“ခရစ်တော်ကဲ့သို့ပင် ဆရာတော်များသည်လည်း လူတိုင်းကို မိမိတို့၏ နှလုံးသားတော်ထဲ၌ ပွေ့ပိုက် ထား ကြရမည်။”

ရောမမြို့တွင် ပြုလုပ်သည့် ဆရာတော်သစ်များအတွက် သင်တန်းဆွေးနွေးပွဲ၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လျင်မြန်စွာပြောင်းလဲနေသော ယနေ့ကမ္ဘာကြီးတွင် အုပ်ထိန်းသူဆရာတော်များအနေဖြင့် သိုး ထိန်းကောင်းဖြစ်တော်မူသော ယေဇူးခရစ်တော်၏ နှလုံးသားတော်ကို အတုယူရန်နှင့် သိုးထိန်းဆိုင်ရာ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ထိရောက်သော သတင်းစကား ပါးလိုက်ပါသည်။

ရဟန်းမင်းကြီးမွက်ကြားသော အဓိအချက်များမှာ-

�ခရစ်တော်နှင့်အတူ အချိန်ပေးရန်ဦးစားပေးခြင်း – �ရဟန်းမင်းကြီးက ဆရာတော်များအနေဖြင့် တပည့် တစ်ဦးကဲ့သို့ ရိုးရှင်းသောနှလုံးသားဖြင့် ဆုတောင်းခြင်း၊ မင်္ဂလာမစ္ဆားတရားပူဇော်ခြင်းနှင့် နှုတ်ကပတ် တော်ရွတ်ဆိုခြင်းတို့မှတစ်ဆင့် ယေဇူးသခင်နှင့်အတူ အစဉ်တည်ရှိနေကြရန် တိုက်တွန်းခဲ့သည်။

• မေတ္တာဖြင့် အတူတကွပါဝင်ခြင်း –

ဆရာတော်၏ အမှုတော်ဆောင်လုပ်ငန်းသည် ‘ချစ်ခြင်းမေတ္တာ၏ အမှုတော်’ ဖြစ်သည်။ ပုပ် ရဟန်း မင်း ကြီးက အုပ်ထိန်းသူဆရာတော်ကြီးများအနေဖြင့် မိမိတို့၏သာသမီး ပြည်သူများ၏ အမည်နှင့် အကြောင်းအရာများကို လေ့လာစုံစမ်းရန်၊ ဝမ်းနည်းဝမ်းသာမှုခံစားချက်များကို မျှဝေရန်နှင့် ဘုန်းတော် ကြီးများ၊ မိသားစုများကို နားထောင်ပေးကြရန် တိုက်တွန်းခဲ့သည်။

• သာသနာပြုနှလုံးသားကို ထိန်းသိမ်းခြင်း –

ယုံကြည်ခြင်းထက်သန်သော သာသနာနယ်ငယ်များ၏ အလှတရားကို မီးမှောင်းထိုးပြရင်း၊ သာမန်ရိုး ရှင်းသော ဂရုစိုက်မှုများဖြင့်သာလျှင် အနက်ရှိုင်းဆုံး အမှတ်ရစရာများကို ချန်ထားနိုင်ခဲ့ကြောင်း ပုပ်ရ ဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

• ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျှော်လင့်ချက်ပါဖြစ်စေ-

နည်းပညာနှင့် AI တိုးတက်လာမှုများကို ရည်ညွှန်း၍ နည်းပညာသည် လူသားများကို အပြစ်မှ မကယ် တင်နိုင်ပါ ဧဝံဂေလိတရားတော်ကသာ ကယ်တင်နိုင်ကြောင်းနှင့် မေတ္တာ၏ယဉ်ကျေးမှုကို တည်ဆောက် ရန်အတွက် ‘Magnifica Humanitas’ စာချွန်လွှာကို ဆွေးနွေးလေ့လာကြရန် တိုက်တွန်းခဲ့သည်။

• လူတိုင်းအတွက် တံခါးဖွင့်ပေးပါ-

မည်သည့်ဘာသာမျှ မကိုးကွယ်သူများအပါအဝင် လူတိုင်းကို လက်ကမ်းရန်နှင့် အများပြည် သူများ နှင့်အတူ လမ်းလျှောက်ရန်၊ ဆုတောင်းရန် ဆရာတော်ကြီးများအား ပုပ်ရဟန်းမင်းကြီးမှ တိုက်တွန်း နိဂုံး ချုပ်ခဲ့ပါသည်။

သီလပါရမီ နှင့် မေတ္တာတရားတို့ဖြင့် ရှေ့ဆောင်နေသော သာသနာတော်၏ ခေါင်းဆောင် ဆရာတော်များ အတွက် အတူတကွ ဆုတောင်းပေးကြပါစို့။

Website: rvamyanmar.org

/ @rvamyanmar8152

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-leo-xiv-new-bishops…

See less

rvamyanmar
rvamyanmar
Articles: 4230

Leave a Reply

Your email address will not be published. Required fields are marked *