ဒီနေ့မှာ ‘‘မိန်းမတာဝန်’’ဆိုတဲ့ ခေါင်းစဉ်အောက်က အကြောင်းအရာတွေကို Sharing ပေး သွားချင်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ တာဝန်၊ မိန်းမတစ်ယောက်ရဲ့ တာဝန်ဆိုတာ ဘာတွေ ဖြစ်မလဲ။

            အမျိုးသမီးဖြစ်နေလို့ အမေတွေခေတ်ကလို မှီခိုလုပ်မနေသင့်ပါဘူး။

            ပိုက်ဆံရှာမယ်။ မိမိကိုယ်ကို ချစ်မယ်။

            ကျန်းမာရေးလိုက်စားမယ်။

            ဘာသာရေးလိုက်စားမယ်။

            ကောင်းမွန်တဲ့ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်မယ်။

            မိသားစုတာဝန် ကျေမယ်။

            ကိုယ့်ရဲ့ အနာဂတ်ကာလကို မိမိပေါ်မှာပဲ မူတည်နေတာမျိုး ဖြစ်သင့်ပါတယ်။

            ဘဝက ထင်သလောက် မရိုးရှင်းသလို

            လောကကြီးကလည်း မင်းကို စမ်းသပ်နေမှာပါ။

            အမျိုးသမီးဖြစ်နေလို့

            သူတစ်ပါးအပေါ် မှီခိုမိပြီဆိုတာနဲ့

            ကိုယ့်ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေကအစ

            ဒီလူရဲ့ Control အောက်ကို ရောက်မှန်းမသိ ရောက်ရှိသွားပါပြီး။

            မိမိကိုယ်ကို တာဝန်ယူနိုင်တဲ့

            အမျိုးသမိးက ဘယ်အရာမှ မကြောက်ပါဘူး။

            အဖေ့ပခုံးပေါ်က တာဝန်တွေ

            ယောက်ျားပခုံးပေါ်က တာဝန်တွေ

            ခွဲဝေယူနိုင်တဲ့ အမျိုးသမီးတွေက

            Smart ဖြစ်ပြီး ထက်မြက်တဲ့ မိန်းမတွေပဲ

            ပျော့နေရင်တော့ သူများပုံသွင်း သလို ခံရမှာပါပဲ။

            ကိုယ့်တန်ဘိုးတွေ မယုတ်လျော့သွားဖို့

            မိမိကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။

ခေတ်ပညာတွေတတ်အောင်

            လက်လှမ်းမှီသလောက် လေ့လာသင့်ပါတယ်။

            အချိန်တိုင်း အရာရာတိုင်း

            ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ

            ကျန်ခဲ့ရင် ပိုခက်ခဲပါလိမ့်မယ်။

            အမျိုးသမီးဖြစ်နေလို့  ဆိုတဲ့

            ကန့်ထားတဲ့

            ကလကာ မရှိတော့ပါဘူး။

            ကိုယ်တွန်းပေါက်နိုင်သလောက်

            အရိပ်ပေးနိုင်မှာပါပဲ။

            ဆရာမဂျူးရဲ့ စာပဲဖြစ်ပါတယ်။

            ဒီနေ့ခေတ် အမျိုးသမိးတွေအတွက် ရည်ရွယ်ရင်း

            အောင်မြင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက် အဖြစ် တည်ဆောက်နိုင်ပါစေ။

rvamyanmar
rvamyanmar
Articles: 4333

Leave a Reply

Your email address will not be published. Required fields are marked *