rvamyanmar

rvamyanmar

ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ

ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက ဒီဇင်ဘာ (၆) ရက်နေ့သည် စိန့်နီကိုးလပ်စ်ပွဲနေ့ကိုကျင်းပသည်။ ယူကရိန်းဩသိုဒေါစ်အသင်းတော်သည်လည်း ယခုနှစ်အစောပိုင်းက ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုပြောင်းလဲအသုံးပြုခဲ့၍ ဒီဇင်ဘာ (၆) ရက်နေ့၌ စိန့်နီကိုးလပ်စ်ပွဲနေ့ကိုအမှတ်ရကျင်းပခဲ့သည်။ ထို့နေ့၌ပင် Kyiv ၏မြို့တော်၀န် Vitali Klitschko က ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိခဲ့သည်။ ထိုဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက နှစ်စဉ်ခရစ္စမတ်ပွဲကို ဒီဇင်ဘာ (၂၅) ရက်နေ့ကျင်းပသည်။ ရုရှားတို့၏ ကျူးကျော်စစ်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ပထမဦးဆုံးအကြိမ်ခွဲထွက်ကျင်းပခြင်းဖြစ် သည်။ ရုရှားဩသိုဒေါစ်တို့၏ခရစ္စမတ်သည် နှစ်စဉ်ဇန္န၀ါရီ (၇) ရက်နေ့၌ကျင်းပလေ့ရှိသည်။ ရုရှားဩသိုဒေါစ်သည် ဂျူလီယန်ပြက္ခဒိန်ကိုလိုက်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရုရှားနှင့်ယူကရိန်းသည် ဘာသာရေးအရလည်းပတ်သက်ခြင်းမရှိကြောင်းကိုပြသားစွာပြသခဲ့သည်။ ယခုနှစ်၌…

ဖိလစ်ပိုင်နိုင်ငံ၌ မစ္ဆားတရားပူဇော်နေစဉ် ဗုံးပေါက်၍ လူ (၄) ဉီး အသက်ဆုံးရှုံးခဲ့

ဖိလစ်ပိုင်နိုင်ငံ၌ မစ္ဆားတရားပူဇော်နေစဉ် ဗုံးပေါက်၍ လူ (၄) ဉီး အသက်ဆုံးရှုံးခဲ့ ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း၌ တနင်္ဂနွေနေ့မစ္ဆားပူဇော်နေစဉ်ဗုံးပေါက်ကွဲ၍ မစ္ဆားပါ၀င်ပူဇော်နေသောဘာသာတူ (၄) ဦးအသက်ဆုံးရှုံးခဲ့ရပြီး (၄၂) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤအခင်းသည် Mindanao ပြည်နယ် တက္ကသိုလ်တစ်ခု၏အားကစားရုံ၌ဖြစ်ပွားခဲ့သည်။ အဆိုပါတနင်္ဂနွေနေ့မစ္ဆားတရားကို အဆိုပါအားကစားရုံ၌ပူဇော်ခဲ့သည်။ ယခုဗုံးဖောက်ခွဲမှုကို အကြမ်းဖက်အစွန်းရောက်အီစ္စလာမ်မစ်အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့၏ တယ်လီဂရမ်ချာနယ်မှပြောကြားခဲ့သည်။ Mindanao သည် (၂၀၁၇) က အကြမ်းဖက်အစွန်း ရောက်အီစ္စလာမ်မစ်အဖွဲ့၏ ထိန်းချုပ်ခြင်းကိုခံခဲ့ရဖူးသည်။ အကြမ်းဖက်အဖွဲ့မှထိန်းချုပ်အပြီး (၅) လအကြာ ဖိလစ်ပိုင်အစိုးရမှ (မေ ၂၀၁၇) တွင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အကြမ်းဖက်အဖွဲ့သည်…

အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ

အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ အီစ္စရေး-ဟားမစ်အပစ်ရပ်သည့်တတိယနေ့၌ နှစ်ဖက်လုံးမှဖမ်းဆီးထားသောသူများအားလွှတ်ပေးရာတွင် ပါလက်စတိုင်း (၃၉) ဦးကိုလွှတ်ပေးခဲ့သကဲ့သို့ ဟားမာစ်တို့ကလည်း ဂါဇာ၌ဖမ်းဆီးထားသော ဓားစာခံ (၁၇) ဦးတို့ကိုတနင်္ဂနွေနေ့ကလွတ်ပေးခဲ့သည်။ ထို (၁၇) ဦးအနက် (၄) နှစ်အရွယ်အမေရိကန်မိန်းကလေး (၁) ဦး၊ ထိုင်း (၃) ဦး၊ ရုရှား (၁) နှင့်အီစ္စရေး (၁၃) ဦးတို့ဖြစ်ပါသည်။ အဆိုပါဓားစာခံများကိုသက်ဆိုင်ရာအဖွဲ့ဆီသို့လုံခြုံစွာလွဲအပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကြက်ခြေနီအသင်မှကြေညာထားသည်။ ယခုပြန်လည်လွှဲအပ်ပေးသော (၁၇) ဦးထဲ၌ပါသော (၄) နှစ်အရွယ်အမေရိကန်နိုင်ငံသား Abigail Edan သည် အောက်တိုဘာ (၇)…

နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ

နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ ကျင်းခြင်း။ ဒီဇင်ဘာလ၊၉၊၂၀၂၃၊ မန္တလေးမြို့။ မန္တလေးကက်သလစ်သာသနာနှလုံးဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သော ဆရာတော်ကြီး (Paul Zing Htung Grawng) ၏ဝိညာဉ်အတွက် သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်းနှစ်ပတ်လည် အခမ်းအနားမစ္ဆားတရားကို  စိန်မိုင်ကယ် ဘုရားကျောင်း၌ (၉.၁၂.၂၀၂၃ စနေနေ့) မနက် ၈းဝဝ တွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဉီးဆောင်ကျင်းပခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်၌ ဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဩဝါဒမြွတ်ကြားရာတွင်…