rvamyanmar

rvamyanmar

ကမ္ဘာကြီးက မြန်မာ့အရေးကို မေ့လျော့နေသော်လည်း ဘုရားသခင်ကမူ မေ့လျော့တော်မမူ

မြန်မာနိုင်ငံရှိ ကာဒီနယ် ချားလ်စ်မောင်ဘိုသည် အဆုံးသတ်ရန် အရိပ်အယောင်မရှိသေးသည့် ပြည်တွင်း စစ်ဒဏ်ကို ခံစားနေရပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အကျပ်အတည်းများ ဆိုက် ရောက်နေကာ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့်အပြင် လူငယ်များစွာ ပြည်ပသို့ တိမ်းရှောင်နေကြရသည့် နိုင်ငံ၏ အခြေအနေကို မီးမောင်းထိုးပြလိုက်ပါသည်။ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက “မြန်မာနိုင်ငံသည် ကုန်ဈေးနှုန်း ကြီး မြင့်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုကြောင့် ဖြစ် ပေါ်လာသော အကျပ်အတည်း၊…

ဒီနေ့မှာ ရေစီးကြောင်းထဲမှာ Boy Friend, Girl Friend ထားကြတဲ့ အကြောင်းကို နည်းနည်း တင်ပြပေးချင်ပါတယ်။

အခုတင်ပြပေးချင်တာက လက်ထပ်ပြီးသား အိမ်ထောင်ရှင် တချို့ Boy Friend, Girl Friend  ထားတာကို ပြောချင်တာပါ။             Boy Friend, Girl Friend ထားတယ်ဆိုတဲ့ အဓိပ္ပါယ်က သူငယ်ချင်း ချစ်သူအဖြစ်နဲ့ တည်ရှိ တာပါ။ စိတ်တူကိုယ်တူ သူငယ်ချင်းပဲပေါ့။ ဒါပေမယ့် လက်ထက်ထိမ်းမြားပြီး အတူပေါင်းသင်းနေထိုင် တဲ့ အဆင့်ထိတော့ မဟုတ်ပါဘူး။             လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်ဆိုရင်တော့ မိမိအိမ်ထောင်ရဲ့ အသုံးစရိတ်တွေ Bills တွေ အတူတကွ သုံးစွဲကြပြီး ဘဝခရီးမှာ ဆိုးတိုင်ပင်၊…

ကိုယ့်ကိုယ့်ကို လေးစားပါ သူတစ်ပါးကိုလဲ လေးစားပါ

တရားတယ်၊မတရားဘူးဆိုတာကိုသိတဲ့ဉာဏ် မင်းမှာရှိပါတယ်၊၊ အဲဒီအသိဉာဏ်ကိုမလေးစားရင် မင်းကိုယ်မင်းမလေးစားဘူးလို့ ဆိုရမယ်၊၊ မင်းကိုယ်မင်းမလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ်ရှိသေးသလဲ၊၊ ဘဝမှာအောင်မြင်တဲ့လူတယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုလေးစားနိုင်တဲ့လူတယောက် ဖြစ်အောင်နေဖို့လိုတယ်၊၊ ပစ္စည်းဥစ္စာချမ်းသာဖို့ ကျော်ကြားဖို့ထက် ကိုယ့်ကိုယ်ကိုလေးစားနိုင်တဲ့သူ၊ သူတပါးရဲ့ထိုက်ထိုက်တန်တန်လေးစားတာကိုခံရတဲ့သူဖြစ်အောင်ကြိုးစားတာက အားလုံးအတွက်ပိုအကျိုးများတယ်၊၊ လူတယောက်ဟာ သူ့ကိုယ်သူမှလေးစားမှုမရှိတော့ဘူးဆိုရင် သူ့မှာဘာမှမရှိတော့ဘူး၊၊ တကယ်လေးနက်တဲ့စိတ်ချမ်းသာမှုကိုလိုချင်ရင် ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုလေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်တယ်၊၊ ကိုယ့်ကိုယ်ကိုမလေးစားနိုင်တဲ့သူဟာ စိတ်ချမ်းသာနိုင်မလား၊၊ စစ်မှန်တဲ့စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှမရနိုင်ဘူးနော်၊၊ ကိုယ့်ကိုသူများမလေးစားတာက ဒါလောက်မဆိုးသေးဘူး၊၊ ကိုယ့်ကိုယ်ကို ကိုယ်အထင်သေးသွားတာ၊ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုမရှိတော့တာ အကြီးမားဆုံးဆုံးရှုံးမှုပဲ၊၊ ကိုယ့်ကိုယ်ကိုကိုယ်လေးစားမှုမရှိတဲ့သူဟာ တကယ်စိတ်ချမ်းသာတဲ့သူမဖြစ်နိုင်ဘူး၊၊ တနေ့တခြား ကိုယ့်ကိုယ်ကိုယ်လေးစားမှုတိုးနေအောင်…