
ဖာသာရ် Abele Nee Reh (SDB) ၁၄ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၉၊ ၇၊ ၂၀၂၄







ရောမနှင့်အီတလီနိုင်ငံလွတ်မြောက်ရေးအတွက်ကူညီတိုက်ပွဲ၀င်ခဲ့သောအိုင်ယာလန်မဟာမိတ်စစ်တပ်သည် နှစ်ပေါင်း (၈၀) ကြာမှဗာတီကန်သို့ပြန်လည်ခြေချခဲ့ကြ ယနေ့ကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း (၈၀)၊ ရက်စွဲအတိအကျပြောရလျှင် (ဇွန်လ ၁၂၊ ၁၉၄၄) ခုနှစ်က ဗြိတိန်စစ်တပ်၏တပ်မဟာ (၃၈) မှစစ်သားတစ်ဖွဲ့ ရဟန်းမင်းကြီးပီအုစ် (၁၂) ထံလာရောက်ဂါရ၀ ပြုတွေ့ဆုံခဲ့သည်။ ဤစစ်သားများသည် ရောမမြို့တော်အား နာဇီတို့၏လက်မှမလွတ်မြောက်မီ (၈) အလို ၌ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံခဲ့သော မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများအနက် ပထမဦးဆုံးအဖွဲ့ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ အိုင်ယာလန်သည် ကြားနေခဲ့သည်။ သို့သော် ရဟန်းမင်းကြီးအား လာရောက်ဖူးတွေ့ခဲ့သော တပ်မဟာ (၃၈) မှာမူ ဗြိတိန်၏လက်အောက်၌စစ်မှုကူထမ်းနေသောစစ်သားများနှင့်အိုင်ယာလန်လူမျိုး၊ ဗြိတိန်နိုင်ငံသားများရောနေခဲ့ကြသည်။ ယနေ့သည်…

ပြည်နင်ဒဏ်ပေးခံခဲ့ရသည့်နီဂါရာဂွာဆရာတော် ပထမဆုံးအကြိမ် လူမြင်ကွင်း၌ပေါ်လာသည့်ပုံများ ထွက်ပေါ်လာ နီဂါရာဂွာနိုင်ငံ၏အာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်ကြီးအား ပစ်မှတ်ထား ၍တိုက်ခိုက်နေသည်မှာနှစ်အတော်ကြာပြီဖြစ်သည်။ ယခုနောင်းပိုင်းနှစ်များ၌အလွန်ဆိုး၀ါးသောအခြေ အနေသို့ရောက်ရှိနေပါသည်။ နီဂါရာဂွာ၏ကက်သလစ်ဆရာတော် Rolando Alvarez သည် အာဏာရှင်အစိုးရ၏မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် လွန်ခဲ့သော ဇန္န၀ါရီလ (၁၄) ရက်နေ့က အကျဉ်းကျခံနေရာမှ အာဏာရှင်အစိုးရ Ortega နှင့်ဗာတီကန်တို့ကြားညှိနှိုင်း၍ ဆရာတော် Rolando Alvarez အပါအ၀င် အခြားသောဆရာတော်တစ်ပါး၊ ဘုန်းတော်ကြီး (15) ပါးနှင့်ရဟန်းလောင်းကိုရင် (၂) ပါးတို့ကို ပြည်နင်ဒဏ် (နိုင်ငံသားဖြစ်ခွင့်များဆုံးရှုံးရ) ပေးခဲ့ရသည်။ လက်ရှိ၌ ဗာတီကန်၌ခိုလှုံနေကြသည်။…
ပုပ်ဖရန်စစ်သည် ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သောစာချွန်တော်ကို ရေးသားထုတ်ဝေမဝေ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှငိသူမြတ်သည် ယခုနှစ် စက်တင်ဘာလ၌ ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သော စာချွန်တော်ကိုရေးသားထုတ်ေ၀မည်။ ထိုသို့ထုတ်ေ၀နိုင်ရန်ယခုပြင်ဆင်နေကြောင်းဟုမိန့်ကြားလိုက်သည်။ စာချွန်တော်ထဲ၌ ယေဇူးရွှေအနေဖြင့်နှလုံးတော်ကိုအဘယ်သို့ ကြည်ညိုသဒ္ဓါပွားရမည့်အကြောင်း၊ သာသနာ၌လည်း ပျောက်ဆုံးဆိတ်သုန်းနေသော ဤသဒ္ဓါကြည်ညိုမှုကိုပြန်လည်အသက်သွင်းရန်လမ်းညွှန်အလင်းဆောင်ပေးရန်ဖြစ်ကြောင်း၊ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းအစဉ်အလာကောင်းဆိတ်သုန်းနေသကဲ့သို့ ကမ္ဘာကြီး၌ယေဇူးရွှေနှလုံးတော်၏ချစ်ခြင်းနှလုံးသားမျိုးလည်းပျောက်ဆုံးနေကြောင်း ဇွန်လအတွင်းပထမဦးဆုံးအကြိမ် ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌ဘုရားဖူးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဇွန်လသည် ယေဇူးရွှေနှလုံးတော်အား အထူးသဒ္ဓါကြည်ညိုရသောလလည်းဖြစ်သည်။ ယခင်နှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့သည် ရဟန္တာမ မာဂရက်မေရီအာလာကော့မှယေဇူးရွှေနှလုံးတော်အားဖူးတွေ့ခဲ့ရသည့် နှစ်ပေါင်း (၃၅၀) ပြည့်သည့်နှစ်ပတ်လည်ဖြစ်ခဲ့သည်။ ထိုနှစ်ပတ်လည်အားအမှတ်ရဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်၀ှမ်း၌ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းကိုမိမိတို့အစီအစဉ်အတိုင်းကျင်းပလျှက်ရှိရာ လာမည့်နှစ် (ဇွန် ၂၇၊…
ပုပ်ဖရန်စစ်သည် (၂၀၂၅) ၌ကျင်းပမည့်ဂျူဗလီရက်စွဲကိုတရား၀င်ကြေညာ ကာဒီနယ်များ၊ ဆရာတော်များနှင့်ဘုရားဖူးများသည် (၂၀၂၅) ခုနှစ်၌ကျင်းပမည့်ဂျူဗလီရက် စွဲကိုရဟန်းမင်းကြီးမှကြေညာရန်ရှိသောကြောင့် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌စိတ်လှုပ်ရှားစွာစောင့်စားနေခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ကျွန်ုပ်အနေဖြင့် ရဟန်းမင်းကြီး၏ဘာစီးလီကာဖြစ်သော စိန့်ပီတာဘုရားကျောင်းကြီး၏တာ၀န်ခံရဟန်းချုပ်များ၊ ကမ္ဘာတစ်၀ှမ်း၌ရှိနေကြသော ဘုရားကျောင်းများ၏တာ၀န်ခံကိုယ်စားလှယ်များအား ‘Spes non confunit’ (Hope is not confused – မျှော်လင့်ခြင်းသည်ရှုပ်ထွေးစေမည်မဟုတ်) ဟုအမည်ပေးထားသောစာချွန်တော်ကို (၂၀၂၅) ဂျူဗလီပွဲအတွက်ဖြန့်ေ၀ပေး လိုက်ပါသည် ဟုကြေညာခဲ့သည်။ ဤကြေညာစာကို ရဟန်းမင်းကြီး ၏စာချွန်တော်ဟုခေါ်ပါသည်။ ဤစာ၌ (၂၀၂၅) ခုနှစ်၏ ဂျူဗလီပွဲတော်ကြီးကို (ဒီဇင်ဘာ ၂၄) ရက်နေ့၌ စိန့်ပီတာရှိဂျူဗလီတံခါးကိုခမ်းနားစွာဖွင့်လှစ်သွားမည်ဖြစ်…