rvamyanmar

rvamyanmar

၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုက သန့်ရှင်းသောတံခါးကို ပိတ်သိမ်း၍ “မျှော်လင့်ခြင်း” ဂျူ ဘီလီနှစ်ကို အဆုံးသတ်။

သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊ ဖေါ်ပြခြင်းပွဲနေ့ (Epiphany) တွင် ၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လီယိုသည် စိန့်ပီတာ ဗာဆီလီကာ (St. Peter’s Basilica) ကျောင်းတော်ကြီး၌ ဘာသာတူ ၅,၈၀၀ ခန့်နှင့်အတူ မစ္ဆားတရားတော်ကို ဦးဆောင်ပူဇော်ခဲ့ပြီး၊ နောက်ဆုံးကျန်ရှိသည့် “သန့်ရှင်းသောတံခါး” (Holy Door) ကို ပိတ်သိမ်းကာ “မျှော်လင့်ခြင်း ဂျူဘလီနှစ်” (Jubilee Year of Hope) ကို တရားဝင် အဆုံးသတ်လိုက်သည်။  အင်္ဂါနေ့တွင် ကျရောက်သော သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊  ဖေါ်ပြခြင်းပွဲနေ့၌…

မင်းသုံးပါးပွဲ အန်ဂျေလူး မေတ္တာ ရွတ်ချိန် ပုပ်ရဟန်းမင်းကြီးဝေမျှသောတရား။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မင်္ဂလာနေ့လယ်ခင်းပါ။ ဤသန့်ရှင်းသော ကာလအတွင်း ကျွန်ုပ်တို့သည် ပွဲတော်နေ့ရက်များကို ကျင်းပခဲ့ကြပါသည်။ ယနေ့ ကျ ရောက်သော “သခင်ဘုရား၏ ပေါ်ထွန်းခြင်း၊ ဖေါ်ပြခြင်း မဟာပွဲတော်” (Solemnity of the Epiphany) သည် ၎င်း၏ အမည်နာမက ညွှန်းဆိုသည့်အတိုင်း ခက်ခဲသော အချိန်ကာလများ၌ပင် ဝမ်းမြောက်ခြင်းကို အဘယ်အရာက ဖြစ်ပေါ်စေနိုင်ကြောင်း ကျွန်ုပ်တို့အား ပြသနေပါသည်။ သင်တို့သိကြသည့်အတိုင်း “Epiphany” (ပေါ်ထွန်းခြင်း) ဆိုသည်မှာ “ထင်ရှားပြသခြင်း” ဟု အဓိပ္ပာယ်ရပြီး၊ ကျွန်ုပ်တို့၏ ဝမ်းမြောက် ခြင်းသည်…

ကမ္ဘာလုံးဆိုင်ရာ သာသနာပြု ကလေးသူငယ်များပွဲနေ့ကျင်းပ။

ကမ္ဘာလုံးဆိုင်ရာ သာသနာပြုကလေးသူငယ်များပွဲနေ့ကို (၄.၁.၂၀၂၆) တနင်္ဂနွေနေ့ မင်းသုံးပါးပွဲနေ့၌ ကျိုင်းတုံသာသနာ၊ လွိုင်မွေသာသနာစီရင်စု၌ကျင်းပခဲ့ပါသည်။ သာသနာပြုကလေးသူငယ် များပွဲနေ့ မစ္ဆားတရား၌ ကလေးသူငယ်များသည် ကတိသစ္စာပြန်လည်ရွတ်ဆိုခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။ ထိုနောက် ဂိမ်းကစားခြင်း၊ အဆာပြေကြာဇံဟင်းခါးသုံးဆောင်ခြင်း၊ ညနေ ၃ အချိန်၌ ကိုယ်တော်မြတ် ဖူးခြင်းနှင့် ဂျူဘီလီအလံချခြင်း၊ ဂျူဘီလီအခမ်းအနားရုပ်သိမ်းခြင်းအစီအစဉ်များကို ကျင်းပခဲ့ပါသည်။ ပွဲနေ့ မစ္ဆားတရားအစတွင် အိမ်ထောင်သက် (၂၅) နှစ်နှင့်အထက် စုံတွဲများနှင့် သစ္စာမပျက် တစ်ဦးတည်း ကျန်ရစ်နေသူများအား ဗုံ၊ ပလွေများဖြင့် ခမ်းနားစွာ ဘုရားကျောင်းသို့ ကြိုဆိုခြင်း၊ ခက်ခဲသည့် အချိန် ကာလတစ်လျှောက်…

ဂျူဘီလီ (Jubilee) ပွဲတော် – စိန့်ပီတာ ဘာစီးလီကာ ဘုရားကျောင်းရှိ သန့်ရှင်းသောတံခါးပေါက် (Holy Door) ပိတ်ပွဲ အခမ်းအနား။

၁၉၇၅ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် သန့်ရှင်းသောနှစ်တွင် ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (ဒုတိယ) မှ ပိုမိုရိုးရှင်းအောင် ပြုပြင်ခဲ့သည့် အစဉ်အလာအရ၊ တံခါးရွက်များကို ပိတ်ခြင်းကိုသာ လူထု ရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ပြီး တံခါးကို အုတ်ဖြင့် ပြန်လည်ပိတ်ဆို့ခြင်းကိုမူ (၁၀) ရက်ခန့်အကြာ တွင် သီးသန့်ပြုလုပ်သွားမည်ဖြစ်သည်။ ဗာတီကန် သတင်းဌာန ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်သော သခင်ယေဇူး ဘုရားဂုဏ်တော် ထင်ရှားပြသ ခြင်းပွဲနေ့ (Solemnity of the…

ချစ်ခင်လေးစားအပ်ပါသော ညီအစ်ကို မောင်နှမအပေါင်းတို့၊ မင်္ဂလာရှိသော တနင်္ဂနွေနေ့ဖြစ်ပါစေ။

သခင်ဘုရား ဖွားမြင်တော်မူခြင်းပွဲတော်အပြီး ဒုတိယမြောက် တနင်္ဂနွေနေ့မှာ သင်တို့အားလုံးကို ကျွန်ုပ် ၏ ကောင်းမွန်သော ဆုတောင်းမေတ္တာများကို ဦးစွာ အသစ်တဖန် ပေးပို့လိုပါတယ်။ သန်ဘက်ခါမှာ စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်းတော်ကြီးရဲ့ သန့်ရှင်းသော တံခါးပေါက် (Holy Door) ကို ပိတ် သိမ်းခြင်းနဲ့အတူ ကျွန်ုပ်တို့ဟာ “မျှော်လင့်ခြင်း ဂျူဘီလီ” (Jubilee of Hope) ကို ရုပ်သိမ်းတော့မှာ ဖြစ်ပါ တယ်။ ကျွန်ုပ်တို့ ဆက်လက် နစ်ဝင်ခံစားနေဆဲဖြစ်တဲ့ ခရစ္စမတ်ပွဲတော်ရဲ့ နက်နဲရာ အချက်ကတော့ ကျွန်ုပ်တို့…

ဆွစ်ဇာလန်ဘားဆိုင်တစ်ခု၌နှစ်သစ်ကူးပွဲကျင်းပရင်းမီးသင့်၍လူသေမှုဖြစ်ပွား။

 ဇန္န၀ါရီလ ၁၊ ၂၀၂၆) နံနက်အစောပိုင်း၌ဆွစ်ဇာလန်နိုင်ငံ၏ ဘားတစ်ခု၌နှစ်သစ်ကူးပွဲကျင်း ပနေရာမှ မတော်တဆဖြစ်ကဘားဆိုင်၏မျက်နှာကျက်မီးစွဲလောင်မှုဖြစ်ပွားခဲ့သည်။ ထိုအခင်းကြောင့်လူ ပေါင်း (၄၀) ခန့်အသက်ဆုံးရှုံးခဲ့ပြီး၊ (၁၁၀) ကျော်ထိခိုက်ဒဏ်ရာ များရရှိသွားခဲ့သည်ဟုသိရသည်။ ထိုသို့ဖြစ် ပွားခဲ့သည့်သတင်းကြောင့်ရဟန်းမင်းကြီးကအသက်ဆုံးရှုံးသွားသူများအတွက်နှင့်၀မ်းနည်းပူဆွေးနေသောမိသားစု၀င်များအတွက်ဆုတောင်းပေးကြောင်းသံကြိုးစာပေးပို့နှစ်သိမ့်ခဲ့သည်။ သံကြိုးစာကိုပြင်သစ်ဘာသာစကားဖြင့်ရေးသားပြီး ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin မှလက်မှတ်ရေးထိုးပေးပို့ခဲ့သည်။ သံကြိုးစားထဲ၌ ရဟန်းမင်းကြီးအနေဖြင့်မီး သင့်မှု ကြောင့်အသက်ဆုံးရှုံးသွားသောသူတို့၏၀ိညာဉ်ကိုငြိမ်းချမ်း၍အစဉ်ထွန်းလင်းသောနေရာ၌လက်ခံစေရန်ဆုတောင်းပေးကြောင်း၊ ကိုယ်ခံန္ဓာ၌လည်းကောင်း၊ အတွင်းနှလုံးသား၌လည်းကောင်းနာကြင်စွာခံစား ကြေကွဲနေကြသူများအားလည်းအားပေးနှစ်သိမ့်ပါကြောင်း၊ ဘုရားမယ်တော်သည် သူ၏နူးညံ့ သိမ်မွှေ့ ခြင်း၌ ယခုအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရသူအားလုံးကိုနှစ်သိမ့်မှုပေးပါစေကြောင်း၊ မျှော်လင့်ချက်များ လည်းဆက်လက် ရှင်သန်စေပါစေကြောင်းရေးသား၍အခင်းဖြစ်ပွားသော Sionဂိုဏ်းအုပ်သာသနာ ပိုင်ဆရာ တော်Jean-Marie…