ဖာသာရ် Edward Naing Lin Htun (CMF) သာမန်ကာလပဥ္စမသီတင်းပတ် စနေနေ့ ဩဝါဒ ၁၀၊ ၂၊ ၂၀၂၄

Role of a wife ဒီနေ့မှာ ဇနီးမယားတစ်ယောက်ရဲ့ အိမ်ထောင်တစ်ခုမှာ ပါဝင်တဲ့ အခန်းကဏ္ဍကို အနည်း အကျဉ်းလောက်လေး တင်ပြပေးသွားချင်ပါတယ်။ ဇနီးမယားတစ်ယောက်ရဲ့ အခန်းကဏ္ဍကနေ ခင်ပွန်းတစ်ယောက်ကို ပိုမိုကောင်းမွန်တဲ့ ပိုမိုအလားအလာကောင်းတဲ့ အခြေအနေတွေကို ဖန်တီးပြုလုပ်ပေးနိုင်ပါတယ်။ အိမ်ထောင်ရှင်ဇနီးမယားတိုင်း တွေ့ကြုံပြီးသားတွေပါ။ ဒါပေမယ့် တစ်ခါတလေ အမှုမဲ့ အမှတ်မဲ့ဖြစ်တတ်ကြလို့ သတိထားနိုင်ဖို့ပါ။ အိမ်ထောင်တစ်ခုမှာ ဇနီးမယားက ဘယ်လိုအခန်းကဏ္ဍက ပါဝင်မှာလဲ၊ ဇနီးမယား တစ်ယောက်ဆိုတာ ခင်ပွန်းရဲ့ လက်တွဲဖော်ပါ။ ဒီလိုတည်ထောင်ထားတဲ့ အိမ်ထောင်ကို…