
ပုပ်ဖရန်စစ်သည် ယခုနှစ်စက်တင်ဘာလ၌ အာရှသို့တမန်တော်ခရီးကြွရောက်မည်

ပုပ်ဖရန်စစ်သည် ယခုနှစ်စက်တင်ဘာလ၌ အာရှသို့တမန်တော်ခရီးကြွရောက်မည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုနှစ်စက်တင်ဘာလ (၂-၁၃) ရက်အထိ အင်ဒိုနီးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့်ပါပူအာနူးဂီနီနိုင်ငံများသို့ တမန်တော်ခရီးကြွရောက်ရန်စီစဉ်ထားကြောင်း ဗာတီကန်သတင်းပြန်ကြားရေးကထုတ်ပြန်ထားသည်။ ယခုတမန်တော်ခရီးစဉ်သည် ရဟန်း မင်းကြီးဖရန်စစ်၏ (၄၃) ကြိမ်မြောက် အီတလီနိုင်ငံပြင်ပသို့ကြွရောက်သော တမန်တော်ခရီးလည်းဖြစ်သည်။ ကြွရောက်မည့်နိုင်ငံအသီးသီး၏ အာဏာပိုင်များမှဖိတ်ခေါ်ချက်ဖြင့်ကြွရောက်မည်ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာ၌ စက်တင်ဘာ (၃ မှ ၆) ရက် နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌မွတ်စလင်ဘာသာ၀င်ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ကက်သလစ်ဘာသာ၀င်ဦးရေမှာ (၈) သန်း (၃.၁) ရာခိုင်နှုန်းသာရှိသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အင်ဒိုနီးရှားမှသည် ပါပူအာနူးဂီနီ၏မြို့တော်…








