အင်္ဂလန်နှင့် ဝေလပြည်နယ်တို့မှ ကက်သလစ်ဆရာတော်ကြီးများက ‘ချို့ယွင်းချက်များပြီး အန္တရာယ် များသော’ အကူအညီဖြင့် အသက်စွန့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြစ်တင်ရှုတ်ချ။

ယူကေ အောက်လွှတ်တော်တွင် အကူအညီဖြင့် မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းဆိုင်ရာ ဥပဒေ ကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ပြင်ဆင်နေချိန်၌ အင်္ဂလန်နှင့် ဝေလပြည်နယ် တို့မှ ကက်သလစ် ဆရာတော်ကြီးများက ထိုဥပဒေကြမ်းသည် “ထိခိုက်လွယ်သည့် ထိခိုက်လွယ်သူ များကို အကာအကွယ်မပေးနိုင်ပါ” ဟု သတိပေးလိုက်သည်။

ယူကေ အောက်လွှတ်တော်သည် မနက်ဖြန် စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် စာဖတ်ပွဲ၌ အကူအညီဖြင့် အသက်စွန့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရန် ရှိသည်။ အဆိုပါ ဥပဒေမူကြမ်းကို လေဘာပါတီ လွှတ်တော်အမတ် လောရင် အက်ဒဝပ်စ (Lauren Edwards) က ဇွန်လ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်က လွှတ်တော်အမတ် ကင်မ် လိဒ်ဘီတာ (Kim Leadbeater) တင်သွင်းခဲ့သည့် နာတာရှည်/အသက်အန္တရာယ်ရှိ ရောဂါသည်များ (ဘဝနိဂုံးချုပ်ခြင်း) ဥပဒေကြမ်းနှင့် မူအားဖြင့် ထပ်တူညီပါသည်။ ယင်းမူကြမ်းမှာ ပြင်ဆင်ချက်ပေါင်း ၁,၂၀၀ ခန့် တင်သွင်းခဲ့ ပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလတွင် အထက်လွှတ်တော်၌ ပယ်ချခံခဲ့ရသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး ရှာရင်တန် – ချို့ယွင်းချက်များပြီး အန္တရာယ်များသော ဥပဒေကြမ်း

အင်္ဂလန်နှင့် ဝေလပြည်နယ်ရှိ ကက်သလစ်အသင်းတော်၏ ကိုယ်စားလှယ်များစွာသည် ယခုရက်ပိုင်း အတွင်း ၎င်းတို့၏ ကန့်ကွက်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြပြီး အသင်းတော်၏ ဝဘ်ဆိုက်တွင် ပြည်သူ များအနေဖြင့် မိမိတို့၏ လွှတ်တော်အမတ်များထံ ဆက်သွယ်၍ ထိုဥပဒေကြမ်းကို ကန့်ကွက်မဲပေးရန် တိုက်တွန်းနိုင်သည့် အွန်လိုင်းဖောင်တစ်ခုကိုလည်း စီစဉ်ပေးထားသည်။ သီးသန့်အားဖြင့် ဘဝရပ်တည် မှုဆိုင်ရာ ကိစ္စရပ်များ၏ ဦးဆောင်ဆရာတော်ကြီးဖြစ်သူ လီဗာပူးလ် ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျွန် ရှာ ရင်တန် (John Sherrington) က မူအားဖြင့်ရော လက်တွေ့ပါ ၎င်း၏ ကန့်ကွက်မှုကို ထပ်လောင်း အတည် ပြုခဲ့ပြီး ထိုဥပဒေကြမ်းကို “ချို့ယွင်းချက်များပြီး အန္တရာယ်များပါသည်” ဟု ဖော်ပြကာ စေတနာမှန် သည့် ပြည်သူများအားလုံး ကန့်ကွက်ကြရန် တိုက်တွန်းခဲ့သည်။

ထိခိုက်လွယ်သူများအတွက် ဆိုးကျိုးများ

ဂိုဏ်းချုပ်ဆရာတော်ကြီး ရှာရင်တန်က “ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ လူနာတွေရဲ့ အသက်ကို ရုပ်သိမ်းရာမှာ ပါဝင်ပတ်သက်နေတာဟာ မူအားဖြင့် လုံးဝမမှန်ကန်ပါဘူး” ထိခိုက် လွယ်သူများအပေါ် ကျရောက်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုကို အဓိကထောက်ပြသွားခဲ့သည်။ ထို့အပြင် ၎င်းဥပဒေကြမ်းသည် “မတရား ဖိအားပေးခံရခြင်းမှ ကာကွယ်ပေးနိုင်သည့် လုံလောက်သော အကာအကွယ်များ မပါဝင်သလို၊ မသန်စွမ်းသူများ၊ အစားအသောက်ပုံမှန်မစားနိုင်သည့် ဝေဒနာရှင်များ (eating disorders) နှင့် အိမ်တွင်းအကြမ်းဖက်ခံရသူများ အပါအဝင် ထိခိုက်လွယ်သူများကိုလည်း အကာ အကွယ် မပေးနိုင်ပါ” ဟု ပြောကြားခဲ့သည်။ ထိုစိုးရိမ်ပူပန်မှုများကို ယင်းနယ်ပယ်များတွင် လုပ်ကိုင်နေ ကြသော အဖွဲ့အစည်းများအပြင် စိတ်ကျန်းမာရေးဆရာဝန်များဆိုင်ရာ ရာဇဝင်ကောလိပ်၊ သက်သာ ချောင်ချိရေး ဆေးပညာအသင်းနှင့် ဗြိတိန် ဆေးဘက်ဆိုင်ရာအသင်း (BMA) တို့ကဲ့သို့သော အဖွဲ့အစည်း များကလည်း လက်ခံကြသည်။

ထို့အပြင် ယင်းဥပဒေကြမ်းသည် ကိုယ်ကျင့်တရားအရ ငြင်းပယ်ခွင့်ကို လုံလောက်စွာ အကာအကွယ် မပေးနိုင်ဘဲ “ပါဝင်ဆောင်ရွက်လိုခြင်းမရှိသည့် သက်ကြီးရွယ်အို/လူနာစောင့်ရှောက် ရေးဂေဟာများ အတွက် မပါဝင်ဘဲ ဖယ်ခွာခွင့်” ကိုလည်း ပံ့ပိုးပေးထားခြင်း မရှိပါ။ ဂိုဏ်းချုပ်ဆရာတော်ကြီး ထောက် ပြသည့် အခြားစိုးရိမ်စရာတစ်ခုမှာ “အခြားနိုင်ငံများ၏ အတွေ့အကြုံများအရ” အကူအညီဖြင့် မိမိ ကိုယ်ကိုသေကြောင်းကြံခြင်းကို တရားဝင်ဥပဒေပြုပေးလိုက်ပါက “သက်သာချောင်ချိရေး စောင့် ရှောက်မှု၏ အရည်အသွေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ရှိစေသည်” ဟု ဆိုသည်။

ပို့စ်မောက်သ် ဆရာတော်ကြီး – ကျင့်သုံးရာတွင် အန္တရာယ်ရှိသော ဖွံ့ဖြိုးတိုးတက်မှုများ

လွန်ခဲ့သော နှစ်ရက်က ပို့စ်မောက်သ် (Portsmouth) မှ ဆရာတော်ကြီး ဖိလစ် အီဂန် (Philip Egan) ကလည်း အဆိုပါဥပဒေကြမ်းကို “အန္တရာယ်ရှိလောက်အောင် ချို့ယွင်းချက်များနေသည်” ဟု ဖော်ပြ ခဲ့သည်။ ဆက်လက်၍ ၎င်းက “တစ်စုံတစ်ယောက်အား မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကူညီ ပေးခြင်း၏ အခြေခံမူကိုယ်တိုင်ကပင် စက်ဆုပ်ဖွယ်ရာ ဖြစ်သည်” ဟု အလေးပေးပြောကြားခဲ့သည်။

ဥပဒေကြမ်း အတည်ပြုလိုက်ပါက အလားတူဥပဒေများ ကျင့်သုံးနေပြီးဖြစ်သော နိုင်ငံများတွင် ဖြစ် ပျက်ခဲ့သကဲ့သို့ နယ်ပယ်အကန့်အသတ်မရှိ တဖြည်းဖြည်း တိုးချဲ့လာမည့် အန္တရာယ်ရှိကြောင်း အီဂန်က ထပ်လောင်းပြောကြားခဲ့သည်။ “ရောဂါကျွမ်းနေသူများတင်မကဘဲ စိတ်ကျန်းမာရေးမကောင်းသူများ၊ စိတ်ဇဝေဇဝါဖြစ်သူများ သို့မဟုတ် စိတ်ဓာတ်ကျနေသူများ၊ နာမကျန်းဖြစ်နေသော ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် အခြားသော ပိုမိုများပြားသည့် လူတန်းစားအမျိုးအစားများပါ အကျုံးဝင် လာပါ လိမ့်မည်။ ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမှ ဒါကို တားဆီးနိုင်မည်မဟုတ်ပါ။ ကနေဒါနိုင်ငံတွင်ပင် သေဆုံး မှု၏ ၅ ရာခိုင်နှုန်းကျော်သည် အဆိပ်ရှိသော ဆေးထိုးပေးခြင်းဖြင့် ဖြစ်နေပါပြီ။”

ဟက်ခ်ဆမ်နှင့် နယူးကာဆယ် ဆရာတော်ကြီး – အသက်သည် ဘုရားသခင်ပေးသော လက်ဆောင် ဖြစ်သည် ဟက်ခ်ဆမ်နှင့် နယူးကာဆယ် (Hexham and Newcastle) ဆရာတော်ကြီး စတီဖင် ရိုက်တ် (Stephen Wright) ကလည်း ၎င်း၏ ကန့်ကွက်မှုကို ထုတ်ဖော်ခဲ့သည်။ “ကျွန်တော် အကူအညီဖြင့် မိမိ ကိုယ်ကိုသေကြောင်းကြံတာကို ကန့်ကွက်ပါတယ်။ အသက်ဆိုတာ ဘုရားသခင်ပေးတဲ့ လက်ဆောင်ပါ။ လူတိုင်းဟာ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံထားရတာဖြစ်ပြီး ဘဝမှာ ဘယ်လို အခြေအနေမှာပဲရှိရှိ၊ ဘာတွေပဲကြုံတွေ့နေရပါစေ လူတိုင်းမှာ လေးစားရမယ့် ဘုရားသခင်ပေးတဲ့ ဂုဏ် သိက္ခာ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် သတ် ဖြတ်ဖို့ မဟုတ်ပါဘူး။”

“စာရိတ္တနဲ့ ကျင့်ဝတ်တွေကို ဖယ်ထားရင်တောင်” “ဒါဟာ မကောင်းတဲ့ ဥပဒေကြမ်းတစ်ခုပါ။ လူ့အဖွဲ့ အစည်းမှာ အထိခိုက်လွယ်ဆုံးသူတွေကို အကာအကွယ်မပေးနိုင်ပါဘူး။ ဒီဥပဒေကြမ်းဟာ မလိုအပ် သလို မှားယွင်းနေပါတယ်။”

#UK #CatholicChurch #LawUpdate #WorldNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/church/news/2026-09/england-wales-assisted-

rvamyanmar
rvamyanmar
Articles: 4230

Leave a Reply

Your email address will not be published. Required fields are marked *