဆီးရခြင်းမှာ ကွန်ဂရက်စ်၀င်းအတွင်း၌ဆန္ဒပြခွင့်မရှိသည်ကိုပိုင်နက်ကျော်လွန်၍ဆန္ဒပြခဲ့သောကြောင့်ဖြစ်ကြောင်းရဲများကရှင်းပြပါသည်။ ၄င်းတို့အားသတိပေးသည့်အမှတ်အသားကိုပြသခဲ့သော်လည်း အရေးမလုပ်၍ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံများသည် ဆန္ဒပြနေစဉ်၌ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အနက် (၃) ခန့်မှာရဲအားပြန်လည်တိုက်ခိုက်သည့်အမှုဖြင့်စွပ်စွဲခံထားရသည်။ ယခုဖမ်းဆီးခံများသည် တရား၀င်ခွင့်ချက်မရှိသောနေရာ၌ လူစုလူေ၀းပြုလုပ်ခဲ့သည့်အမှုဖြင့်တ ရားရင်ဆိုင်ရမည်ဖြစ်သည်။ ဆန္ဒပြနေသောလူအုပ်ကြီးက ‘Ceasefire Now’ (စစ်ပွဲကို ချက်ချင်းရပ်) ဟုအော်ဟစ်တောင်းဆိုခဲ့ကြသည်။ ကွန်ဂရက်စ်အမတ်များအားလည်း အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသောစစ်ကိုချက်ချင်းရပ်တန့်စေရန် တိုက်တွန်းပေးရန်တောင်းဆိုချက်များကိုဗွီဒီယိုရိုက်ယူ ထားသည့်မှတ်တမ်းမှသိရသည်။ ဆန္ဒထုတ်ဖော်ကြသူများသည် အကျီအနက်ရောင်ကို၀တ်ဆင်ထားပြီး နောက်ကျော၌ ‘စစ်ပွဲကိုချက်ချင်းရပ်’…








