rvamyanmar

rvamyanmar

စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့

စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့ ဒီနေ့ဟာ စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့ဖြစ်ပါတယ်… ကျောင်းထိုင်ဘုန်းတော်ကြီး များကို ကူညီမှိုင်းမသော ရဟန္တာ ဖြစ်ပါတယ်… ကိုယ့်ရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီး များအတွက် ဆုတောင်းပေးကြပါစို့။ အထူးသဖြင့် စိတ်ဓာတ်ကျအားငယ်နေတဲ့ ရဟန်းတော်များ.. မကျန်းမာသော ရဟန်းတော်များ ဒုက္ခ ရောက်နေသော ရဟန်းတော်များ အခက်အခဲနဲ့ရင်ဆိုင်နေရသော ရဟန်းတော်များ အားလုံးအတွက် သတိရဆုတောင်းပေးကြစို့….. သူ့အဆိုအမိန့်များ…. {“ကားတိုင်ကို လက်ခံပါ။ သတ္တိရှိစွာ ခံထမ်းတယ်ဆိုရင် ကားတိုင်က သင့်ကို ကောင်းကင်အရောက်သယ်ဆောင်သွားမှာပါ။” “လူတွေအကြောင်းသိလာလေလေ၊ လူတွေကိုချစ်တာ နည်းလေလေဖြစ်တယ်။ ဒါပေမယ့် ဘုရားနဲ့တော့ဆန့်ကျင်ဘက်ပဲ။…

ယုံကြည်စွမ်းအားတံဆိပ်ရထား

ယုံကြည်စွမ်းအားတံဆိပ်ရထား “ဒီရွှေတံဆိပ်ဆုက သခင်ယေဇူးနဲ့ အမိမယ်တော်ကို ယုံခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ ” လို့ ဒီနှစ် (၂၀၂၁) ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ဆွတ်ခူးတဲ့ ဖိလိပိုင်နိုင်ငံက အားကစားမယ် Hidilyn Diaz က ဂုဏ်ယူ ပြောဆိုရင်း ကက်သလစ် ယုံကြည်ခြင်းကို သက်သေပြ ခဲ့ပါတယ်။ “Faith is not just believe, but play (work)!” ယုံကြည်ခြင်းက ယုံနေရုံနဲ့ ဘာမှ…

မိဘများပွဲနေ့

မိဘများပွဲနေ့ဂျုလိုင်လ (၂၆)ရက်နေ့ဟာမာရီယားရဲ့မိဘတွေဖြစ်တဲ့သံဂျော့ကင်းနဲ့သံတာအာနားတို့ရဲ့ပွဲနေ့ဖြစ်သလို မိဘများပွဲနေ့လဲဖြစ်တာကြောင့်ဒီကနေ့အစီအစဉ်တွက်သံဂျော့ကင်းနဲ့သံတာအာနားတို့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ပထမဉီးစွာကျမတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့မာတာပိတု မိဘနှစ်ဖြာရဲ့ကျေးဇူးကကြီးမားလှတာကြောင့်ဂါရဝေါဆ ရိုသေထိုက်သူကိုရိုသေခြင်းကမင်္ဂလာတစ်ပါးလည်းဖြစ်တာကြောင့်မိခင်ဖခင်တို့ရဲ့မေတ္တာကျေးဇူးကရုဏာကျေးဇူးကျွေးမွေးစောင့်ရှောက်တဲ့ကျေးဇူး သွန်သင်ဆုံးမတဲ့ကျေးဇူးတွေကိုစတဲ့ကျေးဇူးအထွေထွေအတွက်ကျမတတို့ရဲ့မိဘတွေကိုပထမဉီးစွာကျေးဇူးတင်ဂုဏ်ပြုပါရစေ။

Mary Magdalene (John 20: 1-2, 11-18)

သူလိုလူ – ၄ {Mary Magdalene (John 20: 1-2, 11-18)} တကယ်တော့ The Apostle to the Apostlesရယ်လို့ ကက်သလစ်သာသနာတော်ကြီးမှ တင်စားဂုဏ်ပြုချီးမြောက်ခြင်းခံရတဲ့ St.Mary Magdaleneရဲ့ ပွဲနေ့က 22’Julyက ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့ပွဲနေ့ဖြစ်စေ၊ပွဲနေ့မဟုတ်သည်ဖြစ်စေ၊ St.Mary Magdaleneဟာ ကိုယ့်ရဲ့အာရုံထဲမှာ မကြာခဏဆိုသလို လွှမ်းမိုးထားနိုင်ပြီး၊ သူမရဲ့အကြောင်းကိုလည်း ခဏခဏ စဥ်းစားထောက်ရှုမိပါတယ်။ အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့ ပြန်ရှင်ထမြောက်တော်မူခြင်း သတင်းကောင်းကို ပထမဆုံး ဦးဦးဖျားဖျား မြင်တွေ့သိရှိခွင့်ရတဲ့သူဟာ St.Mary…

သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ ” ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် -William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ #Environment #Nature #Rvamyanmar

စည်းရိုးပေါ်ခွမထိုင်ပါနဲ့

လူသားကမ္ဘာကောင်းကျိုးဖြာစည်းရိုးပေါ်ခွထိုင်ပြီး နှစ်ဘက်လုံးရဲ့အားသာမှု၊ အားနည်းမှုတွေကို လေ့လာအကဲခတ် ပြီးမှအောင်နိုင်မဲ့ဘက်ကို ခုန်ကူးလေ့ရှိသူတွေကို သာမန်လူမှုရေးကိစ္စတွေ ကအစ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေအထိ တွေ့ရတတ်တာကြောင်း “စည်းရိုးပေါ်ခွမထိုင်ပါနဲ့” ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။#goodness #tuesday #rvamyanmar #july2021Photo credit- google

ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော်

ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော် ငါ့သား၊ ကာလ်ဝါရီတောင်ပေါ်မှာ ငါ၏နှလုံးလှုပ်ရှားခြင်းရပ်စဲသွားသောအခါ ငါ၏ရန်သူများသည် အလွန်ဝမ်းမြောက်ဝမ်းသာရှိကြကုန်၏။ အဘယ့်ကြောင့်ဆိုသောါ ငါ့ကိုကွက်မျက်ကြပြီးလျှင် နောက်အမှတ်မရနိုင် အောင် ဖျောက်ဖျက်လိုက်ကြပြီဟု ထင်မှတ်ကြသောကြောင့်တည်း။ ငါ၏မိတ်ဆွေများပင် ငါ၏နိုင်ငံတော်သည်ပျက် စီး၍ အဆုံးသို့ရောက်ပြီဟု ထင်မှတ်ကြသဖြင့် ဝမ်းနည်းခြင်းနှင့်ကရူးစူးတံကျင်မှ ထွက်ခွာသွားကြကုန်၏။ ယနေ့မှာ မူကား ငါ၏နှလုံးတော်သည် တဖန်လှုပ်ရှားလျက်ပင်ရှိသည်။ အကြောင်းမူကား ငါသညသေမင်းကိုနိုင်နင်းအောင် မြင်တော်မူ၍ ရှင်မြန်ထမြောက်တော်မူပြီ။ ငါ့သား၊ သင်သည်လည်းငါ့နောက်သို့လိုက်လိုလျှင် ဝမ်းနည်းခြင်းများ၊ အခက်အခဲများ၊ ဆင်းရဲဒုက္ခများနှင့် စုံ စမ်းခြင်းများကိုတွေ့ရပေလိမ့်မည်။ ထိုအခါသင်၏ကြံရွယ်ခြင်းအတိုင်း အထမမြောက်သည်ကိုသိလာ၍ သင်အသက်ကိုပင်ဆုံးရှုံးရသကဲ့သို့ စိတ်ပျက်ခြင်းဖြစ်လာလိမ့်မည်။ ဤကဲ့သို့စိတ်ပျက်အားလျော့ခြင်းအချိန်နာရီ၌ ငါသည်…

ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။

ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။ ငါ့သား၊ တနေ့သ၌ ယာကုပ်နှင့်ယောဟန်တို့၏ မိခင်သည်ငါ့ထံသို့ချည်းကပ်၍ ဆရာတော်ဘုရား၊ ကိုယ်တော်၏နိုင်ငံတော်၌ တပည့်တော်၏သားနှစ်ယောက်ကို လက်ျာဘက်မှာ တစ်ယောက်၊ လက်ဝဲဘက်မှာတစ် ယောက် ထိုင်အံ့သောငှါ အမိန့်ရှိတော်မူပါဟု လျှောက်၏။ ဤသည်ကားမိမိသားသမီးများကို ချစ်တတ်သော မိခင် ဖြစ်သူ၏ တောင်းပန်လျှောက်ထားချက်ဖြစ်သတည်း။ သို့သော်လည်း အဘယ်အရာတောင်းသည်ကိုနားမလည်ချေ။ ငါကလည်းစိတ်ဇွဲထက်သန်သော တမန်တော်နှစ်ပါးအား ငါသောက်လတံ့သော ကာလစ်ခွက်ကို သင်တို့သောက် နိုင်ကြပါ၏လောဟု လျှောက်၏။ ထိုနည်းတူငါ့သား၊ ယေဇးကိုယ်တော်က ငါသောက်လတ္တံ့သောခွက်ကို သင်သောက်နိုင်သလားဟု သင့်အား ယခုမေးလေ၏။ အဖြေမပေးမှီ ခေတ္တဆင်ခြင်စဉ်းစားပါလော။ သင်သည် ဤလောက၌ငါ့နည်းတူ မထင်မရှားနေ…

“ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ”

“ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ” သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို တည်ဆောက်ရာမှာ ထာ၀ရတည်မြဲစေဖို့ရာ ယုံကြည်ခြင်း (Faith) နဲ့ ဥာဏ်ပညာ (Wisdom) ဆိုတဲ့ မဏ္ဏိုင်ကြီးနှစ်ခုကို အခြေပြုခဲ့ပါတယ်။ တပည့်တာ်ကြီး သံပေရူးနဲ့ သံပေါလူးတို့ဟာ ယုံကြည်ခြင်းနဲ့ ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အသင်တော်ရဲ့ မဏ္ဏိုင်ကြီးနှစ်ခုဖြစ်ပါတယ်။ သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို ယုံကြည်ခြင်းပြင်းပြတဲ့ သံပေရူး၊ ဉာဏ်ပညာကြီးမားတဲ့ သံပေါလူးတို့နဲ့ ဘယ္လို တည်ဆောက်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။ #သံပေရူး သူဟာ ဂါလီလဲနယ်က စာပေမတတ်တဲ့ တံငါသည် တစ်ဦးပါ။…

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ သတိမပြုမိသောအချက်များ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ သတိမပြုမိသော အချက်များ ” ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရိုက်ကူး- ပေါလ် တင်ဆက်/တည်းဖြတ်- ဇော်နိုင်ဦး #RVAMyanmar #Environment #Naturelife