
ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၃)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၁၃၊ ၉၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ယနေ့ အသက်ပေးနှုတ်ကပါဉ်တော် ဧဝံဂေလိ ကျမ်းစာမှာ ကောင်းသောအပင်နှင့်မကောင်းသော အပင် အကြောင်းကို ဖတ်ရှု ကြားနာရမှာ ပဲဖြစ်ပါတယ်။ အပင်တစ်ပင်ရဲ့ အသီးကို ကြည့်ခြင်းအားဖြင့် အဲဒီအပင်ဟာ ကောင်းလား မကောင်းဘူးလားဆိုတာကို သိနိုင်ပါတယ်။ကျွန်ုပ်တို့ရဲ့ နှလုံးသားမှာလည်း ဒေါသ တွေ မာနတွေ တစ်ကိုယ်ကောင်းဆန်မှုတွေ နဲ့ပြည့်နေမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အပြုအမူတွေ ကျွန်ုပ်တို့ရဲ့စကားလုံးတွေဟာလည်း ၎င်းတို့နဲ့ပြည့်နေမှာပဲ ဖြစ်ပါတယ်။ အကယ်၍ ကျွန်ုပ်တို့ရဲ့ နှလုံးသား ဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေနဲ့ ပြည့်ဝနေမယ်ဆိုရင် မေတ္တာ တရားထားရှိမှု စိတ်ရှည်…








