
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ဩဝါဒ ၂၀၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင် ယောဟန်ခရစ်ဝင်ကျမ်း ၁၄:၂၇-၃၁ မှာ အခန်းငယ် ၂၇ ငြိမ်းချမ်းခြင်းကိုသင်တို့၌ငါထားပေး၏၊ ငါ၏ငြိမ်းချမ်းခြင်းကိုသင်တို့အားငါပေး၏။ ကမ္ဘာလောကပေးသလိုငါမပေး။ ဒီကျမ်းပိုဒ်လေးကို ကိုထောက်ရှုကြည့်ရအောင်။ ကျနော်တို့နေထိုင်နေသောကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းခြင်းဆိုတာတကယ်ရှိရဲ့လား။၊ လောကကြီးမှာ ရယူလိုမှု၊ ပိုင်ဆိုင်လိုမှု၊ ကြွားပါလိုမှု၊ လောဘဒေါသမောဟရဲ့ အတ္တမာန်မာနတွေနဲ့ ပြည့်နှက်နေတာကိုပဲတွေ့မြင်နေကြရတယ်၊ ငြိမ်းချမ်းမှုဆိုတာတကယ်ရောရှိရဲ့လား။ တိုင်းနိုင်ငံတွေအချင်းချင်းကြားမှာပဲကြည့်၊ ချမ်းသာတဲ့နိုင်ငံကဆင်းရဲတဲ့နိုင်ငံအပေါ်မှာအမြတ်ထုတ်တယ်။ အင်အားကြီးတဲ့နိုင်ငံကအင်အားနည်းတဲ့နိုင်ငံကိုအနိုင်ကျင့်တယ်၊ ပစ္စည်းဥစ္စာ လက်နက်အင်အား၊ ခွန်အားချင်းညီမျှတဲ့နိုင်ငံတွေက တစ်ဦးနဲ့တစ်ဦးရန်လိုနေကြတယ်။ အာဏာမက်မောခြင်း၊ ဥစ္စာမက်မောခြင်း၊ မတော်လောဘရမက်ကြီးခြင်း။ ဒီစိတ်နေစိတ်ထားတွေကြောင့်၊ ဒီလောကကြီးမှာ၊ မတရားမှုတွေ၊ အမြတ်ထုတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ၊ ဒီအရာတွေကြောင့်…









