ဒီနေ့မှာ ဘဲလိုလူစား မကြီးပွားဆိုတဲ့ အကြောင်းအရာကို မျှဝေပေးသွားချင်ပါတယ်။

ဒီနေ့မှာ ဘဲလိုလူစား မကြီးပွားဆိုတဲ့ အကြောင်းအရာကို မျှဝေပေးသွားချင်ပါတယ်။ ဖတ်ခဲ့တဲ့ စာက နေတဆင့် မျှဝေပေးတာဖြစ်ပါတယ်။နားထောင်ကြည့်ပါနော်။ ဘဲဆိုတဲ့ သတ္တဝါက ပြေးတော့ ပြေး ပါရဲ့ယုန်တကောက်လောက် သူမမြန်နိုင်ပါဘူးအမြင့်ပျံတော့ ပျံပါရဲ့ ငှက်လောက်တော့ မပျံနိုင်ပါဘူး။

ခုန်တော့ ခုန်ပါရဲ့ ရှဉ့်လောက်တော့ မခုန်နိုင်ပါဘူး။

ရေကူးတော့လည်းကူးပါရဲ့ ငါးလောက်တော့ မကူးနိုင်ပါဘူး။ကောင်းကင်မြေပြင်၊ ရေပြင်မကျန်ဘယ် အရာကိုမဆို ဟိုစပ်စပ် ဒီစပ်စပ်သူအကုန်လုပ်တတ်တယ် ဒါပေမဲ့ ဘယ်နယ်ပယ်မှ ဘယ်အရာမှာမှ ပရော်ဖက်ရှင်နယ်ကျကျကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင် သူမတတ်ပါဘူး လောကမှ အသိပညာ တစ်ခုဖြစ်စေအတတ်ပညာတစ်ခုဖြစ်စေ ဘယ်အရာကိုမဆို တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူ တတ်မြောက်ထားမှသာအောင်မြင်မှု လမ်းပေါ်ကို လျှောက်လှမ်းနိုင်မှာပါ။

လူတချို့ဟာ ဟိုသင်တန်း၊ ဒီသင်တန်းဟိုပညာ၊ ဒီပညာ၊ ဟိုအတတ်၊ ဒီအတတ် စသည် စသည်ဖြင့် အချိန်ကုန်ခံ ငွေကုန်ခံ၍ မရောင်ရာ ဆီလူးရင်းနဲ့စမ်းတဝါးဝါး ခြေလှမ်းတွေနဲ့ သင်ယူနေ တတ်ကြ ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ကြီးပွားတိုးတက်ချင်သူများကဒီလိုအပြုအမူတွေကို မလုပ်တတ်ကြပါဘူး မိမိကြီးပွားတိုးတက်ခြင်းကို အထောက်အကူဖြစ်မဲ့သင့်လျော်ရာ အခြေခံပညာရပ်များကိုသာ တစိုက် မတ်မတ် အဆုံးစွန်ထိ လေ့ လာသင်ယူတတ်ကြပါတယ်။

ဒါကြောင့် တတ်ထားပညာ မမှားရာလည်း ရည်ရွယ်ချက်မဲ့ ငွေကုန်ခံ၍ ဘာလားမသိ အချိန်ကုန်ပြီး ဟိုအရာစပ် ဒီအရာတတ်ဟုဘဲလိုသင်၍ မထားနှင့် ရည်ရွယ်ထားရာ မြင့်မားရာကို တစ်ခုတည်းသာ – ဦးတည်ထား၍ ဆုံးခန်းတိုင်ထိ မယိုင်မလဲတစိုက်မတ်မတ်ရှေ့ကိုဆက်ခါ သင်ယူပါလေ ထိုသို့ သင်ယူ ကြိုးစားသူများမှာမလွဲဧကန် ကြီးပွားနိုင်ပါတယ်။ မိတ်ဆွေသည် လည်းပဲ ဘဲလိုလူစားမဖြစ်ပါစေနဲ့ ဘဲလိုလူစား မဖြစ်ပါစေနဲ့စာရေးသားသူကို ခရစ်ဒစ်ပေးပါတယ်။နားထောင်ကြည့်လိုက်လို့ အကျိုး တစ်စုံတစ်ရာရလိမ့်မယ်လို့။

rvamyanmar
rvamyanmar
Articles: 4026

Leave a Reply

Your email address will not be published. Required fields are marked *