“သခင်ယေဇူးနှင့်အတူ ရှိနေတတ်ရန် သင်ယူခြင်းသည် ရဟန်းဖြစ်သင်ကျောင်းသား ဘဝအတွေ့ အကြုံ ၏ နှလုံးသား ဖြစ်သည်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မောဖတ်တာ (Molfetta) မြို့ရှိ Pius XI ဒေသဆိုင်ရာ ဓမ္မပညာ ကျောင်းနှင့် အာဗာဆာ (Aversa) မြို့ရှိ Episcopal ဓမ္မပညာကျောင်းတို့မှ အီတာလီလူမျိုး ဓမ္မသင် တန်းသားများနှင့် တွေ့ဆုံစဉ် ဤအားပေးစကားကို မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။

စာပေလေ့လာမှု၊ စည်းကမ်းနှင့် စနစ်တကျ သင်ယူလေ့ကျင့်မှုများသည် အရေးကြီးသော်လည်း ဘုန်း တော်ကြီးဖြစ်ရန် ပြင်ဆင်မှုသည် နောက်ဆုံးတွင် ခရစ်တော်နှင့် ရင်းနှီးသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံ ရေးပေါ်၌သာ အခြေခံရမည်ဟု ရဟန်းမင်းကြီးက အလေးပေးပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များ -
အခမဲ့ ပေးသနားသော ကျေးဇူးတော်: ရှင်မာကု ခရစ်ဝင်ကျမ်းကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီးက ခရစ်တော်၏ ခေါ်ယူခြင်းသည် မိမိတို့၏ ကောင်းမှု ကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော်နှင့် အစပြုသော မေတ္တာတော်ကြောင့်သာ ရရှိသည့် အခမဲ့ ကျေးဇူးတော်ဖြစ်ကြောင်း သတိပေးခဲ့သည်။
အသင်းတော်တစ်ခုလုံးအတွက် မျှော်လင့်ချက် ရောင် ခြည်: (ရဟန်းဖြစ်သင်ကျောင်းသားများ) ဓမ္မသင်တန်းသားများ ရှိနေခြင်းသည် “အသင်းတော်တစ်ခု လုံးအတွက် မျှော်လင့်ချက် သင်္ကေတ” ဟု ခေါ်ဆိုခဲ့ပြီး၊ ဆူညံပြိုင်ဆိုင်မှု များပြားလှသည့် ယနေ့ခေတ် ကမ္ဘာတွင် မှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်ရန် စနစ်တကျ လေ့ကျင့်မှုသည် မရှိမဖြစ် လိုအပ်ဆဲဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
အသိုက်အဝန်းအတွင်း အတူတကွ ယုံကြည်ခြင်း: ရဟန်းဖြစ်ရေး ခရီးလမ်းသည် တစ်ဦးတည်း သွားရသည့် လမ်းကြောင်း မဟုတ်ပါ။ ဓမ္မသင်တန်းသား၊ ရဟန်းဖြစ်သင် ကျောင်းသားများသည် အသိုက်အဝန်း (Community) ၏ လှပမှုကို ခံစားပြီး အဖွဲ့အစည်းဆိုင်ရာ ပါဝင်မှု ကို လက်တွေ့ကျင့်သုံးရန် ခေါ်ယူခြင်းခံရသည်။
လောကသို့ သာသနာပြုရန် ဆင်းသက်ခြင်း: ရဟန်းဖြစ်သင်ကျောင်း ၊ ဓမ္မပညာကျောင်း သင်ယူမှုသည် အမြဲတမ်း ပုန်းအောင်းနေရမည့် ခိုလှုံရာ မဟုတ်ပါ။ ဓမ္မသင်တန်းသားများသည် မိမိတို့ရရှိခဲ့သည့် ဝိညာဉ်ရေးရာ နှင့် ယေဇူးခရစ်တော်၏ သတင်း ကောင်းကို လူထုထံ ပြန်လည်မျှဝေရန် “တောင်ပေါ်မှ ဆင်းရမည်” ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ရဟန်းဖြစ်သင်ကျောင်းသား၊ ဓမ္မသင်တန်းသားများကို မယ်တော်မာရီယားထံ အပ်နှံဆုတောင်း ပေးခဲ့ပြီး၊ ၎င်းတို့နှင့်တကွ မိသားစုများကိုပါ အသင်းတော်တစ်ခုလုံး၏ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

#PopeLeo #CatholicChurch #Vocations #Seminarians #Faith #VaticanNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-09/pope-leo-to-seminarians-learn-to-remain-with-jesus.html

rvamyanmar
rvamyanmar
Articles: 4208

Leave a Reply

Your email address will not be published. Required fields are marked *