rvamyanmar

rvamyanmar

မိဘများပွဲနေ့

မိဘများပွဲနေ့ဂျုလိုင်လ (၂၆)ရက်နေ့ဟာမာရီယားရဲ့မိဘတွေဖြစ်တဲ့သံဂျော့ကင်းနဲ့သံတာအာနားတို့ရဲ့ပွဲနေ့ဖြစ်သလို မိဘများပွဲနေ့လဲဖြစ်တာကြောင့်ဒီကနေ့အစီအစဉ်တွက်သံဂျော့ကင်းနဲ့သံတာအာနားတို့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ပထမဉီးစွာကျမတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့မာတာပိတု မိဘနှစ်ဖြာရဲ့ကျေးဇူးကကြီးမားလှတာကြောင့်ဂါရဝေါဆ ရိုသေထိုက်သူကိုရိုသေခြင်းကမင်္ဂလာတစ်ပါးလည်းဖြစ်တာကြောင့်မိခင်ဖခင်တို့ရဲ့မေတ္တာကျေးဇူးကရုဏာကျေးဇူးကျွေးမွေးစောင့်ရှောက်တဲ့ကျေးဇူး သွန်သင်ဆုံးမတဲ့ကျေးဇူးတွေကိုစတဲ့ကျေးဇူးအထွေထွေအတွက်ကျမတတို့ရဲ့မိဘတွေကိုပထမဉီးစွာကျေးဇူးတင်ဂုဏ်ပြုပါရစေ။

“ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း”

“ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း” “Catholic Church” ဟုစတင်ခေါ်သည့်ရှေးဦးခရစ်ယာန်ခေါင်းဆောင်များ (ကက်သလစ်အသင်းတော်ကို ခရစ်ယာန်ဘာသာဟုခေါ်) “ အေဒီ(၃၃) မှစပြီးခရစ်တော်တည်ထောင်သော ကက်သလစ်အသင်းတော်သမိုင်း( History of Catholic Church)”             ရှေးဦးခရစ်ယာန်တွော ကက်သလစ်အသင်းတော်ဘာသာဝင်များသာဖြစ်ကြောင်းလေ့လာကြမည်။ လူတိုင်းသိသင့်တာကတော့ အေဒီ(၃၀-၁၀၇) အထိ ခရစ်တော်ကိုယုံကြည်ပြီး တမန်တော်များတရားဟောချက်ကို လိုက်နာသောမြို့အသီးသီးကခရစ်ယာန်အားလုံးကို စုပေါင်းပြီး “Catholic Church)ကက်သလစ်အသင်းတော်ဟုျခါ်သည်။ ထိုမြို့များတွင် “ဂျလုစလင်မြို့ကခရစ်ယာန်များ၊ ရောမမြို့ကခရစ်ယာန်များ၊ ကောလောသဲမြို့ကခရစ်ယာန်များ၊ ကောရိန်ဒူးမြို့ကခရစ်ယာန်များ၊ သက်ဆာလောနိတ်မြို့ကခရစ်ယာန်များ၊ အန်တီအုပ်မြို့က ခရစ်ယာန်များ၊ ဧဖက်မြို့ကခရစ်ယာန်များ၊ ဂလာတိမြို့က ခရစ်ယာန်များ နှင့်ဖိလိပ္ပိမြို  ့ခရစ်ယာန်များ ပါဝင်ကြသည်။…

ငရဲငယ်အကြောင်း

အ မေး(အဖြေ) အပိုင်း (၄)(၅)(၆) ငရဲငယ်အကြောင်း အင်္ဂလိပ်စကားလုံးPurgatory သည်LatinစကားလုံးPurgatorium မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။Purgatory ၏ အဓိပ်ပါယ် မှာဝိညာဉ်များတို့ သည် ကောင်းကင်သုခချမ်းသာထဲသို့ဝင်နိုင်ရန် မိမိ၏ ကောင်းမှု အကုသိုလ်များနှင့် အပြစ်အတွက် ဒဏ်ဆပ်ဖြေသောနေရာ ( သို့မဟုတ်) သန့်ရှင်းစင်ကြယ်အောင်ပြု လုပ်ရသည့်နေရာဖြစ်သည်။ တနည်းအားဖြင့် ငရဲငယ် ဟုခေါ်ဆိုပါသည်။Purgatory ရှိကြောင်း Coucil of Trent(1545-1563 AD)မှာကက်သလစ် အသင်းတော်က အတည်ပြုခဲ့ပါသည်။ ငရဲငယ် ရှိကြောင်း ရှေးဦးဖခင်ကြီးများဖြစ်ကြသော St.Tertulian (145-220) St.Ephrem…

သိကြား(ကောင်းကင်)တမန်ဆိုတာ

သိကြား(ကောင်းကင်)တမန်ဆိုတာ Angel (သိကြားတမန်) ဆိုတဲ့ အဓိပ္ပါယ်က သိကြားတမန်ဆိုတာ ဘုရားသခင်အထံတော်မှ သတင်းစကားတော် (message) ကို သယ်ဆောင်တဲ့အချိန်မှ သာလျှင် သူတို့ကို (Angels) သိကြားတမန်လို့ ခေါ်ဆိုနိုင်ပါတယ်။ သိကြားတမန်တော် ဂါဗြီအဲလ်က ပရောဖက်ဒါနီ အဲလ်ထံသို့ ဘုရားသခင်၏ သတင်းတော်ကို ပို့ဆောင်တယ်။ မာရီယားထံသို့ သားတော်ဘုရား လူ့အဖြစ်ယူမည့်အကြောင်းကို ပို့ ဆောင်တယ်။ သိကြားတမန် ရာဖာအဲလ် ကဘုရားသခင််ရဲ့ ကုသခြင်းကို ဆောင်ကြဉ်းပေးသူ (God’s Healer) ဖြစ်ပြီး ခံစားနေရတဲ့ ရောဂါဝေဒ နာ၊ နာမကျန်းမှုတွေကြောင့်…

Mary Magdalene (John 20: 1-2, 11-18)

သူလိုလူ – ၄ {Mary Magdalene (John 20: 1-2, 11-18)} တကယ်တော့ The Apostle to the Apostlesရယ်လို့ ကက်သလစ်သာသနာတော်ကြီးမှ တင်စားဂုဏ်ပြုချီးမြောက်ခြင်းခံရတဲ့ St.Mary Magdaleneရဲ့ ပွဲနေ့က 22’Julyက ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့ပွဲနေ့ဖြစ်စေ၊ပွဲနေ့မဟုတ်သည်ဖြစ်စေ၊ St.Mary Magdaleneဟာ ကိုယ့်ရဲ့အာရုံထဲမှာ မကြာခဏဆိုသလို လွှမ်းမိုးထားနိုင်ပြီး၊ သူမရဲ့အကြောင်းကိုလည်း ခဏခဏ စဥ်းစားထောက်ရှုမိပါတယ်။ အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့ ပြန်ရှင်ထမြောက်တော်မူခြင်း သတင်းကောင်းကို ပထမဆုံး ဦးဦးဖျားဖျား မြင်တွေ့သိရှိခွင့်ရတဲ့သူဟာ St.Mary…

သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ ” ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် -William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ #Environment #Nature #Rvamyanmar

ခရစ်ယာန် သာသနာ၏ ရင်းမြစ်

ခရစ်ယာန် သာသနာ၏ ရင်းမြစ် ကက်သလစ် အသင်းတော်၏ အခြေခံ အချက်မှာ ယေဇူးခရစ်တော် သခင် ကိုယ်တိုင် ကက်သလစ် အသင်းတော်အား တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ကက်သလစ် အသင်းတော်၏ မူလ အစမှာ ဂျေရုစလင်မြို့ရှိ ယေဇူးသခင်၏ တပည့်တော် သာဝကများ လူနည်းစုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တပည့်တော်ကြီးများသည် သူတို့၏ ဆရာသခင် ယေဇူးအား ကားတိုင်တင် အသတ်ခံခဲ့ရမှုကြောင့် အစကနဦးတွင် အလွန်အမင်း ကြောက်လန့်နေခဲ့ကြသည်။ မိမိဆရာအား ရာဇဝတ်သား အဖြစ် သတ်ဖြတ်ခဲ့ချိန်တွင် တပည့်တော်…

စည်းရိုးပေါ်ခွမထိုင်ပါနဲ့

လူသားကမ္ဘာကောင်းကျိုးဖြာစည်းရိုးပေါ်ခွထိုင်ပြီး နှစ်ဘက်လုံးရဲ့အားသာမှု၊ အားနည်းမှုတွေကို လေ့လာအကဲခတ် ပြီးမှအောင်နိုင်မဲ့ဘက်ကို ခုန်ကူးလေ့ရှိသူတွေကို သာမန်လူမှုရေးကိစ္စတွေ ကအစ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေအထိ တွေ့ရတတ်တာကြောင်း “စည်းရိုးပေါ်ခွမထိုင်ပါနဲ့” ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။#goodness #tuesday #rvamyanmar #july2021Photo credit- google

ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။?

ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။? အခြားဘာသာတွေနဲ့ တွေ့ဆုံနှီးနှောတဲ့အခါမှာ မိမိတို့ဘာသာရဲ့ ကိုယ်ပိုင်၀ိသေသတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့လို့ အယူဝါဒပိုင်း (doctorines)နဲ့ ယုံကြည်ရာအချက်များ (beliefs)ကို ဆွေးနွေးဖလှယ်ခြင်း (Dialogue of Discourse)ဆိုတာကိုတော့ သံသယ တွေ အခုလိုရှိနိုင်တယ်။ ယုံကြည်ရာ အယူဝါဒများ ဖလှယ်ခြင်း (theological exchange) ဆိုတာက တကယ်ပြုလုပ် နိူင်ပါမလား။ ဒီလိုအဆင့်ထိ မလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့ပဲ နှီးနှောဆက်သွယ်ကြရင် ပိုမကောင်းဘူးလား။ ဒီမေးခွန်းတွေအတွက် အဖြေဘယ်လိုပေးနိုင်မလဲဆိုတာကို လေ့လာကြရအောင်။ သူ့ဘာသာ…

အမှန်တရား(The Truth)

အမှန်တရား(The Truth) လူတိုင်း လူတိုင်း လွတ်လပ် ပျော်ရွှင်ချင်ကြတယ်။ လွတ်လပ်မှ ပျော်ရွှင်မယ်၊ ပျော်ရွှင်မှလည်း လွတ်လပ်တယ်လို့ ခံယူကြသော်လည်း လွတ်လပ်မှုနှင့် ပျော်ရွှင်မှု နှစ်ခုစလုံးကိုပေး၍ ၎င်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ထားမယ့် အရည်အချင်းတစ်ခုကို မေ့နေတတ်ကြပါတယ်။ ၎င်းအခြေခံ အကျင့်သီလကတော့ အမှန်တရား ပါပဲ။ ( ယောဟန် ၈း ၃၂ )၌ ခရစ်တော် ကိုယ်တိုင်က သင်တို့သည် သမ္မာတရားကို သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။ဟု အမှန်တရားနှင့် လွတ်မြောက်ခြင်းတို့ရဲ့ ဆက်နွယ်နေမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။…