rvamyanmar

rvamyanmar

အင်ဒိုနီးရှား ငလျင်ဒဏ်ခံရသူများအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မှ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

ဩဂုတ်လ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက် စီးမှုများအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က အလွန် စိတ်မကောင်းဖြစ်ရ ကြောင်းနှင့် ဘေးဒဏ်ခံရ သူများနှင့်အတူ စိတ်ဓာတ်ရေးရာ စာနာထောက်ထားစွာ ရပ်တည် လျက်ရှိကြောင်း ဗာတီကန် သတင်း ဌာနက ထုတ်ပြန်လိုက်ပါသည်။ ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယက်ထရို ပါရိုလင်း လက်မှတ်ရေးထိုး ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် -
ဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ၊ ဒဏ်ရာရရှိသူများနှင့် ထိခိုက်ခံစား ရသူ အားလုံးအတွက်…

“ဘုရားသခင်၏ စားပွဲတော်သည် လူတိုင်းအတွက် ပြင်ဆင်ထားလျက်ရှိသည်”

တနင်္ဂနွေနေ့ အန်ဂျေလူး (Angelus) မေတ္တာဆိုရန် ကာစတယ် ဂန်ဒိုလ်ဖို (Castel Gandolfo) တွင် စုဝေးရောက်ရှိနေကြသော ဘုရားဖူးဧည့်သည်များအား မိန့်ခွန်းပြောကြားရာ၌ ပုပ်ရဟန်းမင်းကြီး လီယို သည် ဝေဒနာခံစားနေရသော သမီးဖြစ်သူအတွက် ယေဇူးခရစ်တော်ထံ အကူအညီ တောင်းခံ ခဲ့သည့် ခါနန်အမျိုးသမီး၏ ယုံကြည်ခြင်းအကြောင်းကို ဆင်ခြင်သုံးသပ်ရင်း ဘုရားသခင်၏ ကျေးဇူးတော်သည် သတ်မှတ်ထားသော နယ်နိမိတ်များ၏ အလွန်တွင် မည်သို့အလုပ်လုပ်သည်ကို အသိအမှတ်ပြုရန်၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ခွဲခြားဆက်ဆံမှုများနှင့် အတားအဆီးများကို ကျော်လွှားကြရန် သာသနာတော်အား တိုက်တွန်းနှိုးဆော်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် မနေ့က…

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ (၃) ကြိမ်မြောက် လူငယ်များနေ့ သဝဏ်လွှာ သတင်းစကား။

မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့၌ ကျင်းပလျက်ရှိသည့် (၃) ကြိမ်မြောက် အမျိုးသားလူငယ်များနေ့သို့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အထူးသဝဏ်လွှာ ပေးပို့ခဲ့ပြီး၊ လူငယ်များအနေဖြင့် ခရစ်တော်နှင့် ပေါင်းစည်းကာ သန့်ရှင်းခြင်းသို့ ခေါ်ယူတော်မူခြင်းကို ဝမ်းမြောက်စွာ လက်ခံကြရန် တိုက် တွန်းနှိုး ဆော် လိုက်ပါသည်။ ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး (Holy See Press Office) မှ ထုတ်ပြန်သည့် အဆိုပါသ ဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီးက “ယခုတွေ့ဆုံပွဲသည် သိုးထိန်းများနှင့်အတူ ခရစ်တော်၌ ပေါင်းစည်း ရင်း ကျွန်ုပ်တို့ဘဝ၏…

ဆလေးရှင်းအသင်းဂိုဏ်းဝင်ဦးပဥ္ဇင်းကြီးနှစ်ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်း မစ္ဆားတရား။

ဆလေးရှင်းအသင်းဂိုဏ်းဝင် ဦးပဥ္ဇင်းကြီးနှစ်ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်း မစ္ဆားတရားကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ နာဇရက် ရဟန်းဖြစ်သင်ကျောင်း၌ ဩဂုတ်လ ၁၄ရက် ၊ ၂၀၂၆ သောကြာနေ့နံနက် ၉:ဝဝ နာရီအချိန်တွင် ဆရာတော်ကြီး Cardinal Charles Moung Bo(SDB) မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ Deacon John Phyo Thura Aung ကို  မန္တလေးဇာတိ အဖ ဦးဂျိမ်း ခင်မောင်လတ် + အမိ ဒေါ် ကက် သရင်း ခင်မြအေးတို့ မှ ၁၉၉၆…