
ဖာရ်သာ Peter Kyi Maung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၈)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ ၅၊ ၈၊ ၂၀၂၆




တနင်္ဂနွေနေ့ မွန်းတည့် အိန်ဂျလုစ် မေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပါမုန့် ငါးလုံးနှင့် ငါး နှစ်ကောင် အံ့ဖွယ်တန်ခိုးပြတော်မူသည့် ဖြစ်စဉ်ကို ထောက်ရှုမျှဝေခဲ့ပြီး၊ ခရစ်တော်နှင့် တွေ့ဆုံခြင်းသည် မိမိတို့၏ အနက်ရှိုင်းဆုံး လိုအပ်ချက်များကို ပြည့်ဝစေသည့် ဝိညာဉ်ရေး အာဟာ ရဖြစ်ကြောင်း ဘာသာဝင်တို့အား သတိပေး မိန့်ကြားခဲ့ပါသည်။ ရှင်မာတေဦးခရစ်ဝင်ကျမ်းကို ကိုးကား၍ ရဟန်းမင်းကြီးက ယေဇူးခရစ်တော်၏ အံ့ဖွယ်တန်ခိုးများ (မကျန်းမာသူများကို ငြိမ်းချမ်းစေခြင်းမှစ၍ လူငါးထောင်ကျော်အား ကျွေးမွေးတော်မူခြင်းအထိ) သည် အံ့ဩဖွယ်ရာ သက်သက် မဟုတ်ဘဲ…
အီကွေဒေါနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသား လူငယ်များနေ့အတွက် ပေးပို့သော ဗီဒီယိုသတင်း လွှာ တွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က လူငယ်များအနေဖြင့် ခရစ်တော်၏ နောက်တော်သို့ လိုက်ပါကြရန်၊ ကိုယ်တော်နှင့် တွေ့ဆုံရသည့် ဝမ်းမြောက်ခြင်းဖြင့် မိမိတို့၏ ဘဝများကို ပြောင်းလဲစေကာ အခြား သူများကိုလည်း ကိုယ်တော်အား ရှာဖွေလာစေရန် စိတ်ဓာတ်ခွန်အားပေးကြရန်နှင့် မယ်တော်၏ ပုံစံ တော်အတိုင်း မိမိတို့ဘဝအတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ခံယူကျင့်သုံးကြရန် ဖိတ်ခေါ်ထား ပါသည်။ “ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်းသည် စိတ်နှလုံးကို…
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပီရူးနိုင်ငံ၊ ချူလူကာနတ်စ် (Chulucanas) မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပီရူးအမျိုးသားလူငယ်များနေ့ (JNJ) သို့ တက်ရောက်လာကြသော လူငယ် ၄,၀၀၀ ကျော်ထံ သို့ အား ရှိဖွယ် ဗီဒီယိုသတင်းစကား ထုတ်ပြန်ပါဝင်ခဲ့သည်။ ခရစ်ယာန်လူငယ်များအနေဖြင့် တစ်ကိုယ်ကောင်းဆန်မှုများကို စွန့်လွှတ်ကာ ယုံကြည်ခြင်း၌ စစ်မှန် သော ညီအစ်ကိုမောင်နှမ သံယောဇဉ်များကို တည်ဆောက်ကြရန် တိုက်တွန်းရင်း ခေါင်းရဟန်း မင်းကြီး က အောက်ပါအတိုင်း နှိုးဆော်ခဲ့သည် -�မျှော်လင့်ချက်ကို ပြန်လည်ဆန်းသစ်ပါ…


မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ သာသနာလုံးဆိုင်ရာ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများ ပွဲနေ့မစ္ဆားကို မန္တလေးမြို့ ကာသီဒြယ် ရွှေနှလုံးတော်ဘုရားကျောင်း၌ (၁.၈.၂၀၂၆) စနေ့နေ့၊ နံနက် ၇:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး Fr. Paul Thet Khaing မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများပွဲနေ့ကို Laity and Family Commission မှဦးဆောင်ပြီး ကျင်း ပခဲ့ပြီး သာသနာစီရင်စု အသီးသီးမှ အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများလာရောက် ပါဝင်တက် ရောက်ခဲ့ပါသည်။ မစ္ဆားတရားအပြီးတွင် သက်ကြီးရွယ်အိုများကို ဂုဏ်ပြုသည့်အခမ်းအနားဆက်လက် ကျင်းပပြီး လက်ဆောင်ပစ္စည်းများနှင့် ဝတ္ထုငွေများပေးအပ်လှူဒါန်းခြင်း…

