ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ (၃) ကြိမ်မြောက် လူငယ်များနေ့ သဝဏ်လွှာ သတင်းစကား။

မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့၌ ကျင်းပလျက်ရှိသည့် (၃) ကြိမ်မြောက် အမျိုးသားလူငယ်များနေ့သို့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အထူးသဝဏ်လွှာ ပေးပို့ခဲ့ပြီး၊ လူငယ်များအနေဖြင့် ခရစ်တော်နှင့် ပေါင်းစည်းကာ သန့်ရှင်းခြင်းသို့ ခေါ်ယူတော်မူခြင်းကို ဝမ်းမြောက်စွာ လက်ခံကြရန် တိုက် တွန်းနှိုး ဆော် လိုက်ပါသည်။

ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး (Holy See Press Office) မှ ထုတ်ပြန်သည့် အဆိုပါသ ဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီးက “ယခုတွေ့ဆုံပွဲသည် သိုးထိန်းများနှင့်အတူ ခရစ်တော်၌ ပေါင်းစည်း ရင်း ကျွန်ုပ်တို့ဘဝ၏ ရည်ရွယ်ချက်ကို ကမ္ဘာသို့ ပြသနေခြင်းဖြစ်သည်” ဟု မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး၏ အဓိက တိုက်တွန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

• ခရစ်တော်နှင့်အတူ လျှောက်လှမ်းရန် – “သင်တို့သည်လည်း အစမှစ၍ ငါနှင့်အတူ ရှိကြသော ကြောင့် သက်သေခံကြ၏” (ယောဟန် ၁၅:၂၇) ဟူသော ဆောင်ပုဒ်နှင့်အညီ နှုတ်ကပတ်တော်များကို မိမိတို့၏ ဘဝဖြင့် ပွေ့ဖက်ကြရန်။

• လောက၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် – ပတ်ဝန်းကျင်၌ အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် အဓိပ္ပာယ်မဲ့မှုများ ရှိနေပါစေဦးတော့၊ ခရစ်တော်နှင့် ပေါင်းစည်းထားမှသာလျှင် ကမ္ဘာကြီးအား မျှော်လင့် ခြင်း သက်သေပြနိုင်မည်ဖြစ်ကြောင်း။

• တိတ်ဆိတ်စွာ ပိုင်းခြားသိမြင်ရန် – ခဏမျှ ရပ်တန့်ကာ တိတ်ဆိတ်သည့် အချိန်ယူ၍ အမှန် တကယ် တန်ဖိုးရှိသော အရာကို စိစစ်သုံးသပ်ကြရန်။

သဝဏ်လွှာ၏ နိဂုံးတွင် ပုပ်ရဟန်းမင်းကြီးက လူငယ်များအား ဂွာဒါလူပေး မယ်တော်သခင်မ၏ မိခင် မေတ္တာ စောင့်ရှောက်မှုအောက်သို့ အပ်နှံရင်း ဝမ်းမြောက်သော တက်ကြွမှုဖြင့် ပါဝင်ကြရန် ကောင်းချီး ပေး နှိုးဆော်ထားပါသည်။

#PopeLeoXIV#NationalYouthDay#CatholicNews#VaticanNews#YouthMinistry#Guadalupe#FaithAndHope

Fr. Peter Kyi Maung

Credit: Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

See less

https://www.vaticannews.va/en/pope/news/2026-08/pope-young-people-embrace-christ-and-your-call-to-holiness.html

rvamyanmar
rvamyanmar
Articles: 4156

Leave a Reply

Your email address will not be published. Required fields are marked *