
၂၀၂၆ ခုနှစ် လောက်ဒါတိုစီ ရက်သတ္တပတ်အတွက် ရန်ကုန်သာသနာ၊ လက်ထောက်ဆရာတော် ရေမွန် ဝေလင်းထွန်း ၏သဝဏ်လွှာ။

မျှော်လင့်ချက်မှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ “လောက်ဒါတိုစီ” (Laudato Si’) အမည်ရှိ စာချွန်တော် ထုတ်ပြန်ခြင်း နှစ် ပတ်လည်နေ့ကို ယခုလတွင် ကျွန်ုပ်တို့ အထိမ်းအမှတ်ပြုကြသည့်အားလျော်စွာ၊ ကျွန်ုပ်တို့၏ ဘုံနေအိမ် ကမ္ဘာကြီးကို စောင့်ရှောက်ကြရန် သာသနာတော်၏ အရေးတကြီး တိုက်တွန်းနှိုးဆော်ချက်ကို ကမ္ဘာတစ် ဝန်းရှိ ကက်သလစ်ဘာသာဝင်များနှင့်အတူ ပူးပေါင်းတုံ့ပြန်ကြပါသည်။ လော်ဒါတိုစီ၏ မျှော်မှန်းချက်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သက်သေခံချက်တို့မှ ခွန်အားယူလျက်၊ ယခုနှစ်တွင် ကျွန်ုပ်တို့သည် အောက်ပါအကြောင်းအရာကို အခြေခံ၍ ဆင်ခြင်သုံးသပ်ကြမည် ဖြစ်ပါသည် – “မျှော်လင့်ချက်မှသည်…





