rvamyanmar

rvamyanmar

စစ်ရာဇ၀တ်ကျူးလွန်မှုကိုထိရောက်စွာတားမြစ်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ ၌ ဗာတီကန် တင်ပြဆွေးနွေး။

ဗာတီကန်သည်ကက်သလစ်သာသနာတော်ကြီး၏ဗဟို၊ ရုံးဆိုက်ရာဌာနကြီးဖြစ်သည်။ ကမ္ဘာပေါ်၌ အသေး ငယ်ဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေသည်။ သံတမန်ခရီးလမ်းဖောက် ထားသောနိုင်ငံ ပေါင်း လည်း (၁၈၄) နိုင်ငံရှိသည်။ ထို့အတူ ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း၌လည်းအဖွဲ့၀င် မဟုတ်သော် လည်းအမြဲလေ့လာ စောင့်ကြည့်သူအဖြစ်ပါ၀င်ပြီး၊ အစည်းအ‌ဝေးတိုင်း၌ဗာတီကန်၏ကိုယ်စားလှယ် ပါ၀င်တက်ရောက်လေ့ရှိ သည်။ ဗာတီကန်ယခုကဲ့သို့ပါ၀င်နေခြင်းမှာနိုင်ငံရေး၌ပါ၀င်နေသည်မဟုတ်။ နိုင်ငံရေးသဘောတရား၊ ရပ် တည်ချက်များကိုဧ၀ံဂေလိစံတန်ဖိုးနှင့်အညီချမှတ်လုပ်ဆောင်နိုင်ရန်၊ ရပ် တည်နိုင်ရန်ဧ၀ံဂေလိစံတရား အပေါ်အခြေခံ၍ထိန်းညှိပေးနေခြင်းဖြစ်သည်။ ဘက်လိုက်၊ ယှိုင်နှဲ့ပြောဆို ခြင်းမဟုတ်။ ထိုသို့လည်းမဖြစ် စေရပေ။    ဂိုဏ်းချုပ်ဆရာတော် Gabriele Caccia သည်ဗာတီကန်၏အမြဲတမ်းလေ့လာစောင့်ကြည့် ရေးကိုယ် စားလှယ်အဖြစ်ကုလသမဂ္ဂအစည်းအ‌ေ၀းများ၌တက်ရောက်လေ့ရှိသူဖြစ်သည်။ သူသည်ကုလသမဂ္ဂအစည်းအဝေး၌လူသားအပေါ်ကျူးလွန်သောပြစ်မှုများကိုကာကွယ်ရန်နှင့်ကျူးလွန်သူများကိုထိရောက်စွာအပြစ်ပေးရေးကိုတင်ပြဆွေးနွေးခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်၏တင်ပြဆွေးနွေးချက်ထဲ၌ သန့်ရှင်းသောလူ့အသက်ကိုအကြမ်းဖက် သတ်ဖြတ် နေမှုသည်ဆက်လက်ရှိနေသည့်အပြင်…

(၃၄) ကြိမ်မြောက် ကမ္ဘာ့ဖျားနာသူများနေ့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သဝဏ်လွှာ။

” ကောင်းသော ဆာမာရီတန် ၏ သနားကြင်နာမှု” “သူတစ်ပါး၏ နာကျင်မှုကို ဝေမျှခံစားပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြပါစို့” ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဖျားနာသူများနေ့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် “ကောင်းသော ဆာမာရီတန် ” ပုံပြင်ကို အခြေခံ၍ လျစ်လျူရှုတတ်သော ယနေ့ခေတ် လောကကြီးတွင် ” ကောင်းသော ဆာမာရီတန် စိတ်ဓာတ်” မွေးမြူကြရန် တိုက်တွန်းနှိုးဆော် ထားပါ သည်။ ၁။ လက်တွေ့ကျသော သနားကြင်နာမှုသို့…

ရဟန်းမင်းကြီးလီယို (၁၄) သံတမန်များအားဩ၀ါဒမြွတ်ကြား။

(၁၇၀၁) ခုနှစ် ကသာသနာတော်ကြီးကိုဦးဆောင်နေသောရဟန်းမင်းကြီး ကလေးမင်း (၁၁) က ‘သာသ   နာ၏သံတမန်များမွေးထုတ်ပေးသောကျောင်း’ ကိုတည်ထောင်ခဲ့သည်။ ဤသင်တန်း ကျောင်းသို့ တက် ရောက် ခွင့်ရသောရဟန်းတော်များသည် သင်တန်းပြီးဆုံးသွားသောအခါဗာတီကန်၏သံ တမန်များ အဖြစ်လည်းကောင်း၊ လိုအပ် သည့်အမှုတော်များ၌လည်းကောင်းပေးအပ်သောအမှုတော်ကိုထမ်း ဆောင်ကြရသည်။ ရဟန်းမင်းကြီးများ အနက်ဤ ကျောင်းတက်ရောက်ခဲ့၍သံတမန်များအဖြစ်လည်း ကောင်း၊ အခြားသောအမှုတော်များကိုလည်းထမ်းဆောင်ခဲ့ပြီးနောက် ရဟန်းမင်းကြီးဖြစ် လာခဲ့ကြ သူများမှာ (၁) ရဟန်းမင်းကြီးကလေးမင်း (၁၃)၊ (၂) ရဟန်းမင်းကြီးလေအို (၁၂)၊ (၃) ရဟန်း မင်းကြီး လီယို (၁၃)၊ ရဟန်းမင်းကြီးဘေနေဒစ်…

စပိန်ရထားမတော်တဆမှုတွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်း မေတ္တာနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့။

စပိန်နိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အနည်းဆုံး ၃၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ရထားမတော်တဆမှုတွင် ထိခိုက်ခံစားရသူများနှင့်အတူ ထပ်တူထပ်မျှ ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားလိုက်သည်။ ဗာတီကန်သတင်း (Vatican News) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) က စပိန်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရထားချင်း တိုက်မိ မှုကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အတွက်…

“ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းခြင်းကို အရှိန်မြှင့်ကြပါစို့”

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းမေတ္တာပြုသည့် ရက်သတ္တပတ် (Week of Prayer for Christian Unity) စတင်ခြင်းအထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်အချင်းချင်းအကြား မြင်သာထင်သာရှိသော စည်းလုံးညီညွတ်မှုရရှိစေရန် ဆုတောင်းခြင်းကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်း နှင့် ဤအစီအစဉ်၏ နောက်ခံသမိုင်းကို ပြန်လည် ဝေမျှခဲ့ပါသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ အန်ဂျေလူး (Angelus) မေတ္တာဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ယနေ့ စတင်သည့် လွန်ခဲ့သော…