rvamyanmar

rvamyanmar

St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်)

St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်) #22 April 2021 အေဒီ ၁၆၆-ခုနှစ် စိန့်အန်နီဆဲအူစ် ပျံလွန်သည့်နောက်ပိုင်း စိန့်ဆောတာရ်သည် ရဟန်းမင်းကြီး ဖြစ်လာသည်။ ရဟန်းမင်းကြီးများအနက် (၁၂)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီးဖြစ်သည်။ သူသည် အီတလီပြည် ဖောင်ဒီနီချဲတာဇာတိဖြစ်သည်။ သူ၏(၉)နှစ်သာ အသင်းတော်အား အုပ်ချုပ်သောအချိန်မှာ အယူလွှဲမှားသူ ဖရီကျားများရှိသည်။ ၎င်းတို့၏အယူမှာ အပြစ်ခွင့်လွှတ်မရသည့် အပြစ်များရှိကြောင်း၊ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် ငါ့အားသွန်သင်ကြောင်း ဟောပြောသူ ပေါ်လာသည်။ ထို့ကြောင့် စိန့်ဆောတာရ်က ဤကဲ့သို့သော အယူအဆ ယုံကြည်သူသည်…

St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109)

St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109) 21 April 2021 သူသည် အီတလီပြည် အာအိုစတာ၌ မွေးဖွားသည်။ မြင့်မြတ်သောမှူးမတ် အမျိုးအနွယ်ဖြစ်သည်။ မိခင်သည် ကောင်းမြတ်သိမ်မွေ့ရုံသာမက ဘုရားတရား ကြည်ညိုလေးစားသူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့သား အန်းဆဲလ်အား ဘုရားတရား ကြည်ညိုယုံကြည်ရန် သွန်သင်ခဲ့သည်။ အန်းဆဲလ်သည် မိခင်သေဆုံးပြီးနောက်ပိုင်း ဖခင်က အန်းဆဲလ်အား ရက်စက်စွာ ပြုမူဆက်ဆံသည့်အတွက် ပြင်သစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နှစ်အတန်ကြာ လျှောက်သွားလာပြီး ၁၀၆၀-ခုနှစ် ဘက်နော်မံဒီတွင်…

St. Agnes of Montepulciano (Virgin), စိန့်အာဂနက်စ် (ကညာစင်) (1268-1317)

St. Agnes of Montepulciano (Virgin), စိန့်အာဂနက်စ် (ကညာစင်) (1268-1317)20 April 2021အာဂနက်စ်သည် တာစ်ဂနစ်မှ မှူးမတ်အနွယ် သမီးတစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်ကစပြီး ဝိညာဉ်ထက်သန်ကြောင်း ထင်ရှားသည်။ အသက်(၉)နှစ် သမီးအရွယ်ကစပြီး ဒေလ်ဆာရိုရှိ စည်းကမ်းတင်းကျပ်စွာ ဖွဲ့စည်းသည်။ ဖရန်စစ် စစ္စတာကျောင်းသို့ ဝင်ခဲ့သည်။ (၁၅)နှစ်အချိန်မှာ ပါရိုချဲနိုရှိ ဒေါမီနစ်ကန်ကွန်ဗင့် အကြီးအကဲအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၎င်းကွန်ဗင့်အား ပုပ်ရဟန်းမင်းကြီး နီကောလာစ် စတုတ္ထမြောက်(၄)က တည်ထောင်ပေးခြင်းဖြစ်သည်။ သူမ၏ဇာတိရွာသားများက မွန်တေပိုရှားနိုမှာ ဒေါမိနစ်ကန်သီလရှင်ကျောင်းဖွင့်ရန် တောင်းဆိုကြသည်။ ၁၂၉၈-ခုနှစ်၌ (Celebrated…

St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054)

St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054) 19 April 2021 ဘရုနုသည် ဧကရာဇ်မင်း ကုန်ရတ်နှင့် ဆွေမျိုးတော်သူဖြစ်သည်။ ဘရုနုသည် အသင်းတော် ဥပဒေဆိုင်ရာပုဂ္ဂိုလ် (၁၅)ဦးအနက် (Toul)တိုလ်အတွက် တစ်ဦးဖြစ်သည်။ ဆရာတော်များ (၂၅)ပါးလည်းပါသည်။ ၎င်းအချိန်မှာ အသင်းတော်သည် နှစ်ပေါင်း(၂၀)အတွင်း ဒုက္ခအခက်အခဲ ကြုံတွေ့ချိန်ဖြစ်သည်။ ၁၀၄၉-ခုနှစ်၌ ရောမမြို့သို့ ခရီးလှည့်သည့်အချိန်မှာ ရဟန်းမင်းကြီးအဖြစ် တင်မြောက်တော်မူခြင်းအား လက်ခံသည်။ (၅)နှစ်အတွင်းသာဖြစ်သည်။ သူသည် အချိန်တိုတောင်းလှသော အုပ်ချုပ်ချိန်မှာ ကြိုးစားစွာ ပြုပြင်ပြောင်းလဲရေးအား…

St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်)

Sunday, April 18, 2021 St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်) 18 April 2021 စိန့်ကားလ်ဒီနူးစ်သည် မီလန်မြို့၏ကိုးစားရာ ရဟန္တာအဖြစ် သတ်မှတ်ကြသည်။ သူ့နာမည်အား လီတာနီဆုတောင်းရာ၌ စိန့်အာမ်ဘရုစ်နှင့် စိန့်ချာလ်စ်ဘရိုမေရိုတို့ပြီးရင် အမြဲတမ်း သူ့နာမည်က ပါဝင်ရသည်။ သူသည် မီလန်ဆရာတော်၏ အတိုင်ပင်ခံသူလည်းဖြစ်သည်။ ၁၁၅၀-ခုနှစ် ပုပ်ရဟန်းမင်းကြီး အလက်ဇန္ဒြား(၃) ရွေးကောက်သည့်အချိန်မှာ တချို့ကာဒီနယ်များက အတိုက်အခံ ပြုလုပ်ကြသည်။ မီလန်မြို့က အာဏာပိုင်အစိုးရအား အာခံခဲ့ပြီးဖြစ်သည်။ ဖရက်ဒီများက မြို့အားဝင်ရောက်သိမ်းပိုက်၍ ဆရာတော်ဟူးဘတ်နှင့် ဦးပဉ္စင်းကြီး…

St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April)

St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April) သူသည် စီရီယားပြည် အေမေဆာမြို့၌ မွေးဖွားခဲ့သည်။ ရှင်ပီတာပြီး (၁၁)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ အေဒီ ၁၅၅-ခုနှစ်တွင် စိန့်ပီအူးစ် (၁)အား ဆက်ခံသည်။ သူအုပ်ချုပ်ပြီး (၁၁)နှစ်လောက် ကြာသောအချိန်မှာ ရောမမှာနေသောတချို့က အတိုက်အခံပြု၍ အနှောက်အယှက် ပေးကြသည်။ ၁၅၅-ခုနှစ်တွင် စိန့်ပေါလီကဒ်၊ စမီနာဆရာတော်ကြီးသည် စိန့်အာနီချေတုစ်နှင့် ပါစကားပွဲ ကျင်းပရမည့် နေ့ရက်အား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ဆရာတော်ကြီးများသည် စည်းလုံးညီညွတ်စွာ နေလိုကြသည်။ အာရှတိုက်မှာနေသော အသင်းတော်သည်…

St. Mary Bernard Soubirous (Virgin), စိန့်မေရီဘဲနဒ်စိုဘရာစ် (ကညာစင်) (1844-1879)

St. Mary Bernard Soubirous (Virgin), စိန့်မေရီဘဲနဒ်စိုဘရာစ် (ကညာစင်) (1844-1879)(16 April)စစ္စတာရ်မေရီ ဘဲနဒ်စိုဘရာစ် (သို့မဟုတ်) စစ္စတာရ် ဘက်နဒက် (Sr. Bernadette) သည် ၁၈၄၄ ခုနှစ် ဇန္နဝါရီလ-၇-ရက်နေ့တွင် လုဒယ်မြို့၌ မွေးဖွားခဲ့သည်။ ပြင်သစ်ပြည်၌ နာမည်ကျော်ကြားသော ရဟန္တာဖြစ်သည်။ ညီအစ်ကိုမောင်နှမ (၈)ယောက်အနက် အကြီးဆုံးသောသူဖြစ်သည်။ ဖခင်သည် ကြိတ်စက်အလုပ်သမားဖြစ်၍ မိသားစုအား နေ့စားလုပ်ငန်းဖြင့် ပြုစုကျွေးမွေးခဲ့သည်။ ဘက်နဒ်သည် ငယ်ရွယ်စဉ်ဘဝမှစ၍ ကျန်းမာရေးချို့တဲ့သော်လည်း အိမ်နီးနားချင်းများထံမှာ ကလေးထိန်းလုပ်ငန်းဖြင့် ဝင်ငွေရှာလုပ်ကိုင်ခဲ့သည်။ အသက်အရွယ်ကြီးလာသောအခါ သိုးများကျောင်းခဲ့သည်။…

St. Benedict Joseph Labre, စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ (15 April )

St. Benedict Joseph Labre, စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ (15 April ) စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ ကို ပြင်သစ်ပြည် ဘောကွန်မြို့၌ မွေးဖွားသည်။ ညီအစ်ကို မောင်နှမ(၁၅)ဦးအနက် အကြီးဆုံးဖြစ်သည်။ တောင်သူလယ်သမား၊ ဆိုင်ရောင်း အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ ဦးလေးကျောင်းထိုင် ဘုန်းတော်ကြီးထံ ပညာသင်ကြားခဲ့သည်။ သို့သော် ရဟန်းဘောင်ဝင်ရန် ခေါ်တော်မူခြင်း မရကြောင်း သူနားလည်သည်။ သို့သော် ဘဝတမျိုးဖြင့် ဘုရားအတွက် အမှုထမ်းဆောင်ရန် သဘောပေါက်သည်။ ရသေ့ကျောင်းများ၌ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။…

Sts. Tiburtius, Maximus and Valerian (Martyrs), စိန့်တီဘုတီအုစ်၊ မက်ဆီမူးစ်နှင့် ဗာလေးရီယန် (ဓမ္မအာဇာနည်များ)

Sts. Tiburtius, Maximus and Valerian (Martyrs), စိန့်တီဘုတီအုစ်၊ မက်ဆီမူးစ်နှင့် ဗာလေးရီယန် (ဓမ္မအာဇာနည်များ) #14 April 2021 ရဟန္တာများဖြစ်ကြသော စိန့်တီဘုတီအုစ်၊ ဗာလေရီယန်တို့သည် ဂုဏ်ကျက်သရေ၊ ချမ်းသာကြွယ်ဝသော ရောမမြို့သားများ ဖြစ်ကြသည်။ ၎င်းအချိန်မှာ အလက်ဇန္ဒြား အုပ်ချုပ်ချိန်ဖြစ်သည်။ တရားတော်အတွက် အသေခံသောသူများထဲမှာ (Valarius) ဗာလေရီအုစ်သည် တီဘုတီအုစ်နှင့် ညီအစ်ကိုတော်ကြသည်။ သူတို့နှစ်ဦးစလုံး ရုပ်ထု၊ ဆင်းထု ကိုးကွယ်သူများ ဖြစ်ကြသော်လည်း တရားနည်းလမ်းအတိုင်း ကျင့်ကြံနေထိုင်ကြသည်။ စိန့်ဗာလေရီယန်သည် မင်းတိုင်ပင်ခံမှူးမတ်ဖြစ်သည်။ နာမည်ကျော်ကြားသော ရောမမှူးမတ်ဖြစ်သည်။…

St. Martin (I), စိန့်မာတင်း (၁)

St. Martin (I), စိန့်မာတင်း (၁) 13 April 2021 စိန့်မာတင်း၏ (၆)နှစ်တာ အသင်းတော် အုပ်ချုပ်သည့် ကာလတွင် (Latesan Council) လာသရင်းကောင်စီ ကျင်းပပေးခဲ့သည်။ ဆရာတော် (၁၀၅)ပါး ပါဝင်စည်းဝေးကြသည်။ ရောမမြို့၌ ကျင်းပသော ဤအစည်းအဝေး၌ ခရစ်တော်၏ လူ့ဇာတိအဖြစ် ယူခြင်းအားဖြင့် ငြင်းပယ်သူများအား ချေပကြသည်။ ကောင်စီ၏ ပြဌါန်းချက်အား ဧကရာဇ်မင်း ကွန်စတန်တင်(၂)က ဆန့်ကျင်သည်။ ပုပ်ရဟန်းမင်းကြီးအား အသက်အန္တရာယ်ပေးရန် ကြိုးစားသည်။ ဘုရင်မင်းကြီး ပုပ်ရဟန်းမင်းနေရာသို့ တိတ်ဆိတ်ဝင်ရောက် ဖမ်းစေသည်။…