

ဒစ်ဂျစ်တယ်ကမ္ဘာနှင့် ခရစ်ယာန်မီဒီယာကျင့်ဝတ် ဆိုသည့်ခေါင်းစဉ်ဖြင့်လူငယ်များအတွက် တစ်ရက် တာသင်တန်းကျင်းပ။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မန္တလေးမြို့ပေါ်ရှိ သာသနာစီရင်စုအသီးသီးမှ လူငယ်များ ၏ တစ်ရက်တာ လူငယ်သင်တန်းကို လူငယ်တာဝန်ခံ ဘုန်းတော်ကြီး Fr. Alphonse Aung Ko Latt မှ ဦး ဆောင်ပြီး ကာသီဒြယ်ရွှေနှလုံးတော် ကျောင်းဝင်း၌ (၂၁.၆.၂၀၂၆) နေ့တွင် ကျင်းပခဲ့ပါသည်။
သင်တန်း ကို အာဗီအေမြန်မာပိုင်းအစီအစဉ် မှ Fr. Peter Kyi Maung မှ ဒစ်ဂျစ်တယ်ကမ္ဘာနှင့် ခရစ် ယာန် မီဒီယာကျင့်ဝတ်ဆိုသည့်ခေါင်းစဉ်ဖြင့် တစ်ရက်တာ နံနက် ၉:ဝဝ နာရီမှ ညနေ ၄:ဝဝ နာရီထိ ပို့ချခဲ့ ပါသည်။
မစ္ဆားတရားမှာ လူငယ်တွေအတွက် Fr. Kyi Maung မိန်းကြားသည်မှာ
“ အမှန်တရား၌ အသက်ရှင်တဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့သူ၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ သူတွေက ဘာမှကြောက်စရာမလိုဘူး။ မေတ္တာတရားသွားတဲ့နေရာတိုင်း၊ အမှန်တရားသွားတဲ့နေရာ တိုင်း၊ သစ္စာတရားသွားတဲ့နေရာတိုင်း၊ ခွင့်လွတ်ခြင်းသွားတဲ့နေရာတိုင်း၊ ငြိမ်းချမ်းခြင်းသွားတဲ့နေရာ တိုင်းမှာ ဘာမှကြောက်စရာမလိုဘူး။ ဒါပေမဲ့အဲ့ဒီအရာတွေနဲ့သွေဖယ်ပြီးသွားပြီဆိုရင်တော့ ကြောက်စ ရာတွေလည်းကြုံရနိုင်တယ်။ ဒီနေ့ခေတ်ဆိုရှယ်မီဒီယာတွေမှာမစဉ်းစားမဆင်ခြင်ပဲ ရေးချင်သလိုရေး တင်ချင်သလိုတင်နေကြတယ်။ မိမိရဲ့ဒီလိုလုပ်ရပ်က မိမိကိုယ်မိမိ ဘယ်လိုလူတန်းစားဆိုတာဖော်ပြနေ တာနဲ့အတူတူပဲ။ဒါအပြင် မိမိကိုယ်ကိုယ်တိုင်ရော မိသားစု၊ သာသနာရော သိက္ခာကျသွားတတ်တယ် ကိုယ့်ကြောင့် အကုန်လုံးဒုက္ခရောက်သွားနိုင်တယ်။
ကိုယ့်ရဲ့အသိညာဏ် အသိစိတ်တွေကို အသုံးမချရတဲ့နေရာမှာ မပျော်ပါနဲ့ အန္တရာယ်ရှိတယ်။ အသိ ညာဿ်အသိစိတ်တွေကို အသုံးချမဲ့နေရာမှာမကြောက်မဝံ့ရပ်တည်ပါ။ မိမိပတ်ဝန်းကျင်ကလူတွေလိမ် လည်နေကြတဲ့အချိန်မှာ ရိုးသားဖို့မကြောက်ပါနဲ့ ပူပြင်သောကရောက်နေတဲ့ပတ်ဝန်းကျင်မှာ ကိုယ်က အေးချမ်းမှုပေးတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့။” ဟုမိန်းကြားခဲ့ပါသည်။
သင်တန်းနဲ့ပတ်သက်ပြီး လူငယ်တာဝန်းခံ ဘုန်းတော်ကြီး Fr. Alphonse ပြောကြားသည်မှာ
ကျွန်ုပ်တို့ ဒီမန္တလေးကက်သလစ်သာသနာအတွင်းရှိလူငယ်များအတွက်လစဉ်သင်တန်းတွေပြုလုပ်ပေး နေပါတယ်။ တစ်လနှင့်တစ်လတော့အကြောင်းအရာတွေတော့မတူဘူး။ ဒီနေ့လို မီဒီယာကျင့်ဝတ်နဲ့အ ကြောင်းအရာတွေကို လူငယ်တွေမီဒီယာကိုကောင်းစွာအကျိုးရှိစွာ အသုံချတတ်ဖို့ တစ်လွဲလမ်းမှား သုံး နေသလိုမဖြစ်ဖို့ ရည်ရွယ်ပြီး ဒီလမှာတော့မီဒီယာနဲ့ဆိုင်တဲ့ သင်တန်းကိုကျင်းပပေးခြင်းဖြစ်ပါပတယ်။
အခုခေတ်လူငယ်တွေက ဆိုရှယ်မီဒီယာပေါ်မှာအများဆုံးအချိန်ဖြုန်းနေကြတယ် ဒါပေမဲ့မီဒီယာနဲ့ပတ် သက်ပြီးတော့ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်တွေကို သူတို့အများပိုင်းကတော့ မသိရှိကြ သေးပါဘူး။ဒါကြောင့်ဒီဟာတွေကိုလည်းသိစေချင်တယ်။ လူငယ်တွေ မီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့ ဒီသင် တန်းလာတက်ခြင်းအားဖြင့် သူတိုစိတ်ထဲမှာ ပိုစ့် တစ်ခုက ငါ့အတွက်ဘာအကျိုးရှိမလဲ ကောင်း ကျိုးရှိ မလား ဆိုးကျိုးရှိမလား ငါလုပ်မိတဲ့အရာကြောင့် ဘယ်လိုသက်ရောက်မှုတွေဖြစ်သွားနိုင်လဲ စတာ တွေ ကိုလည်းထောက်ရှုစေချင်တယ် သိလည်းသိသွားစေချင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
ဒစ်ဂျစ်တယ်ကမ္ဘာနှင့် ခရစ်ယာန်မီဒီယာကျင့်ဝတ် ခေါင်းစဉ်ဖြင့် Fr. Peter Kyi Maung မှပို့ချရာတွင်
“ လူငယ်အားလုံး မိမိကိုယ်ကို မိမိယုံကြည်မှုအပြည့်ရှိနေရမယ် ယနေ့ခေတ်မှာ အခြေအနေ အမျိုးမျိုး ကြောင့် အားလုံးကကြောက်နေကြတယ်။ ပတ်ဝန်းကျင်ရဲ့အခြေအနေကြောင့်လည်း ယုံကြည်မှုတွေ လျော့နည်းလာတယ်။ ဒါကြောင့်မိမိကိုယ်ကိုယ်ကို မိမိ ယုံကြည်မှု ပြန်မြင့်တင်ရမယ် ကြောက်တဲ့စိတ်ကို ဖယ်ပြီး ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ ဆက်သွားဖို့လိုပါတယ်။
ခေတ်ရေစီးကြောင်းအရ လိုချင်တာ၊ ရချင်တာများပေမဲ့ လုငယ်တစ်ယောက်အနေနဲ့ မိဘကို ဒုက္ခမပေး တဲ့သားမီးဖြစ်ရမယ်။ မိမိသည်တစ်ချိန်လုံး မိဘဆီကတောင်းတဲ့သူမဟုတ်ပဲ ထောက်ပံ့ပေးနိုင်တဲ့သူ ဖြစ် ရမယ်။ လူဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်ဆိုတာသိမှ ဒီတန်ဖိုးမပျက်စီးအောင် ဂုဏ်သိက္ခာရှိရှိနေ မယ်၊ ယဉ်ယဉ်ကျေးကျေးနေမယ်၊ ဒီနေရာမှာငါတန်ဖိုးရှိအောင်အလုပ်လုပ်မယ် အဲ့လိုစိတ်ရှိတာက ကိုယ့် တန်ဖိုးကိုယ်သိတဲ့သူတွေရဲ့လုပ်ရပ်ဖြစ်တယ်။ ကိုယ့်တန်ဖိုးကိုယ်မသိဘူးဆိုရင်တော့ ဖြစ်သလိုပဲ နေမှာပဲ အချိန်ဖြုန်းပြီး ဘာကိုမှ အလေးထားမှာမဟုတ်ဘူး။
လူအများစုက တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတဲ့အချိန်မှာ ကိုယ့်ခံစားချက်ကိုပဲဦးစားပေး ပြောဆိုဆက်ဆံနေကြတယ်။ ဒါကြောင့်ဆိုရှယ်မီဒီယာသုံးတဲ့အခါမှာ မိမိပြောလိုက်တဲ့ စကားလုံး၊ အပြုအမူ၊ မိမိရေးလိုက်တဲ့ စာသားတစ်ခုချင်းစီတိုင်းက မိမိဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို ဖော်ပြ သလိုဖြစ်တယ်။ စိတ်ခံစားချက်ကိုအခြေခံပြီးပြောဆိုဆက်ဆံလို့မရဘူး။ဒီလိုလုပ်ရင် ကိုယ့်တန်ဖိုးကို ပြန်ချတာနဲ့အတူတူပဲ။ ဒါကြောင့်ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဒီအချက်တွေကိုသတိထားရမယ်” ဟူပြော ကြားခဲ့ပါသည်။
ဖီလစ် (စိန့်ဇေးဗီးယား လူငယ်ဥက္ကဌ)
ဒီနေ့မီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့ သင်တန်းကိုလာတက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကက်သလစ်အသင်းတော် ကသွန်သင်တဲ့ မီဒီယာသုံစွဲပုံ သုံးစွဲနည်းနဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်အကြောင်းတွေကိုလည်း သိရတယ်။ နောက်ပြီးကျွန်ုပ်တို့လူငယ်တွေဒီဆိုရယ်မီဒီယာကို သုံးတဲ့အချိန် ကိုယ်တင်လိုက်တဲ့ပိုစ့် တစ် ခုဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ မိသားစုရဲ့ဂုဏ်သိက္ခာ၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့သာသနာစသည်တွေကို ထိခိုက်လာနိုင်တဲ့အတွက် မသင်ခင်သေချာပြန်စဉ်းစားသုံးသပ်ပြီးတင်ရန်လိုအပ်တယ်ဆိုတဲ့ အသိတ ရားတွေလည်းရရှိပါတယ်။
အခုခေတ်ကျွန်ုပ်တို့လူငယ်တော်တော်များများ နီးပါးမီဒီယာအပေါ်မှာပဲအချိန်ကုန်နေကြတယ်။ ဒီလိုချိန် မှာခုလို မီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့ အရာတွေကိုပို့ချပေးတဲ့အတွက် လူငယ်တွေအတွက် တကယ်အ ထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီသင်တန်းတက်ခြင်းအားဖြင့် သတင်းတစ်ပုဒ်ကိုဖတ်လိုက် တာနဲ့ ဒီသတင်းကဖြစ်နိုင်လားမဖြစ်နိုင်လား သေချာစဉ်းစားပြီး လက်ခံရမယ်ဆိုတဲ့အသိတရားတွေရရှိ ပါတယ်။ ဒါကြောင့်ဒီသင်တန်းက ကျွန်ုပ်တို့ လူငယ်တွေအတွက် အဖိုးတန်တဲ့အထောက်အကူ တစ်ခု ဖြစ်မှာသေချာပါတယ်။
Lucia
ကျွန်မတို့အသင်းတော်က ခုလိုမီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့သင်တန်းတွေ ပို့ချပေးတာမြင်တော့ဝမ်းသာပါ ပါတယ်။ ဒီနေ့ပို့ချတဲ့ထဲမှာ မှတ်သားစရာအသိပညာတွေအများကြီးရပါတယ် ဆိုရှယ်မီဒီယာရဲ့ကောင်း ကျိုး ဆိုးကျိုးတွေ အကြောင်းတွေ ကိုယ်တင်တဲ့ပိုစ့်ကနေ ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေ ကိုယ်ဘယ်လို လူစားလဲဆိုတာ ဖော်ပြသလိုဖြစ်တယ်ဆိုတာတွေအများကြီးသိရပါတယ်။
အရင်က သိပ်မစဉ်းစားဘူး တင်ချင်လျှောက်တင်တာပါ ပြီးတော့ဒီလို ကိုယ့်ရဲ့အပြုအမူက ကိုယ့်အတွက် သာမက ကိုယ့်ရဲ့မိသားစုတွေ ပတ်ဝန်းကျင်တွေ ကိုပါ ဂုဏ်သိက္ခာကျ စေနိုင်တယ်ဆိုတာတွေကိုလည်း သိရပါတယ်။ သူ့အမြင်ကိုယ့်အမြင်တွေကိုလည်း အချင်းချင်းဆွေးနွေးတိုင်းပြင်ခွင့်ရတဲ့အတွက် လည်း ငါပြောရဲလာပါလားဆိုပြီး ယုံကြည်မှုပိုတိုးလာသလိုခံစားရပါတယ်။



