rvamyanmar

rvamyanmar

အိမ်တွင်း လေအရည်အသွေး ကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်တဲ့ အပင် ၁၀ မျိုး

ဒီတစ်ပတ် ထိမ်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍလေးမှာတော့ အိမ်တွင်း လေအရည်အသွေး ကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်တဲ့ အပင် ၁၀ မျိုး အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ၁။ ပထမဆုံးတစ်ခုကတော့ Snake Plant ဖြစ်ပါတယ်။ ဆင်စွယ်ဂမုန်းလို့ လူသိများပြီး နဂါးစက်ဂမုန်းလို့လဲခေါ်ပါတယ်။ Snake Plant က လေထုသန့်စင်ရန်ကူညီပေးပါတယ်။ အိမ်အတွင်းမှာရှိတဲ့ လေထုထဲက မလိုလားအပ်တဲ့ အဆိပ်အတောက် ဓာတုအငွေ့များ နှင့် နှာခေါင်းယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိယားယံခြင်း တို့ကိုဖြစ်စေတဲ့ (benzene, formaldehyde, trichloroethylene, း…

ကမ္ဘာကြီးသည် ပဠိပက္ခများဖြင့် ကွဲပြားနေပြီး ငြိမ်းချမ်းရေးစေ့စပ်ပေးသူများအထူးလိုအပ်လျက်ရှိသည်ပုပ်ဖရန်စစ်မြွက်ကြား

ကမ္ဘာကြီးသည် ပဠိပက္ခများဖြင့် ကွဲပြားနေပြီး ငြိမ်းချမ်းရေးစေ့စပ်ပေးသူများအထူးလိုအပ်လျက်ရှိသည်ပုပ်ဖရန်စစ်မြွက်ကြား ကျွန်ုပ်တို့လက်ရှိကမ္ဘာကြီးတွင် လက်နှက်၊စီးပွားရေး၊နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းအားပြိုင်ခြင်းများကြောင့် လူသားအချင်းချင်းတိုင်းပြည်၊လူမျိုး၊အသါးအရောင်၊အဆင့်အတန်းစသည်ဖြင့် ကွဲပြားမှုများအတွက် ရင်ကြားစေ့ပေးသည့်ငြိမ်းချမ်းရေးစေ့စပ်ပေးသူများအထူးလိုအပ်လျက်ရှိနေပါတယ်ဟုပါးပါးဖရန်စစ်ကမြွက်ကြားခဲ့သည်။ မိမိ၏ခရစ်တော်အရိုက်အရာသိုးထိန်းတို၏တောင်ဝှေးကိုကိုင်ကာဖေါ်ကော်လာရေလှုပ်ရှားမှုအသင်းသားများနှင့်တွေ့ဆုံရန်လျှောက်လှမ်းနေစဉ် ၎င်းအသင်း၏ဥက္ကဌဖြစ်သူမာဂရက်ကာရန်မှအလျင်စလိုလာ၍ပါပါးဖရန်စစ်ကိုနှုတ်ဆက်ခဲ့သည်။ ဖေါ်ကေါ်လားရေလှုပ်ရှားမှုအသင်းကိုကိရာရားလုဘခ်ျဆိုသူအမျိုးသမီးမှ ၁၉၄၃ ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းတွင်စတင်တည်‌ထောင်ခဲ့သည်။အဆိုပါတည်ထောင်သူမှဒုတိယကမ္ဘာစစ်၏အနိဠါရုံစက်စုတ်ကြောက်မက်ဖွယ်ပျက်စီးဆုံးရှုံးသေကြေမှုများအကြားမပျက်မစီးတည်တန့်ခိုင်မြဲပြီးစံနမူနာပြုစရာအဖြေကိုဘုရားသခင်ထံ၌ရှာတွေ့ခဲ့ပြီးစည်းလုံးညီညွတ်မှုအတွက်‌ဖေါ်ကော်လားရေလှုပ်ရှားမှုအသင်းကြီးမွေးဖွားလာခဲ့သည်။ ယခုလို ကမ္ဘာအနှံ့ကြောက်စရာကောင်းသည့်စစ်မက်အရေးအခင်းများဖြစ်ပွားနေစဉ်လူထုတရပ်လုံး၏စည်းလုံးညီညွတ်မှုလိုအပ်လျှက်ရှိကြောင်းပါပါးဖရန်စစ်မှအသိပေးနှိုးဆော်ခဲ့သည်။ ပါပါးဖရန်စစ်မှလည်းပဠိပက္ခများစွာနှင့်တစ်စစီကွဲပြားနေသော ယနေ့ကမ္ဘာကြီးတွင်နေထိုင်ကြသည့်ပြည်သူလူထုအကြား၊တိုင်းနိုင်ငံများအကြားငြိမ်းချမ်းရေးရရှိမှုအတွက်စေ့စပ်ညှိနှိုင်းပေးမည့်အသိပညာရှင်အတတ်ပညာရှင်များအထူးလိုအပ်လျှက်ရှိကြောင်းအဆိုပါလုပ်ငန်းများ၌မိမိဘဝကိုပေးဆပ်လုပ်ကိုင်နေကြသူများကိုလည်းဆက်လက်လုပ်ဆောင်ပေးကြပါရန်တိုက်တွန်းနှိုးဆော်ရင်း “စစ်ပွဲတိုင်းသည်လူတိုင်းအတွက်အရှုံးကြည့်သာဖြစ်သည်” ဟုအဆုံးသတ်နှုတ်ခွန်းဆက်စကားအဖြစ်မိန်ကြားခဲ့သည်။ အာဗီအေဘာသာပြန်- Pius Tun

(၂၀၂၃) ကမ္ဘာတစ်၀ှမ်း၌ ကက်သလစ်ဘုန်းတော်ကြီး၊ သူတော်စင်အပါး (၁၃၀) ကျော်ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရဟု ACN ထုတ်ပြန်

(၂၀၂၃) ကမ္ဘာတစ်၀ှမ်း၌ ကက်သလစ်ဘုန်းတော်ကြီး၊ သူတော်စင်အပါး (၁၃၀) ကျော်ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရဟု ACN ထုတ်ပြန် ACN ၏အရှည်ကောက်ကား ‘the pontifical foundation Aid to the Church in Need’ ဖြစ်ပါ သည်။ ရဟန်းမင်းကြီးမှအသိအမှတ်ပြုထားသော ကက်သလစ်လူမှုကူညီရေးအဖွဲ့အစည်းကြီးဖြစ်သည်။ နှစ်စဉ်ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်သာသနာအတွင်းဖြစ်ပျက်ခဲ့သည်များကိုအစီရင်ခံစာထုတ်ပြန်လေ့ရှိသည်။ ယခုခင်နှစ် (၂၀၂၃) ၌ ကမ္ဘာတစ်၀ှမ်း၌ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်သူတော်စင်စာရင်းကို ၄င်းတို့၏အစီရင်ခံစာထဲ၌ဖော်ပြထားသည်မှာ (၁၃၀) ပါးဖြစ်ပါ သည်။ (၂၀၂၂) ခုနှစ်၌ (၁၂၄)…

Black Nazarene (သစ်သားနက်ယေဇူးသခင်၏ဆင်းတုတော်) အားစီတန်းလှည့်လည်ခြင်း၌လူသန်းနှင့်ချီပါ၀င်ခဲ့

Black Nazarene (သစ်သားနက်ယေဇူးသခင်၏ဆင်းတုတော်) အားစီတန်းလှည့်လည်ခြင်း၌လူသန်းနှင့်ချီပါ၀င်ခဲ့ ဖိလစ်ပိုင်နိုင်ငံမှ ကက်သလစ်ဘာသာတူ (၆) သန်းကျော် Black Nazarene ဆင်းတုတော်အားစီတန်းလှည့်လည်ရာ၌ပါ၀င်ခဲ့ကြသည်။ မြို့တော်မနီလာ၏လမ်းမကြီးသည် အ၀ါရောင်နှင့်ကြက်သွေးရောင် ၀တ်စုံများ၀တ်ဆင်ထားသော လူပင်လယ်ဖြင့်ပြည့်လျှံလွှမ်းသွားခဲ့ပါသည်။ ဤမြင်ကွင်းသည် ဘာသာရေးအ ငွေ့အသက်ကိုဖော်ပြနေခြင်းဖြစ်သည်။ Black Nazarene အားအရိုအသေပေးခြင်းသည် ရှေးလွန်လေပြီးသောအစဉ်အလာတစ်ခုဖြစ်သည်။ ယခုကဲ့သို့ပင့်ချီ၍ စီတန်းလှည့်လည်ခြင်းဖြင့် ကပ်ရောဂါဆိုးများကိုကင်း ‌ေ၀းစေသည်ဟုယုံကြည်ကြသည်။ ဤပွဲသည် ကက်သလစ်ဘာသာတူများ အုပ်နှင့်ကျင်းနှင့်ပါ၀င်လေ့ရှိသော ဘာသာရေးကြည်ညိုမှုတစ်ခုဖြစ်သည်။ ယခင်နှစ်များက ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် (၃) နှစ်ကြာမကျင်းပနိုင်ခဲ့ပေ။ နံနက်စောစောသာရှိသေးသော်လည်း ဘုရားဖူးများ (၈) သိန်းကျော်လာရောက်ကြည်…

ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့

ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောဂါဇာဒေသ၌ ဘာသာရေး၀တ္တ္ ရားများနှင့်ရက်ကြီးအခါကြီးများ၌ ၀တ်ပြုဆုတောင်းခြင်းကိုမှုမပြတ်တမ်း၀တ် ပြုမြဲ၀တ်ပြုလျှက်ရှိနေကြသည်။ ပြီးခဲ့သော ယေဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူသည့်ပွဲနေ့၌ ဂါဇာဒေသမှကလေး (၈) ဦးသည် ‘သန့်ရှင်းသောအိမ်ထောင်စု’ သာသနာအုပ်စုမှဘုရားကျောင်းတွင် ထမကိုယ်မြတ်ကိုခံယူခဲ့ကြသည်။ ယခုကဲ့သို့ အသက်ဘေး နှင့်နီးသော်လည်း မကြောက်မရွံ့ဘဲ မိမိတို့ဘာသာရေး၏အရေးကြီးသော ၀တ်ပြုခြင်း၊ ၀တ္တရားများကို မရှောင်မတိမ်းဘဲ ပြင်ဆင်ခံယူခြင်းသည် ၄င်းတို့၏ယုံကြည်ခြင်းကိုပြသရာလည်းရောက်သည်ဟု တာ၀န်ခံဘုန်းတော်ကြီးကပြောကြားခဲ့သည်။ ဤကလေးငယ် (၈) ဦးသည် ပထမကိုယ်တော်မြတ်ကိုထိုက်တန်စွာခံ ယူနိုင်ရန်အတွက် အချိန်ယူပြင်ဆင်လာခဲ့သည်။ ဤဘုရားကျောင်း၌နေ့စဉ်မစ္ဆာ တရားပူဇော်လျှက်ရှိသည်။ ဤ‌ဘုရားကျောင်း၌ မကျန်းမမာသူများအားခိုကိုးရာကိုလည်းပေးသည်။ ဂျေရုဆလင်ရှိဘာသာရေးခေါင်းဆောင်၏မှတ်ချက်မှာ ယခုကဲ့သို့အခက်အခဲများရှိနေသော်လည်း…

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး တရုတ်နိုင်ငံ၊ Wenzhou သာသနာပိုင် ဆရာတော် Peter Shao Zhumin အားတရုတ်အစိုးရကဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုဖမ်းဆီးမှုသည်ကြာရှည်မည်ဖြစ်ကြောင်းလည်းထင်ကြေးပေးကြသည်။ ဆရာတော်သည် ဗာတီကန်မှအသိအမှတ်ပြုရွေးချယ်ထားသောဆရာတော်ဖြစ်သည်။ သူသည်သာသနာပိုင်ဆရာတော်အဖြစ် (၂၀၁၆) ခုနှစ်က သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Wei-Fang ပျံလွန်ပြီးနောက်အမှုတော်ကိုစတင်ထမ်းခဲ့သည်။ ဆရာတော်သည် ယခင်ကလည်းအကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည့်သမိုင်းရှိသည်။ သူသည်ဒေသခံကက်သလစ်ဘာသာတူများကျင်းပသောပွဲရက်တော်များ၌အမြဲပါလေ့ရှိသည်။ (၂၀၁၈) ကလည်း (၇) လတာထိန်း သိမ်းခံခဲ့ရပြီးမှပြန်လွတ်လာခဲ့သည်။ ယခုကဲ့သို့မထင်မှတ်ဘဲဖမ်းဆီးခံလိုက်သည့်အဖြစ်သည် မည်သည့်အ ချိန်၌မဆိုဖမ်းဆီးထိန်းသိမ်းခံရနိုင်၍ ဆရာတော်အနေဖြင့် အထုပ်အပိုးကိုအဆင်သင့်ပြင်ထားရန်သတိပေးလိုက် သကဲ့သို့ဖြစ်နေသည်ဟုဆိုသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်