
ရဟန်းမင်းကြီးဖရန်စစ်သည် ဖိုးဖွားထောင်ကျော်နှင့်၄င်းတို့၏မြေးများနှင့်ဗာတီကန်၌တွေ့ဆုံမည်ဟုကြေငြာခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဖိုးဖွားထောင်ကျော်နှင့်၄င်းတို့၏မြေးများနှင့်ဗာတီကန်၌တွေ့ဆုံမည်ဟုကြေငြာခဲ့ ‘A Caress and a Smile’ (အတို့အထိတစ်ချက်၊ အပြုံးတစ်ချက်) ဟုလာမည့်စနေနေ့ (ဧပြီ ၂၇) ရက်နေ့၌ကျင်းပမည့်အစီအစဉ်၏အမည်ဖြစ်ပြီး ထိုအစီအစဉ်ကိုဗာတီကန်အတွင်းရှိ ရဟန်း မင်းကြီးပေါလ် (၆) ခမ်းမ၌ကျင်းပမည်ဖြစ်သည်ဟုကြိုတင်ကြေငြာခဲ့သည်။ ထိုနေ့၌ အီတလီတစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အိုများ၊ အဖိုးအဖွားများနှင့်၄င်းတို့၏မြေးမြစ်များနှင့်အတူရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံမည်ဖြစ်ကာ သက် ကြီးရွယ်အိုများ၊ အဖိုးအဖွားနှင့်၄င်းတို့၏မြေမြစ်များနှင့်တွေ့ဆုံမည်ဖြစ်သည်ဟုဆိုသည်။ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးဌာန၏တာ၀န်ခံဖြစ်သော ဂိုဏ်းချုပ် Vincenzo Paglia ၏ပြောကြားချက်အရ အီတလီနိုင်ငံသည် သက်ကြီးရွယ်အိုအများဆုံးရှိသောကမ္ဘာ့နိုင်ငံများအ နက် ဒုတိယအများဆုံးဖြစ်သည်။ ယခုကဲ့သို့စီစဉ်ကျင်းပရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိ ၌မျိုးဆက်လေးဆက်အတူတကွယှဉ်တွဲနေထိုင်နေကြရသည့်ကာလတစ်ခုဖြစ်ပြီး ဤအခြေအနေမျိုး သည်လွန်စွာဖြစ်ခဲထူးခြားသည်။…









