မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ်

မေတ္တာရှင်မလေး ဆန်းဒရာဆာဘာတီးနီသည် ဆေးကျောင်းသူ သူတော်မြတ်လူငယ်လေးတဉီးဖြစ်

ဆန်းဒရာဆာဘာတီးနီသည် အီတလီလူငယ်အမျိုးသမီးဖြစ်သည်။ သူသည်အသက်အရွယ်ငယ်ရွယ်သလောက် တစ်ပါးသူအားကူညီယှိုင်းပင်းလိုစိတ်လွန်စွာထက်သန်ခဲ့သူဖြစ်သည်။ ကူလည်းကူညီခဲ့ သည်။

သူ၏စာနာစိတ်၊ ကြင်နာစိတ်ဖြင့် အကူအညီလိုအပ်သူများ၊ ချို့တဲ့နွမ်းပါးသူများ အထူးသဖြင့်လစ်လျူရူစွန့်ပစ်ဖယ်ကြင်ခံရသောသူများကို အရွယ်နှင့်မလိုက်အောင်ကူညီဖေးမတတ်၍ လူချစ်လူခင်ပေါသည်။ အားကိုးသူပေါသည်။

သူသည် ဘုရားတရားလွန်စွာကိုင်းရှိုင်းသူ၊ သူ့ပတ်၀န်းကျင်ကိုအထူးဂရုစိုက်တတ်သူဖြစ်သည်။ သို့သော်သူသည် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးပါးသွားခဲ့ရသည်။ သူ၏ကောင်းမွေများသည် သူ့ကိုသိသောအသိုင်းအဝိုင်းအတွင်း၌ ဆက်လက်ရှင်သန်လျှက်ရှိပါသည်။

သူ့အား (ဩဂုတ်လ ၁၉၊ ၁၉၆၁) တွင်မွေးဖွားခဲ့ပြီး (မေလ ၂၊ ၁၉၈၄) အသက် (၂၂) နှစ်၌ အီတလီနိုင်ငံ၊ ဘိုလိုးညာတွင်ကွယ်လွန်ခဲ့သည်။

သူ့အား (အောက်တိုဘာလ ၂၄၊ ၂၀၂၁) ခုနှစ်က Blessed သူတော်မြတ်အဖြစ်တင်မြောက်ခဲ့သည်။ သူ၏ဂူသချိုင်းကိုရီးမီနီမြို့၊ စိန့်ဂျေရုမ်းဘုရားကျောင်း ၌သဂြိုလ်ထားပါသည်။ သူသည် ဆေးကျောင်းသူတစ်ဦးလည်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy: David Gabler

rvamyanmar
rvamyanmar
Articles: 4126

Leave a Reply

Your email address will not be published. Required fields are marked *