ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။

ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။ အာဗီအေမြန်မာ၊၂၁၊၅၊၂၀၂၅။ ပြီးခဲ့သောတနင်္လာနေ့ မေလ ၁၉ ရက်နေ့က ခရစ်ယာန်များစည်းလုံးညီညွတ်ရေးနှင့် ဘာသာရေး နှီးနှောဖလှယ်မှုတို့၏ ကိုယ်စား လှယ်များကို ရဟန်းမင်းကြီးလီယို ၁၄ က အထူးဧည့်သည်အဖြစ် လက်ခံတွေ့ ဆုံခဲ့ပါသည်။ ယုံကြည်ခြင်း၌စည်းလုံးခြင်းသည်သာ၊ စစ်မှန်သောစည်းလုံးခြင်း။ ရဟန်းမင်းကြီးလီယိုသည် ပထမဦးစွာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ပြီး၊ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင့်ခုနစ်ရာလောက်က ပြုလုပ်ခဲ့သော နီစီယာမြို့ကောင်စီ (Council of Nicea) ကို အခြေခံပြီး ခရစ်ယာန်များကြားစည်းလုံးညီညွတ်မှုသည် ယုံကြည်ခြင်း၌သာ စည်းလုံးခြင်းရှိနိုင်သည်ဟုအလေးပေးပြောကြားခဲ့ပါသည်။ လူသားအချင်းချင်းစည်းလုံးညီညွတ်မှု၏ဘုံလမ်းစဉ် ခရစ်ယာန်မဟုတ်သောအခြားဘာသာရေး…