rvamyanmar

rvamyanmar

ရဟန်းမင်းကြီးလီယို (၁၄) မှာ အိုလံပစ်အားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြား။

( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ရဟန်းမင်းကြီး လီယို (၁၄) အီတလီ အိုလံပစ်နှင့် ပါရာလင်းပစ် အားကစားသမားများနှင့် တွေ့ဆုံစဉ်။) ရဟန်းမင်းကြီးလီယို (၁၄) မှ အိုလံပစ်အားကစားသမားများသို့ မိန့်ကြားချက် �အခမ်းအနားနှင့် အဓိက တန်ဖိုး မီလန်-ကော်တီးနား (Milan-Cortina) ဆောင်းရာသီ အားကစားပြိုင်ပွဲများအပြီးတွင် ရဟန်း မင်း ကြီး လီယို (၁၄) သည် အီတလီအားကစားသမားများနှင့် တွေ့ဆုံခဲ့သည်။ အားကစားကို ယှဉ်ပြိုင်မှု သက် သက်ထက် လူသားအချင်းချင်း တွေ့ဆုံဆုံစည်းရာနှင့်…

“သန့်ရှင်းစင်ကြယ်ခြင်းသည် လူနည်းစုအတွက်သာ ရည်ရွယ်သည့် အခွင့်ထူးမဟုတ်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သန့်ရှင်းစင်ကြယ်ခြင်းသည် ရွေးချယ်ထားသော လူနည်းစုအတွက် သာ ဖြစ်သည့် အခွင့်ထူးတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ မိန့်ကြားခဲ့ပြီး ၎င်းသည် ဆေးကြော ခြင်းမင်္ဂလာ ခံယူထားသူတိုင်း ရရှိထားသော လက်ဆောင်တစ်ခုဖြစ်ကြောင်း၊ “မေတ္တာတရား၏ ပြည့် စုံခြင်း” အတွက် ကြိုးပမ်းရန် လိုအပ်ပြီး နေ့စဉ်ဘဝတွင် ဘုရားသခင်နှင့် အိမ်နီးချင်းများကို အစွမ်းကုန် ချစ်ခြင်းမေတ္တာပြသခြင်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။
ဒုတိယဗာတီကန်ကောင်စီ၏ ‘Lumen Gentium’ စာချွန်တော်ကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီးက “လူတိုင်း သန့်ရှင်းစင်ကြယ်ရန် ခေါ်ယူခြင်း” သည်…

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက်များ။

(အီစတာတနင်္ဂနွေနေ့၊ စိန့်ပီတာရင်ပြင်တွင် တွေ့ရသော ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (@ဗာတီကန် မီဒီယာ) သန့်ရှင်းသော ရက်သတ္တပတ် (Holy Week) နှင့် အီစတာကာလတစ်လျှောက်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါသည်။ ကမ္ဘာ့တင်း မာမှုများ မြင့်တက်နေချိန်တွင် ဘုရားသခင်သည် စစ်ပွဲကို ငြင်းပယ်ကြောင်းနှင့် ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် သေခြင်းနှင့် အကြမ်းဖက်မှုအပေါ် အပြတ်အသတ် အောင်နိုင်ခြင်းဖြစ်ကြောင်း သူက အလေးပေး ပြောကြားခဲ့ပါသည်။ ဓားကိုကိုင်သောသူသည် ဓားဖြင့်ပင်…

ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူခြင်းနှင့် ခရစ္စမားအားပေးခြင်းစက္ကရမင်တူးခံယူးခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်မိုင်ကယ်(သံဝင်း) သာသနာစီရင်စု၌ ပထမကိုယ် တော် မြတ်စက္ကရာမင်တူး နှင့် ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ခံယူခြင်းမစ္ဆားတရားတော်မြတ်ကို (၆၊၄၊၂၀၂၆) တနင်္လာနေ့ နံနက် ၆:ဝဝ အချိန်တွင် စိန့်မိုင်ကယ် ဘုရားကျောင်း၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ ပါသည်။ ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူသူ ၁၆ ယောက်နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူသူ ၄၉ ယောက် စုစုပေါင်း ကလေးသူငယ် ၆၅ ယောက်သည် ဆရာတော်ကြီး မာကုဦးတင်ဝင်းလက်တော်မှ ပထမကိုယ်တော်မြတ် နှင့် ခရစ္စမားအားပေးခြင်း…