
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၉၊ ၈၊ ၂၀၂၅

Daily Reflection Matthew 19:23-30 19.8.2025ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေးဦး ဧဝံဂေလိ ကျမ်း မှာ သခင်ခရစ်တော်က ချမ်းသာတဲ့လူတွေဟာကောင်းကင်နိုင်ငံဝင်ရဖို့ခက်ခဲတယ်ဆိုတဲ့အကြောင်းကို ကြားနာရတယ်။ ဒီနေရာမှာချမ်းသာတယ်ဆိုတာထက် လောကပစ္စည်းဥစ္စာကိုသူ၊ ကောင်းကင်သုခချမ်းသာထက်၊ လောကအရာမှာပဲတွယ်ကပ်နေတဲ့သူတွေကို သတိပေးခြင်းဖြစ်တယ်။ဒီကျမ်းပိုဒ်ရဲ့ရှေ့ကအဖြစ်အပျက်ကလေးက လူငယ်တဦးကသခင်ခရစ်တော်ဆီကိုလာပြီး ဆရာသခင်ကောင်းကင်နိုင်ငံရဖို့ဘာလုပ်ရမလဲ။ ပညတ်ချက်တွေလည်းကျွန်တော်ငယ်ငယ်လေးကတည်းကထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးပြီ။ သခင် ခရစ်တော်က ကောင်းကင်နိုင်ငံရလိုလျှင် သင့်မှာရှိသမျှကိုရောင်း၍ဆင်းရဲသားတို့အား ဝေမျှ လော၊ ပြီးမှငါနောက်သို့လိုက်လို့ လို့သခင်ခရစ်တော်ပြောလိုက်တဲ့အချိန်မှာလောကပစ္စည်းဥစ္စာမှာတပ်မက်သောလူငယ်လေးဟာ မျက်နှာညှိုးငယ်စွာနဲ့သခင်ခရစ်တော်ထံက ထွက်ခွာသွားခဲ့တယ်။ လောကပစ္စည်းဥစ္စာဆိုတာ၊ အချိန်အတိုင်းသာတစ်ခုထိပဲ လူတစ်ယောက်အတွက်တန်ဖိုးရှိတာပါ။ အမြဲတမ်းတန်ဖိုးရှိမနေဘူး၊ အမြဲတမ်းလည်းလုံခြုံမှုမပေးဘူး။ အမြဲတမ်းလည်းပျော်ရွှင်မှုမပေးဘူး။ အမြဲတမ်းလည်းစိတ်ချမ်းသာမပေးပါဘူး။ မကျန်းမာတော့ရင်၊ အသက်ကြီးရင့်လာလျှင်၊…








