rvamyanmar

rvamyanmar

ချစ်ခင်လေးစားအပ်ပါသော ညီအစ်ကို မောင်နှမအပေါင်းတို့၊ မင်္ဂလာရှိသော တနင်္ဂနွေနေ့ဖြစ်ပါစေ။

သခင်ဘုရား ဖွားမြင်တော်မူခြင်းပွဲတော်အပြီး ဒုတိယမြောက် တနင်္ဂနွေနေ့မှာ သင်တို့အားလုံးကို ကျွန်ုပ် ၏ ကောင်းမွန်သော ဆုတောင်းမေတ္တာများကို ဦးစွာ အသစ်တဖန် ပေးပို့လိုပါတယ်။ သန်ဘက်ခါမှာ စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်းတော်ကြီးရဲ့ သန့်ရှင်းသော တံခါးပေါက် (Holy Door) ကို ပိတ် သိမ်းခြင်းနဲ့အတူ ကျွန်ုပ်တို့ဟာ “မျှော်လင့်ခြင်း ဂျူဘီလီ” (Jubilee of Hope) ကို ရုပ်သိမ်းတော့မှာ ဖြစ်ပါ တယ်။ ကျွန်ုပ်တို့ ဆက်လက် နစ်ဝင်ခံစားနေဆဲဖြစ်တဲ့ ခရစ္စမတ်ပွဲတော်ရဲ့ နက်နဲရာ အချက်ကတော့ ကျွန်ုပ်တို့…

ဆွစ်ဇာလန်ဘားဆိုင်တစ်ခု၌နှစ်သစ်ကူးပွဲကျင်းပရင်းမီးသင့်၍လူသေမှုဖြစ်ပွား။

 ဇန္န၀ါရီလ ၁၊ ၂၀၂၆) နံနက်အစောပိုင်း၌ဆွစ်ဇာလန်နိုင်ငံ၏ ဘားတစ်ခု၌နှစ်သစ်ကူးပွဲကျင်း ပနေရာမှ မတော်တဆဖြစ်ကဘားဆိုင်၏မျက်နှာကျက်မီးစွဲလောင်မှုဖြစ်ပွားခဲ့သည်။ ထိုအခင်းကြောင့်လူ ပေါင်း (၄၀) ခန့်အသက်ဆုံးရှုံးခဲ့ပြီး၊ (၁၁၀) ကျော်ထိခိုက်ဒဏ်ရာ များရရှိသွားခဲ့သည်ဟုသိရသည်။ ထိုသို့ဖြစ် ပွားခဲ့သည့်သတင်းကြောင့်ရဟန်းမင်းကြီးကအသက်ဆုံးရှုံးသွားသူများအတွက်နှင့်၀မ်းနည်းပူဆွေးနေသောမိသားစု၀င်များအတွက်ဆုတောင်းပေးကြောင်းသံကြိုးစာပေးပို့နှစ်သိမ့်ခဲ့သည်။ သံကြိုးစာကိုပြင်သစ်ဘာသာစကားဖြင့်ရေးသားပြီး ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin မှလက်မှတ်ရေးထိုးပေးပို့ခဲ့သည်။ သံကြိုးစားထဲ၌ ရဟန်းမင်းကြီးအနေဖြင့်မီး သင့်မှု ကြောင့်အသက်ဆုံးရှုံးသွားသောသူတို့၏၀ိညာဉ်ကိုငြိမ်းချမ်း၍အစဉ်ထွန်းလင်းသောနေရာ၌လက်ခံစေရန်ဆုတောင်းပေးကြောင်း၊ ကိုယ်ခံန္ဓာ၌လည်းကောင်း၊ အတွင်းနှလုံးသား၌လည်းကောင်းနာကြင်စွာခံစား ကြေကွဲနေကြသူများအားလည်းအားပေးနှစ်သိမ့်ပါကြောင်း၊ ဘုရားမယ်တော်သည် သူ၏နူးညံ့ သိမ်မွှေ့ ခြင်း၌ ယခုအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရသူအားလုံးကိုနှစ်သိမ့်မှုပေးပါစေကြောင်း၊ မျှော်လင့်ချက်များ လည်းဆက်လက် ရှင်သန်စေပါစေကြောင်းရေးသား၍အခင်းဖြစ်ပွားသော Sionဂိုဏ်းအုပ်သာသနာ ပိုင်ဆရာ တော်Jean-Marie…

၂၀၂၅) ဂျူဘီလီနှစ်ကိုပြန်လည်ထောက်ရှုခြင်း  အပိုင်း ၂

ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်ရန်အစည်းအ‌ဝေးစတင်ခြင်း၊  တစ်နည်းဆိုရသော ရဟန်းမင်းကြီးတစ်ပါးပျံလွန်သွားပြီဖြစ်၍လစ်လပ်သွားသောထိုအမှု တော်နေရာ အားပြန်လည်အစားထိုးခန့်အပ်ရန်ပြင်ဆင်ရတော့သည်။ ထိုသို့ရွေးကောက်နိုင်ရန်ကမ္ဘာပေါ်ရှိ သက် တော် (၈၀) မပြည့်သေးသည့်ကာဒီနယ်များအားလုံးရောမမြို့သို့သွားရောက်၍ဆုတောင်းပြင်ဆင်ရ သည်။ ထိုအစည်းအ‌ေ၀းကို ‘Conclave’ ဟုခေါ်သည်။ အနက်ကား ‘သော့’ ဟုဆိုလိုကြောင်းလည်းသိရ သည်။  ရဟန်းမင်းကြီးဖရန်စစ်၏စျာပနအခမ်းအနားများပြီးဆုံးသွားပြီးနောက် ဧပြီလ (၂၇) ရက်နေ့ က (9) ရက် တာကွယ်လွန်သူအတွက်ဆုတောင်းပေးခြင်းမစ္ဆားကို ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin မှပထမနေ့ကိုဦးဆောင်ပူဇော်ခဲ့သည်။ နောက်တစ်နေ့မှစ၍ရဟန်းမင်းကြီး၏စျာပနအတွင်း မရောက်နိုင်သောကာဒီနယ် (၁၈၀) ပါးတို့လည်းဆိုက်ဆိုက်မြှိုက်မြှိုက်ရောက်လာခဲ့ကြသည်။ ထိုအစည်း အ‌ ဝေးကား အထက်ကဆိုခဲ့သောရဟန်းမင်းကြီးရွေးချယ် သည့်အစည်းအ‌ဝေး မဟုတ်ဘဲ…

ကျွနုပ်တို့ရဲ့ကမ္ဘာ‌မြေ

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ Pope Francis ရေးသားခဲ့တယ့် Laudato Si စာအုပ်မှ ” ကျွနုပ်တို့ရဲ့ကမ္ဘာ‌မြေ ” ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်

ကျွန်ုပ်တို့၏ ကမ္ဘာလောကနှင့် မိသားစုများတွင် ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းကြပါ။

   ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော လူထုတွေ့ဆုံခြင်း အိန်ဂျလုစ် (Angelus) မေတ္တာဆိုခြင်း အစီအစဉ်တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ဂျူဘလီနှစ် (Jubilee) သည် ကမ္ဘာသစ်တစ်ခုအတွက် မျှော်လင့်ချက်ကို မည် သို့ပျိုးထောင်ရမည်ကို ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ကြောင်း သတိပေးခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး လီယိုက “ပထမဦးစွာ ပဋိပက္ခနှင့် ဆင်းရဲဒုက္ခများကြောင့် သွေးမြေကျနေရသည့် နိုင်ငံ များအကြားတွင်လည်းကောင်း၊ ထို့ပြင် အကြမ်းဖက်မှုနှင့် နာကျင်မှုများကြောင့် ဒဏ်ရာရနေသော ကျွန်ုပ် တို့၏ အိမ်ထောင်စုများနှင့် မိသားစုများအတွင်း၌လည်းကောင်း” ငြိမ်းချမ်းရေးအတွက် အတူတကွ ဆု…