rvamyanmar

rvamyanmar

ဇွန်လ( ၉ )#ရဲစွမ်းသတ္တိနှင့်ပြည့်စုံတော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ( ၉ )#ရဲစွမ်းသတ္တိနှင့်ပြည့်စုံတော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါအသက် (၁၂)နှစ် အရွယ်က ဂျေရုဇလင်ကျောင်းတော်၌ ငါနေရစ်ခဲ့ခြင်းဖြင့် ငါ၏မယ်တော်နှင့် အုပ်ထိန်းသူသံဇူဇယ်ကို များစွာဝမ်းနည်းပူဆွေးစေမည်အကြောင်း၊ ငါသည်အတတ်သိငြားသော်လည်း ငါ့ခမည်း တော်ဘုရား၏အလိုတော်ကို ပြည့်စုံစေရန်ှနှင့်ခမည်းတော်ဘုရားက ငါ့အတွက်စီမံခန့်ခွဲထားသည့်အမှုကို ထမြောက် အောင်မြင်စေရန် ဤကဲ့သို့ငါပြုခဲ့လေ၏။ ဤသို့ပြုရန်လည်း ငါ၌ရဲစွမ်းသတ္တိလိုအပ်ခဲ့ပေသည်။ ထို့အတူ သင်သည်လည်း ဤတသက်တာအတွင်းနေ့စဉ်တွေ့ကြုံရသောအခက်အခဲများ၊ စုံစမ်းခြင်းများနှင့် ဆင်းရဲဒုက္ခများကိုရင်ဆိုင်နိုင်ရန် သင်၌ရဲစွမ်းသတ္တိလိုပေလိမ့်မည်။ သင်သည်သီလဘောင်သို့ ခေါ်တော်မူခြင်းခံရ သောအခါ လောကအချည်အနှောင်များကိုဖြတ်တောက်ခြင်း၌ အခက်အခဲတွေ့ခဲ့ပါလျှင်၊ ငါ၏ရဲစွမ်းသတ္တိကိုအောက် မေ့သတိရလျှက်၊ ဘုရားသခင်၏အလိုတော်ကိုလိုက်လျောရန် ကြောက်ရွံ့ခြင်းမဲ့ ရဲ့ရင့်စွာရှေ့သို့တက်သွားပါလော့။ ငါသည် အထင်အရှားလှည့်လည်သွား၍ တရားတော်ကိုဟောပြောခြင်းမပြုမှီ၊ နှစ်ပေါင်းကြာရှည်စွာ စောင့်ရ ခြင်း၌လည်း…

ဇွန်လ(၈)#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၈)#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါ၏ရွှေနှလုံးတော်ကျောင်းသို့လာ၍ သင့်အားငါဝေငှလိုသော သင်္ခန်းစာများကိုသင်ကြားပါလော့။ ငါသည် နူးညံ့သိမ်မွေ့နိမ့်ချသောနှလုံးရှိသည်ကိုငါ့ထံ၌သင်ကြားပါလော့။ နိမ့်ချခြင်းကြောင့်သာလျှင် အထက် ကောင်းကင်မှ ဗက်သလေဟိမ်နွားစားခွက်သို့ ငါဆင်းလာခဲ့၏။ ငါ၏ဖွားမြင်ခြင်းသည် မထင်မရှား၊ သိမ်ငယ်လှသ ဖြင့် ကောင်းကင်တမန်တော်များက မကြေငြာခဲ့ပါလျှင် ဤလောကသို့ငါဆင်းကြွလာသည်ကိုပင် လူတို့တွင်တစ်ဦး တစ်ယောက်မျှ သိနိုင်မည်မဟုတ်ပေ။ ငါ၏ဖွားမြင်ခြင်းတွင် အဦးဆုံးသောနန်းတွင်းသူ နန်းတွင်းသားများကား သိုးထိန်းများဖြစ်ကြသတည်း။ ငါ၏စစ်တပ်၌ကား ဆင်းရဲသားတံငါ (၁၂)ယောက်သာရှိ၏။ ငါ၏နန်းတွင်းကား သေး ငယ်သောရွာကလေး၌ သေးငယ်သောအိမ်ကလေးပင်ဖြစ်သည်။ ငါ၏သာသနာကိုစတင်ဟောပြောသောအခါ၌ နာ ဇရက်မှ ကောင်းသောအရာတစ်စုံတခုမျှ ဖြစ်လာနိုင်သလားဟု မခန့်မညားအမေးခံခဲ့ရ၏။ ငါ၏ယဇ်ပလ္လင်ကား ကာလ်ဝါရီတောင်ပေါ်မှ ကရုစူးတံကျင်ပင်ဖြစ်လေ၏။…

ဇွန်လ (၇): #နားထောင်တော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ (၇): #နားထောင်တော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ယနေ့ငါသည် လောကကြီးကိုလှည့်လည်ကြည့်ရှုရန် နားထောင်ခြင်း ပါရမီသည် လောကကြီးထဲ၌ ပျောက်ဆုံးသကဲ့သို့ ရှိနေသည်ကို တွေ့ရသဖြင့် ငါ၏ရွှေနှလုံးတော်သည် မသာမယာ ဝမ်းနည်းဖြင်းဖြစ်ရာ၏။ မိဘများသည်လည်း ၎င်းပါရမီကို လေ့ကျင့်ရန်အတွက်သားသမီးများကို အတင်းအကြပ် မပြုကြတော့ချေ။ ကလေးများသည်လည်း လွတ်လွတ်လပ်လပ်နေခြင်းကို မိမိတို့အခွင့်အရေးဖြစ်သည်ဟု ယူဆကြကုန်၏။ သို့သော်ငါ့ခမည်းတော်သည် လူအပေါင်းတို့အား ၎င်းပါရမီကိုသင်ပေးရန်အလို့ငှါ ငါ့အားကောင်းကင်မှ လောကသို့ ဆင်းလာစေရန် အလိုတော်ရှိ၏။ ငါသည် ဗက်သလေဟိမ်မှ ကာလ်ဝါရီတောင်ပေါ်အထိ နားထောင်ခဲ့၏။ ပဌမဆုံး ငါဖန်ဆင်းထားသော သတ္တဝါများဖြစ်သည့် ငါ့မယ်တော်နှင့် သံဇူဇယ်ကို နားထောင်သည့်အပြင်…

ဇွန်လ (၆)။ #သည်းခံတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၆)။ #သည်းခံတော်မူသောယေဇူး_ရွှေနှလုံးတော်။ ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို #ယေဇူးရွှေနှလုံးတော်နှင့်_နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။ ငါ့သား၊ ငါ၏နှလုံးတော်ကား သည်းခံခြင်းပါရမီ၏ စုံလင်သောပုံစံတော်ဖြစ်၏။ ထိုပါရမီကိုလေ့လာသင်ကြားရန် ငါ့ထံသို့ချဉ်းကပ်ပါလော့။ ဖြစ်သမျှအရာအားလုံးကို သည်းခံစိတ်နှင့် ခံထမ်းရန်သင်ကြားရာ၏။ အကြောင်းမူကား သင်၏ တစ်သက်တာသည် ပုခက်တွင်းမှသင်္ချိုင်းတွင်းအထိ ကရုစူးထမ်းရာလမ်းဖြစ်သတည်း။ ဗက်သလေဟိမ်မြို့၌ အချမ်းအအေးနှင့်ဆင်းရဲသောနွားစားခွက်တွင် ဘွားမြင်ခြင်းကိုမညည်းတွားပဲ ငါခံ ထမ်းခဲ့၏။ ငါမထင်မရှားအသက်တော်ရှိစဉ်အခါ ငါ၏ကိုယ်ချင်းစာတရားနှင့် ပြည့်ဝသောနှလုံးတော်သည် အံ့ဖွယ်ရာ တန်ခိုးလက္ခဏာများကို ပြုလုပ်ရန်တိုက်တွန်းခဲ့၏။ သို့သော်ငါ၏အချိန်နာရီမရောက်သေးသဖြင့် ငါ့ကိုယ်ကို…

မေတ္တာခြုံမှ လုံပါမည်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” မေတ္တာခြုံမှ လုံပါမည် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရိုက်ကူး – ပေါလ် တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး #rvamyanmar #rvapastoralcare #Environment

ဇွန်လ (၅) #ချစ်ခင်တတ်သောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၅) #ချစ်ခင်တတ်သောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ချစ်လေးမြတ်ခြင်းပါရမီသည် ငါ၏နှလုံးတော်အလွန်နှစ်သက်မြတ်နိုးတော်မူသော ပါရမီဖြစ်သဖြင့် ငါသည်သင်တို့ကိုချစ်သကဲ့သို့သင်တို့သည်လည်း အချစ်ချင်းချစ်ကြကုန်လောဟု၊ ငါ၏တပည့်တော်ကြီးများအား နောက်ဆုံးပညတ်တော်ငါပေးခဲ့၏။ နှလုံးအပေါ်င်းတို့၏သခင်ဖြစ်သောငါသည်ဝိညဉ်တိုင်း၏ အကြံအစည်နှင့် ရည် ရွယ်ချက်များကိုသိသော်လည်း ငါ၏ပတ်ဝန်းကျင်ရှိဝိညာဉ်တို့၏ချို့ယွင်းခြင်းများကို ဘယ်အခါမျှအသမပေးခဲ့ပေ။ လောကီသားတို့အပြစ်တင်စေခြင်းငှါ သူတစ်ပါးတို့၏အပြစ်ကိုထုတ်ဖော်ပြမည့်အစား ဖုံးကွယ်ရန်ငါကြိုးစားခဲ့၏။ သင်၏နှလုံးထဲ၌ကြင်နာတတ်သော အကြံအစည်များ၏မျိုးစေ့ကို နက်နက်ကြဲချပါလော့။ သင်နှင့်တွေ့ကြုံ ဆက်ဆံရသောသူတို့၏ ပါရမီများကိုသာအောက်မေ့ပါလော့။ ဝိညာဉ်ဆောင်ရွက်ခြင်းတို့၏အကြောင်းရင်းကိုသာ လျှင် ဆုံးဖြတ်နိုင်ခွင့်ရှိ၏။ အမှားမရှိသောနေရာတွင် အမှားမမြင်ပါနှင့်။ ဤအကြံအစည်တို့၏မျိုးစေ့များကို သင်၏ နှလုံးထဲ၌ ကြဲချပြီးနောက်ပေါက်လာသောအဖိုးတန်သစ်ပင်သည် ကြင်နာသောစကားတည်းဟူသော အပွင့်များပွင့် လာသည့်တိုင်အောင် ငါ၏ကျေးဇူးတော်စမ်းရေဖြင့် သွန်းလောင်းတော်မူမည်။ ကြင်နာသောစကားများသည် များ…

ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ မစ္ဆားယဇ်ပူဇော်ခြင်းပြီးဆုံးသည်ဖြစ်၍ ရဟန်းသည် ဘုရားစင်ခန်းမှထွက်ခွါသွားလေပြီ။ သိကြား တမန်တော်များမူကား မစ္ဆားယဇ်ပူဇော်ရာပလ္လင်ကို ဝန်းရံကာ ရှိခိုးကိုးကွယ်လျက်ရှိနေကြသေး၏။ ငါ့သား၊ မကြောက်ပါနှင့်။ သင့်ကိုငါပစ်ထားသည်မဟုတ်ပါ။ ကိုယ်တော်မြတ်ခွက်ထဲတွင်ရှိသော သြစတီးယားမုန့်အချပ်တိုင်း ၌ ငါသည်ဘုရားအဖြစ်လူ့အဖြစ်နှစ်ပါးနှင့်တကွ ကောင်းကင်ဘုံမှာကဲ့သို့ ကိန်းအောင်းလျက်ရှိသည်ဖြစ်၍ ငါ့ကိုပင့် ယူလိုသောသူတို့ထံသို့ကြွလာရန် ချစ်ခြင်းစိတ်ဇောနှင့် ငါ၏နှလုံးတော်သည်ခုန်လျက်ရှိနေ၏။ သို့ဖြစ်၍ ငါဖိတ်ခေါ် နေသည်ကိုမငြင်းပယ်ပါလေနှင့်။ သင်၏နှလုံးထဲသို့ ငါကြွလာနိုင်တော်မူရန် ကိုယ်တော်မြတ်စားပွဲတော်သို့ နေ့စဉ် နံ နက်တိုင်းချည်းကပ်ပါလော့။ ဆည်းလည်းသံကလေးကား ရဟန်းသည်ငါ၏တန်ခိုးအာဏာနှင့် ကောင်းကင်ဘုံမှ ဘုရားစင်ပေါ်သို့ ဆင်း ကြွလာရန်ငါ့အားဖိတ်ခေါ်နေသည်ကိုကြေညာလျက်ရှိ၏။ ငါ့သား၊ ကိုယ်တော်မြတ်ကျောင်းဆောင်အတွင်းမှ ငါ့ကို…

ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ဘုရားစင်အနီးသို့ချဉ်းကပ်၍ တင်ပူဇော်မည့်ဆဲဆဲဖြစ်သောမစ္ဆားယဇ်ပူဇော်ခြင်းအမှုကို အာရုံစိုက်၍ ကြည့်ပါလော့။ ရဟန်းသည် ဘုရားစင်ခြေရင်း၌ငုံ့လျက် အပြစ်လျောက်ခြင်းမေတ္တာကိုစ၍ဆို၏။ သိကြားတမန်တို့ သည် တပ်မဟာဗိုလ်အပေါင်းနှင့် ဘုရားစင်ကိုဝန်းရံကြလျက် ကြွလာတော်မူအံ့သောဘုရင်ကိုစောင့်ငံ့လျက်နေကြ ၏။ ရဟန်းသည် မစ္ဆားတရားတော်ကို ဆည်းလည်းကလေးလှုပ်သည့်တိုင်အောင်ဆက်လက်၍ဟောနေ၏။ ဆည်း လည်းကလေး၏ အသံကားငါကျေကျေနပ်နပ် ချစ်ရတော့မည့်အချိန်နီးကပ်လျက်ရှိကြောင်းကိုသတိပေးလေ၏။ ရဟန်းတော်ကား ငါသည်အဆင်သင့်ရှိပြီဟုတီးတိုးပြောဆိုလျက် ငါ၏လက်တော်များကို သူ့အပေါ်မှာ ကောင်းကြီးပေးသည့်အနေနှင့်မိုးထား၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ဟူသော စကားကိုသီဆိုသည်နှင့်တပြိုင်နက် ကောင်းကင်ဗိုလ်ခြေတို့သည် အံ့သြဖွယ်ရာနက်နဲလှစွာသောအချက်ပြည့်စုံခြင်း သို့ရောက်ပြီဟုဦးညွတ်ကြကုန်၏။…

ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။

ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။ ငါ့သား၊ မည်သည့်အချိန်မှာမဆို ကျေးဇူးတော်လို၏။ အထူးသဖြင့်ဝိညာဉ်များ ငါနှင့်ဝေးလေအောင် နေရာတိုင်းတွင် တစ်လုံးတစ်စည်းတည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြသည့် ယခုအချိန်ကြီးမှာသာ၍ လို၏။ ငါ၏ရွှေနှလုံးတော်သည် ကျေးဇူးတော်၏မူလရင်းဖြစ်ရကား ထိုနှလုံးအတွင်မှ ဖြစ်နှစ်သ်ွစီးဆင်းလျက်ရှိ၏။ ပဌမမြစ်တစ်သွယ်သည် ငါ၏လကျာ်ဘက်မှစီးဆင်း၍ ဖန်ဆင်းခြင်းကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း ကျေးဇူးတော် ကိုလူအပေါင်းတို့အားပေး၏။ ငါ၏လက်ဝဲဘက်မှစီးဆင်းသော ဒုတိယမြစ်တစ်သွယ်မူကား စောင်မခြင်းကျေးူးများ အထူးသဖြင့်ခေါ်တော်မူခြင်းကျေးဇူးကိုပေး၏။ ငါ့ကိုလုံးလုံးလျားလျားချစ်ခင်သောနှလုံးကိုငါတွေ့သောအခါ ထိုမြစ် နှစ်သွယ်ကို ပေါင်းတွဲပြီးလျှင် ကျေးဇူးအမြောက်အများပေးလျက်ထိုနှလုံးက ငါ့အားဖြည့်တင်းပေး၏။ ရဟန္တာများ အား ငါပေးသောကျေးဇူးများကား ဤသို့သောကျေးဇူးများပင်ဖြစ်သတည်း။ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်အောင် ကြိုးစားသူအမြောက်အများရှိပါက…

” ယေဇူးရွှေနှလုံးတော်”

ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို ယေဇူး ရွှေနှလုံးတော်နှင့် နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။ ” ယေဇူးရွှေနှလုံးတော်” ဇွန်လ အတွင်းမှာ ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ ကြပါတယ်။ ဒီပွဲ ဖြစ်ပေါ်လာတာ က တော့ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ခရစ်တော် ကိုယ်တိုင် အမိန့်တော် ပြန်ခြင်း သီလရှင်ဂိုဏ်းမှ Sr.မာဂရက္ကို ထင်ရှားပြခြင်းကြောင့် ဖြစ်ပါတယ်။ ထင်ရှားပြခြင်း…