rvamyanmar

rvamyanmar

ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို

ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ပြည်တွင်းပြည်ပတမန်တော်ခရီးစဉ်များ၌ အစီအစဉ်များစွာကို စနစ်တကျရေးဆွဲ၍ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့်မျက်ခြေမပြတ်တွေ့ဆုံလေ့ရှိ သည်။ အဆိုပါအစီအစဉ်များအနက် ဒေသအတွင်းသာသနာအမှုထမ်းနေသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဥ္စင်းများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ ဓမ္မဆရာ၊ ဆရာ မများနှင့်လည်းတွေ့ဆုံလေ့ရှိသည်။ ထိုသို့တွေ့ဆုံလေ့ရှိသော်လည်း ထူးထူးခြားခြားတွေ့ဆုံမှုကိုလည်းရောက်ရှိလေရာနေရာအတော်များများ၌အစီအစဉ်တစ်ခုအနေဖြင့်ထည့်သွင်းတွေ့ဆုံလေ့ရှိသည့်သာသနာပြုအဖွဲ့တစ်ဖွဲ့ရှိပါသည်။ ထိုအဖွဲ့သည် ‘the Society of Jesus (or) the Companions of Jesus (or) Jesuits’ ဟုခေါ်သော ‘ယေဇူးသခင်၏ မိတ်ဆွေများအသင်း (သို့) ယေဇူးသခင်၏အသင်း၀င်များ…

စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း အမိသာသနာတော်ကြီးသည် နှစ်စဉ် ဩဂုတ်လ (၄) ရက်၌ စိန့်ဂျွန်ဗီအားနေ၏ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ရှိသည်။ သူသည် ပြင်သစ်နိုင်ငံမှ သာသနာပိုင်ရဟန်းတစ်ပါးဖြစ်သည်။ သူ့အားကမ္ဘာ ပေါ်ရှိရဟန်းတော်များစံထားရသောရဟန္တာအဖြစ်လည်းကောင်း၊ ရဟန်းတော်များအားမှိုင်းမသောရဟန္တာအဖြစ်လည်းကောင်း ဂုတ်ပြုထားသည်။အဆိုပါရဟန္တာ၏ပွဲနေ့မတိုင်မီတစ်ရက်အလို ဩဂုတ်လ (၃) ရက်၊ စနေနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် စပိန်နိုင်ငံ၊ Getafe ရှိ ‘ Our Lady of the Angels’ (သိကြားတမန်တော်တို့၏သခင်မ) ရဟန်းဖြစ်တက္ကသိုလ်မှရဟန်းလောင်းကိုရင်တို့ကို ဗာတီကန်၌လက္ခံတွေ့ဆုံခဲ့သည်။ ထိုနေ့သည် ၄င်းတို့၏ရဟန်းဖြစ်တက္ကသိုလ်တည်‌ထောင်ခြင်းနှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်ပြီး ထိုနေ့ကိုအမှတ်ရဂုဏ်ပြုသည့်အနေဖြင့် စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏အုတ်ဂူသို့သွားရောက်ဖူးမြှော်ဂါရပြုဆုတောင်းခဲ့ကြသည်။ ရဟန်းတော်တို့အားမှိုင်းမသောရဟန္တာအားနားစွင့်ထောင်ကြလော့ (Heed the…

ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၃၁၊ ၇၊ ၂၀၂၄

31 July 2024ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာ ကောင်းကင်နိုင်ငံတော်ကိုတန်ဖိုးကြီးတဲ့ ရတနာတစ်ခုနဲ့ခိုင်းနိုင်ထားတာကိုကြားနာခဲ့ရတယ်။ ပထမဥပမာကတော့ကောင်းကင်နိုင်ငံတော်ဟာလယ်ကွင်းထဲမှာဝတ်ထားတဲ့ရတနာကိုရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ပြီးတော့သူ့မှာရှိသမျှအရာတွေအားလုံးကိုရောင်းချပြီးတော့ ဒီတန်ဖိုးကြီးတဲ့ရတနာရှိတဲ့လယ်ကွက်ကိုဝယ်ခဲ့တဲ့အကြောင်းဒုတိယဥပမာမှာကျတော့ကုန်သည်တဦးဟာတန်ဖိုးကြီးတဲ့ပုလဲတလုံးကိုတွေ့တဲ့အချိန်မှာသူ့မှာရှိသမျှအရာတွေကိုရောင်းချပြီးတော့ တန်ဖိုးကြီးတဲ့ပုလဲရတနာကိုဝယ်ခဲ့တယ်ဆိုတဲ့အကြောင်းကြားခဲ့ရတယ်။ ဒီပုံဥပမာနှစ်ခုလုံးမှာ ရောင်းတယ်ဝယ်တယ်။ အလကားမရဘူးဆိုတာကိုပြသ သတိပေးနေခြင်းဖြစ်တယ်။ နောက်တချက်ကတော့ကောင်းကင်နိုင်ငံတော်ဟာအရမ်းကိုတန်ဖိုးကြီးမားတယ်။ ဒါကြောင့်သင့်မှာရှိသမျှအရာအားလုံးကိုရောင်းချပြီးတော့အဲဒီအရာကိုဝယ်ရမယ်ဆိုတဲ့သတိပေးခြင်းမျိုးဖြစ်တယ်။ ထာဝရအသက်ရဖို့ ၊ ဘုရားနဲ့အတူတူနေရဖို့၊ ပြီးပြည့်စုံတဲ့ဘဝမှာ ထာဝရရှင်သန်နေရဖို့၊ ဘုရားရဲ့ဘုန်းဂုဏ်တော်မှာပါဝင်စံစားရဖို့၊ ထာဝရပြီးမြောက်ပြည့်စုံသွားဖို့အဲဒီထာဝရအသက်ကိုရဖို့အတွက် လောကသက်တာမှာရှိတဲ့ပေးဆပ်ရမယ့်အရာတွေအားလုံးကိုပေးဆပ်ပြီးမှ တန်ဖိုးကြီးမားတဲ့အရာတစ်ခုကိုရဖို့ ကိုယ့်ဘက်ကလည်းတန်ဖိုးကြီးတဲ့အရာပေးတတ်ရမယ်။ ဒါကြောင့်လည်းသခင်ခရစ်တော်ကငါ့နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်ရမည်။ မိမိကားတိုင်ကိုထမ်း၍ငါ့နောက်သူလိုက်ရမည်။ ငါ့ထက်မိဘ ညီအစ်ကို မောင်နှမကိုချစ်သောသူသည်ငါနှင့်မထိုက်တန်၊ မိမိအသက်ကိုရှာဖွေသောသူသည်အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်မိမိအသက်ကိုဆုံးရှုံးသောသူသည် အသက်ကိုရလိမ့်မည်။ ဓမ္မမိတ်ဆွေတွေကောင်းကင်နိုင်ငံဆိုတာဘာမှမပေးဘဲအလွယ်တကူရမယ့်အရာမဟုတ်ဘူးဆိုတာကတော့ဒီကနေ့သမ္မာကျမ်းစာကကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုသတိပေးနေတယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော့မကြပါစေ

ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၃၀၊ ၇၊ ၂၀၂၄

ဓမ္မမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ကျမ်းစာမှာသခင်ခရစ်တော်ကဂျုံစပါးပင်နဲ့ပေါင်းပင်တွေ အတူတကွပေါက်ရောက်ရှင်သန်ကြီးထွားကြတဲ့အကြောင်း ကိုကြားနာခဲ့ရတယ်။ ကောင်းသောမျိုးစေ့နဲ့မကောင်းတဲ့မျိုးစေ့နှစ်ခုအကြောင်းကိုအဓိကဆိုလိုခြင်းဖြစ်တယ်။ ကောင်းသောမျိုးစေ့ကိုကြဲသောသူဟာသားတော်ဘုရားဖြစ်တယ်၊ မကောင်းသောမျိုးစေ့ကိုကြဲသောသူကနတ်ဆိုးဖြစ်တယ်။ လယ်ကွင်းပြင်ကြီးဆိုတာကတော့ဒီလောကကြီးကိုပြောဆိုခြင်းဖြစ်တယ်။ နောက်ဆုံးသောရိပ်သိမ်းချိန်ဟာ ကပ်ကမ္ဘာကုန်တဲ့နေ့၊ သို့မဟုပ် သေဆုံးသောနေ့၊ ရိတ်သိမ်းမယ့်ပုဂ္ဂိုလ်တွေကတော့ကောင်းကင်တမန်များဖြစ်တယ်။ ဒီပုံဥပမာကနေ ထောက်ရှုကြည်ရအောင် လောကမှာ ကောင်းတာတွေကြီးပဲရှိတာ မဟုတ် ကောင်းတာရော မကောင်းတာရော ရေားပြွန်နေတာကိုသတိရှိကြရမယ်။ ကိုက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလား ကောင်းတဲ့သူလာမကောင်းတဲ့သူလား သိရမယ် ။ ကောင်းခြင်း ဆိုးခြင်း ဆိုတာ နေရာတိုင်းမိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်မှာရှိသလို၊ မိမိတဦးတည်‌မှာတောင် ကောင်းခြင်း မကောင်းခြင်းဟာ အတူတူ ရှိနေတပ်တာကို သတိရှိနေရမယ်။ နောက်ဆုံးသော အချိန်မှာတော့ ကောင်းမှုနဲ့မကောင်းမှုဟာ လုံးဝကွဲးပြားသွားမယ်။ ဘုရားဖန်ဆင်းထားတဲ့ ကောင်းမြတ်တဲ့အရာတွေ…