rvamyanmar

rvamyanmar

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးအခြေအနေသည် တနင်္လာနေ့ကသတိရှိကြီးစွာဖြင့်စောင့်ကြည့်ရသောအခြေအနေဖြစ်နေခဲ့သော်လည်း ညပိုင်းတစ်ညလုံးကောင်းမွန်စွာအနားယူနိုင်ခဲ့သည်ဟုအင်္ဂါနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန် ကက်သလစ်ဘာသာတူရာနှင့်ချီ၍ ‌တနင်္လာနေ့ညပိုင်း(ဒေသစံတော်ချိန် ၉) နာရီကရောမမြို့၊ စိန့်ပီတာရင်ပြင်၌ စုရုံး၍ စိပ်ပုတီးစိပ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်ကို ဗာတီကန်၏ အတွင်း ရေးမှူး ကာဒီနယ် Pietro Parolin မှဦးဆောင်ခဲ့သည်။ အမေရိကန်သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ တို့ကလည်း ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်စူး၍ ‘we wish him well …. it’s a very serious situation’ (အမြန်ကျန်းမာပါစေ။ လက်ရှိ၌အလွန်အသည်းအသန်ဖြစ်နေသည်) ဟုဗွီဒီယိုဖိုင်လ်ဖြင့်ဆုတောင်းချက်ကိုပူးတွဲပြုလုပ်ပေးပို့ခဲ့သည်ဟုဆိုသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ရဟန်းမင်းကြီးဖရန်စစ်အမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်…

ပုပ်ရန်စစ်၏အခြေအနေအနည်းငယ်တိုးတက်လာဟုဗာတီကန်သတင်းဌာနထုတ်ပြန်

ပုပ်ရန်စစ်၏အခြေအနေအနည်းငယ်တိုးတက်လာဟုဗာတီကန်သတင်းဌာနထုတ်ပြန် ဗာတီကန်သတင်းဌာန ၏ထုတ်ပြန်အသိပေးချက်အရပုပ်ရဟန်းမင်းကြီး ၏အခြေအနေမှာဆိုးရွားသည်ဟုဆိုမည်ဖြစ်သော်လည်း အနည်းငယ်တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ အသက်ရှုရာ၌ခက်ခက်ခဲခဲရှုရှိုက်ရခြင်းမရှိတော့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရတိုးတက်မှုကိုပြသနေကြောင်း၊ ကျောက်ကပ်အနည်းငယ်အားနည်းနေသည်ကိုတွေ့ရှိရသော်လည်း စိုးရိမ်ဖွယ်အခြေအနေမျိုးမဟုတ်ကြောင်း၊ အောက်စီဂျင်အနည်း ငယ်ကျသွားခဲ့၍အောက်စီဂျင်ကိုဆက်လက်ပေးထားရကြောင်း၊ ကြပ်မတ်ကုသပေးနေကြသောဆရာ၀န်များလည်း သတိကြီးစွာဖြင့်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ကုသပေးနေကြောင်း၊ တနင်္ဂနွေနေ့နံနက်ပိုင်း၌ ကိုယ်တော်မြတ်ကိုပင့်ယူခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌မူပုံမှန်အတိုင်းပင်ဖြတ်သန်းခဲ့ကြောင်း၊ ညနေပိုင်း၌လည်း ဂါဇာဒေသ “သန့်ရှင်းသောအိမ်ထောင်စု” သာသနာအုပ်စုငယ်၌ အမှုထမ်းနေသောဘုန်းတော်ကြီးနှင့်၄င်းကြည့်ရူစောင့်ရှောက်ထားသောဘုရားသခင်၏လူမျိုးတော်(ဂါဇာသည်စစ်မီးသင့်ဇုံဖြစ်နေ၍ အဆိုပါဘုန်းတော်ကြီးသည် ဘာသာတူ၊ ဘာသာမတူသူများအားစောင့်ရှောက်ပေးလျှက်ရှိသည်)တို့အား သူ၏ကျန်းမာခြင်းအတွက်၄င်းတို့၏ဒုက္ခကြားမှမပြတ်ဆုတောင်းပေးလျှက်ရှိသောကြောင့် ဗွီဒီယိုဖိုင်လ်တစ်ခုပေးပို့၍ကျေးဇူးတင်ခဲ့ကြောင်း၊ ပြင်သစ်သတင်းဌာနတစ်ခုမှဖြန့်ချီခဲ့သော ရဟန်းမင်းကြီးအားအခန်းတစ်ခုသို့ပြောင်းရွေ့လိုက်ရပြီဖြစ်​သည် ဆိုသည့် သတင်းသည်လည်းမဟုတ်မမှန်သောသတင်းသာဖြစ်​သည်ဟုဆိုသည်။ အာဗီအေဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

သရက်ပန်းများ ဖူးပွင့်ချိန် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန် သင့်မသင့်

ယခုကာလသည် သရက်ပန်းများ ဖူးပွင့်ချိန်ဖြစ်ပြီး၊ မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း နေရာအနှံ့အပြားတွင် အနည်းနှင့်အများဆိုသလို သရက်ပန်းများ စတင်ဖူးပွင့်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။ ပန်းဖူးပွင့်ချိန်မတိုင်မီက ဖြုတ်ပိုး၊ လှေးပိုး အပါအဝင် ပန်းခိုင်ကို ထိခိုက်စေနိုင်သည့် ပိုးမွှားများ မလာနိုင်စေရန် ခြံအများစုသည် ပိုးမွှားရောဂါ ကာကွယ်မှုများ လုပ်ဆောင်ခြင်း၊ ပန်းခိုင်များထွက်ရှိစေရန် အပင်အားဖြည့်ခြင်း လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ထားကြပြီး ဖြစ်သည်။သရက်ပန်းဖူးပွင့်နေချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန် သင့်မသင့်? သရက်ပန်းဖူးပွင့်နေချိန်သည် ပင်ခြားဝတ်မှုန်ကူးခြင်း (ပွင့်ခြားဝတ်မှုန်ကူးခြင်း) လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်မည့် ကာလအပိုင်းအခြားဖြစ်သဖြင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရှောင်ကြည်သင့်ကြောင်း သရက်စိုက်ပျိုးရေးကျွမ်းကျင်သူ…

ပုပ်ဖရန်စစ်အမြန်ဆုံးပြန်လည်ကျန်းမာလာရန်အကျဉ်းသားများမှဆုတောင်းပေး။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လေပြွန်လမ်ကြောင်းကြောင့် အသက်ရူရာသက်တောင့်သက်သာမရှိ၍ ဖေဖော်၀ါရီလ (၁၄) ရက်နေ့မွန်းလွဲပိုင်း၌ရောမမြို့ရှိ ‘Gemelli’ ဆေးရုံသို့တက်ရောက်၍ဆေး၀ါးကုသမှုကိုအနီးကပ်ခံယူလျှက်ရှိသည်။ ထိုသတင်းကို မီလန်မြို့ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်း သားများလည်းကြားသိရ၍စာရေးသားပေးပို့ဆုတောင်းမေတ္တာပါးခဲ့ကြသည်။ အမှန်ဆိုရသော် ရဟန်းမင်းကြီးဖရန်စစ်သည် ဖေဖော်၀ါရီ (၁၇)၊ တနင်္လာနေ့၌ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်းသားများ ရောမမြို့၊ ရုပ်ရှင်မြို့တော် ‘Cinecittà studios’ ၌တင်ဆက်မည့်မြူးစိဖျော်ဖြေရေးကိုရူစားရန်စီစဉ်ထားခဲ့သော်လည်း ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့်ဖျက် သိမ်းလိုက်ရသည်ဟုသိရသည်။ ယခုကဲ့သို့အစီအစဉ်ကိုဖျက်သိမ်းလိုက်ရ၍လည်း လေးဖက်နံရံကာထောင်နန်းသာရှင်သန်နေကြရသောအကျဉ်းသားများအတွက် ပြင်ပမှလေ၊ လွတ်လပ်စွာရှင်သန်သွားလာနေသောလူများကိုတွေ့ဆုံနိုင်မည့်အခွင့်အရေးကြီးဆုံးရှုံးသွားခဲ့ရကြောင်း ဤအစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့ ‘the Amici della Nave association’ ထဲမှတစ်ဦးဖြစ်သော…