rvamyanmar

rvamyanmar

ရဟန်းမင်းကြီးလီယို (၁၄) ဗာတီကန်၌ကျင်းပသောမိသားစုပွဲ၌ပါ၀င်ဆင်နွှဲ။

ရဟန်းမင်းကြီးလီယို (၁၄) သည် စက်တင်ဘာ (၆)ရက်နေ့ညနေပိုင်းဗာတီကန် ၀င်းအတွင်းကျင်းပသော မိ သားစုပွဲ၌ပါ၀င်ဆင်နွှဲခဲ့သည်။ အဆိုပါပွဲကိုဆပ်ပြာရည်ဖြင့်ပြုလုပ်ထားသောရောင်စုံပူ ပေါင်းမှုတ် သည့်နေရာ၊ ကလေးများနှစ်ခြိုက်သော သူရဲစာခြောက်ရုပ်များ၊ လေထိုးလျောစီးကစားစရာများ၊ စား သောက်နိုင်သောနေရာများ၊ ကလေးများပန်းချီရေးဆွဲနိုင်သည့်နေရာ၊ရောင်စုံခြယ်ရန် ဗူးများ၊ က လေးအ ကြိုက်ကစားစရာများ၊ တိုက်ရိုက်တင်ဆက်သောမြူးဇစ်ဖျော် ဖြေရေးစသော အစီအစဉ် များကို စနစ်တကျစီစဉ်ထားပေးသည်။ ကလေးတို့၏အာရုံကိုဖမ်းစားရန်ပြုလုပ်ထားသော ကစားစရာများစွာရှိနေလင့်ကစား ကလေးတို့၏ စိတ်အာရုံကိုဖမ်းစားနိုင်ဆုံးသူမှာ ရဟန်းမင်းကြီးကိုယ်တိုင်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ကလေးငယ် ရာနှင့်ချီရှိနေသောရင်ပြင်သို့ကြွလာပြီး ကလေးများအားရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။ မိသားစုပွဲနေ့ ကိုနှစ် စဉ်ကျင်းပသည်။ ယခုနှစ်၌ မေလတွင်ကျင်းပရန်စိစဉ်ထားခဲ့သည်။…

ဗေလန်ကန်နီကျန်းမာခြင်းမယ်တော် ပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊စိန့်ဇေးဗီးယားသာသနာစီရင်စု၊ စိန့်ဇေးဗီးယားဘုရားကျောင်း ၌ ဗေလန်ကန်နီကျန်းမာခြင်းမယ်တော်၏ပွဲနေ့ မစ္ဆားတရားတော်ကို (၈.၉.၂၀၂၅) တနင်္လာနေ့ညနေ ၄:၃ဝ အချိန်တွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်း ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဗေလန်ကန်နီပွဲကို နံနက်ကိုးနာရီအချိန်တွင် ကျန်းမာခြင်းမစ္ဆားတရားကို ဘုန်းတော်ကြီး Fr. Augustine Win Myint မှဦးဆောင်ပူဇော်ခဲ့ပြီး မစ္ဆားတရားအပြီးတွင် ကျန်းမာခြင်းဆီကောင်းကြီးပေးခြင်း၊ ပန်း ဆက်ကပ်ခြင်း၊ နာမကျန်းသူများကို ကောင်းချီးပေးခြင်း၊ ပန်းဆပ်သခြင်းအစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ပါသည်။ ညနေပိုင်းမစ္ဆားတရားအပြီးတွင် ကိုယ်တော်မြတ်နှင့် ဗေလန်ကန်နီဆင်းတုတော်ကို ထမ်းကာစီတန်း လှည့်လည်ခြင်း ဗေလန်ကန်နီအလံချခြင်း၊ မယ်တော်ပွဲနေ့ကိတ်ခွဲခြင်း အခမ်းအနားကို ကျင်း ပခဲ့ပါ…

လူတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများ

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘လူတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများ‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ ကျွန်ုပ်တို့ လူသားများရဲ့ လုပ်ဆောင်မှုကြောင့် လေထုညစ်ညမ်းမှုများဟာ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်များ များပြားလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ပိုးသတ်ဆေး/ပေါင်းသတ်ဆေးများ အသုံးပြုမှု များလာခြင်း၊ ‘ Nuclear ‘ လက်နက်များ စမ်းသပ် အသုံးပြုခြင်း စသည့် အချက်တွေကြောင့် ကျွန်တော်တို့ လေထု ညစ်ညမ်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေက ထိုအရာတွေကို ဘာကြောင့် အဆက်မပြတ်…

ရဟန်းမင်းကြီးလီယို (၁၄) အီစ္စရေးသမ္မတအားဗာတီကန်၌လက်ခံ‌တွေ့ဆုံ။

ရဟန်းမင်းကြီးလေအို (၁၄) သည် ပြီးခဲ့သောကြာသပတေးကအီစ္စရေးနိုင်ငံသမ္မတအီဇက် ဟေဇော့ (Isaac Herzog) အားဗာတီကန်ရှိ ရဟန်းမင်းကြီးရုံးတော်၌လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် ဗာတီ ကန်၏ အတွင်းရေးမှူးဖြစ်သောကာဒီနယ်ပီအဲထရိုပါရိုလင်း (Pietro Parolin)၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့ အသင်းအဖွဲ့များဆိုင်ရာအတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် ပေါလ် (Paul R. Gallagher) တို့နှင့် လည်းထပ်မံတွေ့ဆုံခဲ့သည်။ အီစ္စရေးသမ္မတသည် ရဟန်းမင်းကြီး၊ အတွင်းရေးမှူးတို့နှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး အရှေ့အ လယ်ပိုင်း ဒေသ၏နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ပြ ဿနာပေါင်းစုံသောဒေသတစ်ခုဖြစ်သည့်အနက် အထူးအာရုံထားနေကြရသည်မှာဂါဇာဒေသ၏စိတ်ထိ ခိုက်စရာအခြေအနေဆိုးဖြစ်သည်။ ထိုဒေသနှင့်စပ်လျဉ်းသောတွေ့ဆုံဆွေးနွေးမှုများ၊ စိတ်အားထက်သန်မှုများ၊ ရဲရင့်ပြတ်သား…