rvamyanmar

rvamyanmar

ဧဝံဂေလိတရားတော်ကို ဟောပြောရန် ခရစ်တော်မှ ဆင်းသက်လာသော သာသနာတော်၏ အထက် အောက် စီစဉ်ဖွဲ့စည်းမှု။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အများပြည်သူနှင့် တွေ့ဆုံခြင်းတွင် ဒုတိ ယဗာတီကန်ကောင်စီ၏ စာတမ်းတစ်ခုဖြစ်သော ဒေါ့ဂ်မာဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ Lumen gentium ၏ တတိယမြောက် အခန်းကို ရှင်းပြသွန်သင်ရင်း၊  ဧဝံဂေလိတရား ဟောပြောခြင်းတွင် သာသ နာတော်၏ အထက်အောက် စီစဉ်ဖွဲ့စည်းမှု (Hierarchy) ၏ အနှစ်သာရ သဘာဝကို ပြန်လည်သုံး သပ်ဝေ မျှခဲ့ပါသည်။ ရဟန်းမင်းကြီး၏ သင်ကြားပို့ချမှုတွင်၊ ဒုတိယဗာတီကန်ကောင်စီ စာတမ်းသည် သာသနာတော်၏ အထက်အောက် ပုံသဏ္ဌာန်သို့ မလှည့်ပြောင်းမီ…

‘ဘုရားသခင်၏ ဆုကျေးဇူးကို မိမိ၏အတွင်းစိတ်၌ ရှာဖွေတွေ့ရှိခြင်း’။

(Pope Leo XIV  (ANSA)) ယခုနှစ် ဧပြီလ ၂၆ ရက်၊ အီစတာပွဲတော်အပြီး စတုတ္ထမြောက်တနင်္ဂနွေနေ့  “သိုးထိန်းကောင်း တနင်္ဂနွေ နေ့” တွင် ကျရောက်မည့် “(၆၃) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခေါ်တော်မှုခြင်းအတွက် ဆုတောင်း မေတ္တာပြုရာနေ့” အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။  “ခေါ်တော်မူခြင်းခံရသူတိုင်းသည် သာသနာတော်အတွက်သော်လည်းကောင်း၊ ထိုခေါ်ယူခြင်းကို ဝမ်း မြောက်စွာ လက်ခံသူများအတွက်သော်လည်းကောင်း အတိုင်းအဆမရှိသော ဆုလာဘ်တစ်ခုဖြစ်သည်”၊ ဤနေ့ထူးနေ့မြတ်ကို “ကျွန်ုပ်တို့၏ နှလုံးသားအနက်ရှိုင်းဆုံးတွင် ပွင့်လန်းလာသော…

ဘဝလက်တွဲဖော်အဖြစ် ချစ်သူကို လက်မထပ်မီမှာ သူရဲ့ Social media ကို သေသေချာချာ ကြည့်ရှုစစ်ဆေးသင့်တယ်

ဒီနေ့မှာ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့ ချစ်သူကို လက်မထပ်မီမှာ သူရဲ့ Social media ကို သေသေချာချာ ကြည့်ရှုစစ်ဆေးသင့်တယ်ဆိုတဲ့အကြောင်း အကြံပေးရင်း ပြောပြပေးချင် ပါတယ်။             Social Media မှာက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို သွယ်ဝိုက်သောနည်းနဲ့ ထုတ်ဖော် ပြပေးတဲ့ Online ပလက်ဖောင်းတစ်ခုဆိုရင် မမှားပါဘူး။             ဒါကြောင့် မ/ကျား ပဲဖြစ်ဖြစ် မိမိလက်ထက်မဲ့သူရဲ့ Online သုံးစွဲမှုမှာ အမူအကျင့် ပြုမူ ကျင့်ကြံပုံတို့ကို စစ်ဆေးကြည့်ပါ။             အကယ်၍ သူက…

ဗီယက်နမ်လူငယ်ညီလာခံက သာသနာပြုတပည့်တော်များအဖြစ် အသစ်တဖန်ပြန်လည်နှိုးဆော်

(၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တူချောင်သာသနာနယ်၌ ကျင်းပသည့် ဟနွိုင်းဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ညီလာခံအတွင်း ကက်သလစ်လူငယ်များ ဒုက္ခစရိယာလမ်းစဉ် (Way of the Cross) လျှောက်လှမ်းရာတွင် ပါဝင်နေကြစဉ်။) ဟနွိုင်းဂိုဏ်းချုပ်သာသနာသည် ၂၀၂၆ ခုနှစ် ဟနွိုင်းဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ညီလာခံ အ တွက် ကက်သလစ်လူငယ် ၅,၀၀၀ ကျော်ကို စုစည်းခဲ့ပြီး၊ ဗီယက်နမ်လူငယ်များအနေဖြင့် ခရစ်တော်၏ သာသနာပြုတပည့်တော်များအဖြစ် ၎င်းတို့၏ မည်သူမည်ဝါဖြစ်မှုကို ပြန်လည်ဆင်ခြင်သုံးသပ်ရန် ဖိတ် ခေါ်ခဲ့သည်။ မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့်…

အာဏာပိုင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖော် ဆောင်ရမည်

(Pope Leo in Castel Gandolfo (file photo)  (@VaticanNews) ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် Castel Gandolfo ရှိ သတင်းထောက်များအား ထုတ်ပြန်သော ကြေ ညာချက်တိုတစ်ခုတွင် “လက်နက်ဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရန်” သူ၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် သေဆုံးမှုများ မြင့်တက် လာခြင်းကို ရှုတ်ချခဲ့သည်။ “ကျွန်ုပ်အနေဖြင့် အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြရန် တောင်းဆိုချက်ကို ထပ်လောင်းပြောကြားလိုပါသည်။ သို့သော် လက်နက်များဖြင့် မဟုတ်ဘဲ…

စစ်ပွဲကြောင့် ဂျေရုဆလင်မြို့ရှိ မေတ္တာပန်းတနင်္ဂနွေ စီတန်းလှည့်လည်ပွဲကို ဖျက်သိမ်း။

(ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသောသင်္ချိုင်းတော် ဘုရားကျောင်း အဝင်ဝ မြင်ကွင်း (AFP or Licensors) အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ယခုနှစ် ဂျေရုဆလင်မြို့ရှိ လက်တင် ကက်သလစ် အသင်းတော် (Latin Patriarchate of Jerusalem) က သံလွင်တောင်မှ ဂျေရုဆလင်သို့ ချီတက်မည့် အစဉ်အလာ မေတ္တာပန်းတနင်္ဂနွေ (Palm Sunday) လှည့်လည်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာ ခဲ့သည်။ ယင်းအစား သတ်မှတ်ထားသော နေရာတစ်ခုတွင် မြို့တော်အတွက် ဆုတောင်းခြင်းဖြင့် အစား ထိုးသွားမည် ဖြစ်သည်။…

လေယာဉ်ပျံများသည် စစ်ပွဲနှင့် ပျက်စီးခြင်းများကိုမဟုတ်ပဲ ငြိမ်းချမ်းရေးကိုသာ သယ်ဆောင် လာသင့်သည်။

(ပုပ်ရဟန်းမင်းကြီး လီယိုသည် ITA Airways နှင့် Lufthansa Group မှ ကိုယ်စား လှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ်) ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ သာသနာပြုခရီးစဉ်များတွင် ပို့ဆောင်ပေးခဲ့သည့် အီတလီ အမျိုးသားလေကြောင်းလိုင်း ITA Airways ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ စစ်မက်ဖြစ်ပွားရာ ဒေသများတွင် လေယာဉ်များကို သေခြင်းတရားနှင့် ပျက်စီးခြင်းများ သယ်ဆောင်သည့် လက်နက် များ အဖြစ် အသုံးပြုနေခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ အာဖရိကလေးနိုင်ငံသို့ သွားရောက်မည့်…