
ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၂)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၃၁၊ ၈၊ ၂၀၂၅



“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘စိမ်းလန်းဆိုပြေခြင်းဆိုင်ရာ ပညတ်တော် ၁၀ပါး’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တိုင်ရေးသားတော်မူသော ‘Laudato Si’ စာအုပ်လေးထဲတွင် ကျွန်ုပ်တို့၏ ဘုံနေအိမ်ဖြစ်တဲ့ ကမ္ဘာကြီးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဘယ်လို ကာကွယ်သင့်သလဲဆိုတာ ဖော်ပြထားပါတယ်။ ဖန်ဆင်းခံလောကကြီးဖြစ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းခံ လူသားတွေဟာ မထင်မရှားနိုင်လောက်အောင် ဖျက်စီးနေမိကြပါတယ်။ ထိုအရာတွေကို ပြန်လည်ပြင်ဆင်ဖို့၊ ပြုပြင်မွမ်းမံဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရေးသားထားတဲ့ စာချွန်တော်ကို ဒီတစ်ပတ် ဒီဗီဒီယိုထဲမှာ တင်ပြလိုက်ပါတယ်။…


ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး ဧဝံဂေလိကျမ်းထဲးက ပုံဥပမာထဲးမှာ ခရီးမထွက်မီ မိမိကျွန်တို့ကိုခေါ်၍ သူတို့အရည်အချင်းအလိုက် ပေးခဲ့သောအရှင်သခင်နှင့်တူတယ်။ တစ်ဦးကို ၅ တာလင်၊ တဦးကိုနှစ် တာလင်၊ တဦးကိုတစ် တာလင် ပေးခဲ့ပြီးသူကအဝေးကိုထွက်သွားခဲ့တယ်။၊ သူပြန်လာတဲ့အချိန်မှာ သူ့ရဲ့အစေခံတွေ သူပေးခဲ့တာကိုဘယ်လိုသုံးပြုတယ်ဆိုတာကိုဆန်းစစ်ခဲ့တဲ့အကြောင်းကို၊ တချို့ကကြိုးစားပြီးနှစ်ဆဖြစ်အောင်လုပ်ကိုင်ခဲ့ကြတယ်။ အိုက်ထဲကတစ်ယောက်ကတော့ အဲဒီငွေကိုမြှုပ်နှံထားခဲ့တယ် ဆိုတာကို ကြားခဲ့ရတယ် ။ ဒီကနေ့ဧဝံဂေလိတရားတော်ထဲက ပုံဥပမာလေးက ငွေတစ်ခုထဲကိုပြောတာမဟုတ်ဘူး။ ဘုရားသခင်ကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုပေးထားတဲ့ကျေးဇူးတော်ကိုဆိုလိုခြင်းဖြစ်တယ်။ ဘုရားပေးထားတဲ့အရာတွေကဘာတွေလဲ။ ကျနော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့မိသားစုကျွန်တော်တို့ခွန်အားတို့ရဲ့အသိပညာကျွန်တော်တို့ရဲ့အချိန်တွေ၊ ကျွန်တော်တို့ရဲ့ သေးငယ်တဲ့အရည်အချင်းလေးတွေကအစပါဝင်တယ်။ဘုရားကကျွန်တော်တို့မှာမရှိတဲ့အရာကိုမတောင်းဆိုဘူး။ သူပေးထားပြီးသားအရာကိုပဲ ကျွန်တော်တို့ကိုအသုံးချစေချင်တာ။လောကမှာဘာမှမရှိဘူးလို့။ ပြောလို့ရတဲ့သူတစ်ယောက်မှမရှိဘူး။ ခင်ဗျားမှာအသက်ရှင်ခြင်းရှိသေးတယ်။ အချိန်တွေရှိသေးတယ်။ တကယ်လို့သင့်မှာအရည်အချင်းနည်းနည်းလေးရှိရင်တောင်မှယုံကြည်ခြင်းသည်ချစ်ခြင်းမေတ္တာတွေနဲ့တိုးပွားအောင်လုပ်လို့ရတယ်။။…

ပြင်သစ်နိုင်ငံမှတရားထောက် ကလေးသူငယ်များနှင့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ တွေ့ဆုံခြင်းတွင် ရဟန်းဘုန်းတော်ကြီးများမလောက်ငှခြင်းကြောင့်ဝမ်းနည်းရသော်လည်း၊ တရားထောက်အမှုတော် ဆောင်ကလေးတွေ၏လုပ်ဆောင်ချက်သည် ဘာသာဝင်တွေကို သန့်ရှင်းကြီးမြတ်နက်နဲသော မစ္ဆား တရားဆီသို့ ကူညီခေါ်ဆောင်သူတွေဖြစ်တယ် ဟုချီးကျူးခဲ့ပါသည်။။ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ပြီးခဲ့သောတနင်္လာနေ့က အုပ်ထိန်းသူဘုန်းတော်ကြီးများ ဆရာတော် များနှင့်အတူ ပြင်သစ်နိုင်ငံမှရောမမြို့သို့ဘုရားဖူး ရောက်ရှိလာသည့် တရားထောက်ကလေးသူငယ် အယောက် ၃၆၀ နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုက ဂျူဗလီနှစ်၏သန့်ရှင်းသောတံခါးကိုဖြတ်သန်းခြင်း အခွင့် အရေးသည် ဒီကလေးသူငယ်များ သခင်ခရစ်တော်အား ပိုမိုသစ္စာရှိသောနောက်လိုက်ကောင်းများ ဖြစ် လာစေရန် ဘုရားသခင်ထံပြန်လှည့်လာခြင်းနှင့်သူတို့၏…

ပြီးခဲ့သည့် သြဂုတ်လ၂၇ရက်နေ့ မနက် ၈:၃၀ နာရီခန့်က အမေရိကန် နိုင်ငံ Minnesota ပြည်နယ် Minneapolis မြို့ရှိ Annunciation ကက်သလစ် ဘုရားကျာင်းနှင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဘုရားကျောင်းတွင် စာသင်ကျောင်းများပြန်ဖွင့်ခြင်းအတွက် ဘုရားဝတ်ပြုခြင်းနဲ့စတင်ဖို့ ရောက်ရှိစုရုံးနေကြသော မူကြိုမှအလယ်တန်းထိ ကလေးသူငယ်ကျောင်းသူကျောင်းသားများ နှင့် ဘာသာဝင်များကို ဘုရားကျောင်း ပြတင်းပေါက်မှ သေနတ်သမားတစ်ဦးက ပြစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်နှင့် ၁၀ နှစ် အရွယ်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၁၇ဦးဒဏ်ရာရခဲ့ကြောင်း၊ ထိုဒဏ်ရာရသူများထဲ တွင်ကလေး ငယ် ၁၄ ဦးပါဝင်ကြောင်း၊ ကလေးငယ်…

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသွန်သင်ခြင်းအမှုမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က မျှော်လင့်ခြင်းဂျူဗလီနှစ် အကြောင်းကို ခြေခံပြီး ဂျက်စေမာနီ ဥယျာဉ်အတွင်းမှာ သခင်ခရစ်တော် ဖမ်းဆီးခံရချိန် မတရားမှု၊ ကြောက်ရွံမှု၊ အထီးကျန်ဆန်မှုနှင့် ဘုရားတည်ရှိနေခြင်း စသည့်ခံစားရသည့်အကြောင်းများကိုထောက်ရှု့ ဝေမျှခဲ့ပါ သည်။ ဧဝံဂေလိကျမ်းရေးပုဂ္ဂိုလ် ယောဟန်က သခင်ခရစ်တော်ကိုလာရောက်ဖမ်းဆီးချိန်တွင် ကြောက်ရွံ့နေသူတစ်ယောက်၊ ထွက်ပြေးတိန်းရှောင်ဖို့ကြိုးစားသူတစ်ယောက်ဖြစ်မဖော်ပြခဲ့ဖူး။ ထိုအစားမေတ္တာတရား၏ အမြင့်ဆုံးသောအချိန်ကိုဖော်ပြရမည့် လွတ်လပ်သောလူတစ်ယောက်ကဲ့သို့ သူ၏ အချိန်နာရီကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။ ဖမ်းဆီးခံရခြင်း၏သားကောင်မဟုတ် ပေးဆပ်သူသာဖြစ်တယ် ဒီအချိန်နာရီမှာသူဘာဖြစ်မယ်ဆိုတာကိုသခင်ခရစ်တော်သိခဲ့တယ်။ ဒီအချိန်နာရီကိုသူ ရဲရဲရင့်ရင့် ရင် ဆိုင်တယ်၊ ကြောက်ရွံ့ခြင်းနောက်ဆုတ်ခြင်းမရှိ၊ သူ့ကိုယ်သူဖမ်းဆီးသူတွေရဲ့လက်ကိုအပ်နှံခဲ့တယ်။ ခုခံနိုင်စွမ်းမရှိလို့၊…

ဒီနေ့မှာ ‘‘အဖေ့ကြောင့်’’ဆိုတဲ့ ဖခင်မေတ္တာအကြောင်းကို ကျွန်မဖတ်ဖူးတဲ့ စာစုလေးကနေ တဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။ စာမူရှင်ရေးသားထားတဲ့အတိုင်း တင်ပြပေးသွားပါ့မယ် သားတစ်ယောက်က သူ့ဖခင်ကို မကျေနပ်ခဲ့ဘူး။ သူ့ဖခင်အိမ်မှာ နေထိုင်ရတာကို သူမနှစ်သက်ခဲ့ဘူး၊ အဓိကကတော့ အဆက်မပြတ်ပြောဆို နေတဲံ အဖေ့ကြောင့်ပါ။ ‘‘အခန်းကထွက်ရင် ပန်ကာပိတ်ထားလေ’’ ‘‘ဧည့်ခန်းမှာ တီဗီဖွင့်ထားပြီး ဘယ်သူမှ မကြည့်ဘူးဘာလို့ မပိတ်တာတုန်း’’ ‘‘တံခါးကို သေသေချာချာပိတ်ပါ’’ ‘‘ရေအလဟဿမဖြုန်းနဲ့’’ သူ့ဖခင်က ဒီလိုအသေးအမွှားအရာတွေနဲ့ သူ့ကို အနှောင့်အယှက်ပေးနေတာကို…
