rvamyanmar

rvamyanmar

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၁၈ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၄၊ ၈၊ ၂၀၂၄

ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို

ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ပြည်တွင်းပြည်ပတမန်တော်ခရီးစဉ်များ၌ အစီအစဉ်များစွာကို စနစ်တကျရေးဆွဲ၍ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့်မျက်ခြေမပြတ်တွေ့ဆုံလေ့ရှိ သည်။ အဆိုပါအစီအစဉ်များအနက် ဒေသအတွင်းသာသနာအမှုထမ်းနေသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဥ္စင်းများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ ဓမ္မဆရာ၊ ဆရာ မများနှင့်လည်းတွေ့ဆုံလေ့ရှိသည်။ ထိုသို့တွေ့ဆုံလေ့ရှိသော်လည်း ထူးထူးခြားခြားတွေ့ဆုံမှုကိုလည်းရောက်ရှိလေရာနေရာအတော်များများ၌အစီအစဉ်တစ်ခုအနေဖြင့်ထည့်သွင်းတွေ့ဆုံလေ့ရှိသည့်သာသနာပြုအဖွဲ့တစ်ဖွဲ့ရှိပါသည်။ ထိုအဖွဲ့သည် ‘the Society of Jesus (or) the Companions of Jesus (or) Jesuits’ ဟုခေါ်သော ‘ယေဇူးသခင်၏ မိတ်ဆွေများအသင်း (သို့) ယေဇူးသခင်၏အသင်း၀င်များ…

ဖာသာရ် George Shwe Htun (ရန်ကုန်) ၁၇ ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၃၊ ၈၊ ၂၀၂၄

စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း အမိသာသနာတော်ကြီးသည် နှစ်စဉ် ဩဂုတ်လ (၄) ရက်၌ စိန့်ဂျွန်ဗီအားနေ၏ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ရှိသည်။ သူသည် ပြင်သစ်နိုင်ငံမှ သာသနာပိုင်ရဟန်းတစ်ပါးဖြစ်သည်။ သူ့အားကမ္ဘာ ပေါ်ရှိရဟန်းတော်များစံထားရသောရဟန္တာအဖြစ်လည်းကောင်း၊ ရဟန်းတော်များအားမှိုင်းမသောရဟန္တာအဖြစ်လည်းကောင်း ဂုတ်ပြုထားသည်။အဆိုပါရဟန္တာ၏ပွဲနေ့မတိုင်မီတစ်ရက်အလို ဩဂုတ်လ (၃) ရက်၊ စနေနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် စပိန်နိုင်ငံ၊ Getafe ရှိ ‘ Our Lady of the Angels’ (သိကြားတမန်တော်တို့၏သခင်မ) ရဟန်းဖြစ်တက္ကသိုလ်မှရဟန်းလောင်းကိုရင်တို့ကို ဗာတီကန်၌လက္ခံတွေ့ဆုံခဲ့သည်။ ထိုနေ့သည် ၄င်းတို့၏ရဟန်းဖြစ်တက္ကသိုလ်တည်‌ထောင်ခြင်းနှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်ပြီး ထိုနေ့ကိုအမှတ်ရဂုဏ်ပြုသည့်အနေဖြင့် စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏အုတ်ဂူသို့သွားရောက်ဖူးမြှော်ဂါရပြုဆုတောင်းခဲ့ကြသည်။ ရဟန်းတော်တို့အားမှိုင်းမသောရဟန္တာအားနားစွင့်ထောင်ကြလော့ (Heed the…

ဖာသာရ် George Shwe Htun (ရန်ကုန်) ၁၇ ကြိမ်မြောက်သာမန်ကာလ သောကြာနေ့ဩဝါဒ ၂၊ ၈၊ ၂၀၂၄

ဖာသာရ် George Shwe Htun (ရန်ကုန်) ၁၇ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၁၊ ၈၊ ၂၀၂၄

ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၃၁၊ ၇၊ ၂၀၂၄

31 July 2024ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာ ကောင်းကင်နိုင်ငံတော်ကိုတန်ဖိုးကြီးတဲ့ ရတနာတစ်ခုနဲ့ခိုင်းနိုင်ထားတာကိုကြားနာခဲ့ရတယ်။ ပထမဥပမာကတော့ကောင်းကင်နိုင်ငံတော်ဟာလယ်ကွင်းထဲမှာဝတ်ထားတဲ့ရတနာကိုရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ပြီးတော့သူ့မှာရှိသမျှအရာတွေအားလုံးကိုရောင်းချပြီးတော့ ဒီတန်ဖိုးကြီးတဲ့ရတနာရှိတဲ့လယ်ကွက်ကိုဝယ်ခဲ့တဲ့အကြောင်းဒုတိယဥပမာမှာကျတော့ကုန်သည်တဦးဟာတန်ဖိုးကြီးတဲ့ပုလဲတလုံးကိုတွေ့တဲ့အချိန်မှာသူ့မှာရှိသမျှအရာတွေကိုရောင်းချပြီးတော့ တန်ဖိုးကြီးတဲ့ပုလဲရတနာကိုဝယ်ခဲ့တယ်ဆိုတဲ့အကြောင်းကြားခဲ့ရတယ်။ ဒီပုံဥပမာနှစ်ခုလုံးမှာ ရောင်းတယ်ဝယ်တယ်။ အလကားမရဘူးဆိုတာကိုပြသ သတိပေးနေခြင်းဖြစ်တယ်။ နောက်တချက်ကတော့ကောင်းကင်နိုင်ငံတော်ဟာအရမ်းကိုတန်ဖိုးကြီးမားတယ်။ ဒါကြောင့်သင့်မှာရှိသမျှအရာအားလုံးကိုရောင်းချပြီးတော့အဲဒီအရာကိုဝယ်ရမယ်ဆိုတဲ့သတိပေးခြင်းမျိုးဖြစ်တယ်။ ထာဝရအသက်ရဖို့ ၊ ဘုရားနဲ့အတူတူနေရဖို့၊ ပြီးပြည့်စုံတဲ့ဘဝမှာ ထာဝရရှင်သန်နေရဖို့၊ ဘုရားရဲ့ဘုန်းဂုဏ်တော်မှာပါဝင်စံစားရဖို့၊ ထာဝရပြီးမြောက်ပြည့်စုံသွားဖို့အဲဒီထာဝရအသက်ကိုရဖို့အတွက် လောကသက်တာမှာရှိတဲ့ပေးဆပ်ရမယ့်အရာတွေအားလုံးကိုပေးဆပ်ပြီးမှ တန်ဖိုးကြီးမားတဲ့အရာတစ်ခုကိုရဖို့ ကိုယ့်ဘက်ကလည်းတန်ဖိုးကြီးတဲ့အရာပေးတတ်ရမယ်။ ဒါကြောင့်လည်းသခင်ခရစ်တော်ကငါ့နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်ရမည်။ မိမိကားတိုင်ကိုထမ်း၍ငါ့နောက်သူလိုက်ရမည်။ ငါ့ထက်မိဘ ညီအစ်ကို မောင်နှမကိုချစ်သောသူသည်ငါနှင့်မထိုက်တန်၊ မိမိအသက်ကိုရှာဖွေသောသူသည်အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်မိမိအသက်ကိုဆုံးရှုံးသောသူသည် အသက်ကိုရလိမ့်မည်။ ဓမ္မမိတ်ဆွေတွေကောင်းကင်နိုင်ငံဆိုတာဘာမှမပေးဘဲအလွယ်တကူရမယ့်အရာမဟုတ်ဘူးဆိုတာကတော့ဒီကနေ့သမ္မာကျမ်းစာကကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုသတိပေးနေတယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော့မကြပါစေ

ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၃၀၊ ၇၊ ၂၀၂၄

ဓမ္မမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ကျမ်းစာမှာသခင်ခရစ်တော်ကဂျုံစပါးပင်နဲ့ပေါင်းပင်တွေ အတူတကွပေါက်ရောက်ရှင်သန်ကြီးထွားကြတဲ့အကြောင်း ကိုကြားနာခဲ့ရတယ်။ ကောင်းသောမျိုးစေ့နဲ့မကောင်းတဲ့မျိုးစေ့နှစ်ခုအကြောင်းကိုအဓိကဆိုလိုခြင်းဖြစ်တယ်။ ကောင်းသောမျိုးစေ့ကိုကြဲသောသူဟာသားတော်ဘုရားဖြစ်တယ်၊ မကောင်းသောမျိုးစေ့ကိုကြဲသောသူကနတ်ဆိုးဖြစ်တယ်။ လယ်ကွင်းပြင်ကြီးဆိုတာကတော့ဒီလောကကြီးကိုပြောဆိုခြင်းဖြစ်တယ်။ နောက်ဆုံးသောရိပ်သိမ်းချိန်ဟာ ကပ်ကမ္ဘာကုန်တဲ့နေ့၊ သို့မဟုပ် သေဆုံးသောနေ့၊ ရိတ်သိမ်းမယ့်ပုဂ္ဂိုလ်တွေကတော့ကောင်းကင်တမန်များဖြစ်တယ်။ ဒီပုံဥပမာကနေ ထောက်ရှုကြည်ရအောင် လောကမှာ ကောင်းတာတွေကြီးပဲရှိတာ မဟုတ် ကောင်းတာရော မကောင်းတာရော ရေားပြွန်နေတာကိုသတိရှိကြရမယ်။ ကိုက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလား ကောင်းတဲ့သူလာမကောင်းတဲ့သူလား သိရမယ် ။ ကောင်းခြင်း ဆိုးခြင်း ဆိုတာ နေရာတိုင်းမိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်မှာရှိသလို၊ မိမိတဦးတည်‌မှာတောင် ကောင်းခြင်း မကောင်းခြင်းဟာ အတူတူ ရှိနေတပ်တာကို သတိရှိနေရမယ်။ နောက်ဆုံးသော အချိန်မှာတော့ ကောင်းမှုနဲ့မကောင်းမှုဟာ လုံးဝကွဲးပြားသွားမယ်။ ဘုရားဖန်ဆင်းထားတဲ့ ကောင်းမြတ်တဲ့အရာတွေ…

စစ်မှန်တဲ့ နှီးနှောဖလှယ်ခြင်းဖြစ်စေဖို့ သေချာဂရုစိုက်တယ်ဆိုရင်အဝန်းအဝိုင်းကို ချဲ့ဖို့အချိန်ရောက်ပြီဖြစ်တယ်

စစ်မှန်တဲ့ နှီးနှောဖလှယ်ခြင်းဖြစ်စေဖို့ သေချာဂရုစိုက်တယ်ဆိုရင်အဝန်းအဝိုင်းကို ချဲ့ဖို့အချိန်ရောက်ပြီဖြစ်တယ်