
ဗာတီကန်၀န်ထမ်းများ၏သန့်ရှင်းခြင်းသည်ဗာတီကန်အဓွန့်ရှည်ရန်ဖြစ်စေရမည်။

ရဟန်းမင်းကြီးလီယို(၁၄) ၏ တိုက်တွန်းချက်ကိုဖတ်လိုက်ရသောအခါ စာရေးသူတို့၏ သင်တန်း ကျောင်းမှ ဆရာဘုန်းကြီးတို့၏ဩ၀ါဒကိုပြန်လည်သတိရမိပါသည်။ ‘သင်တို့၏တမန်တော်လုပ်ငန်းများ အောင်မြင်ထိရောက်မှုသည် သင်တို့၏သန့်ရှင်းခြင်းနှင့်ဆိုင်သည်’ ဟုဖြစ်ပါသည်။ ဤဆိုဆုံးမချက်သည် ရဟန္တာသူတော်သူမြတ်တို့ဖြတ် သန်းခဲ့သောအတွေ့အကြုံမှထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးလီယို (၁၄) သည်လည်း ဗာတီကန်၌အမှုထမ်းနေကြသော ကာဒီနယ်များ၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်များ၊ ရဟန်းတော်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်ဘာသာတူ ၀န်ထမ်းတို့၏ သန့်ရှင်းခြင်းသည် ဗာတီကန်ဆက်လက်အဓွန့်ရှည်ရန်အတွက်ဖြစ်ရမည်ဟု တိုက်တွန်းနှိုးဆော်လိုက် ခြင်းဖြစ်သည်။ ဗာတီကန်သည် ရဟန်းမင်းကြီးတစ်ပါးတည်းဦးစီး၍မရပေ။ အမှုကိစ္စပေါ်မူတည်၍ ဌာနဆိုင်ရာ အသီး သီးရှိကြသည်။ယမန်နေ့ ဇွန်လ (၉) ရက်နေ့၊ သာသနာကိုမှိုင်းမသောသခင်မပွဲနေ့သည် ဗာတီကန်ရုံး တော်၌အမှုထမ်နေကြသော၀န်ထမ်းများအားလုံး၏ဂျူဗလီဖြစ်သည်။ ဂျူဘီလီဆုတောင်း၀တ်ပြုခြင်းကိုဦးစွာကိုယ်တော်မြတ်စက္ကရာမင်တူးနှင့်အမိမယ်တော်၏သီလရှင်အသင်း၀င်း စ္စစတာရ် Sr. Maria Gloria…









