အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရှင် တစ်ယောက်က ဦးဆောင်နိုင်ဖို့ လိုအပ်တယ်

ဒီနေ့မှာ တင်ပြပေးချင်တာက အိမ်ထောင်တစ်ခုမှာ မိမိအိမ်ထောင်ကို အိမ်ထောင်ရှင် တစ်ယောက်က ဦးဆောင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း Sharing ပေးသွားချင်ပါတယ်။

            အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ကို ဦးစီးတဲ့သူက အိမ်ထောင်ဦးစီး (ဝါ) အိမ်ဦးနတ် အမျိုး သားတွေက ဦးဆောင်ကြတာများပါတယ်။

            ဒါပေမယ့် အိမ်ထောင်ကို အိမ်ထောင်ဦးစီးအမျိုးသားက မဦးဆောင်နိုင်လာခဲ့ရင်ကော ဦးစီးတဲ့ နေရာက လစ်ဟာနေပြီး ဒါဆိုရင် ဇနီးမယားကပဲ အဲ့ဒီနေရာကိုယူပြီး ဦးဆောင်ဦးရွက်ပြုရပြီ။

            လူ့ဘဝမှာ လစ်ဟာနေတဲ့ ကွက်လပ်ဆိုတာ မရှိပါဘူး။ လစ်ဟာလို့လည်း ရပါဘူး။ အကယ်၍ မိမိတို့ အိမ်ထောင်မှာ ကားတစ်စီးရှိတယ်။ အိမ်ထောင်ရှင်အမျိုးသားက ကားကိုမမောင်းဘူးဆိုရင် ဇနီးသည်က မောင်းသူနေရာဝင်ယူရတော့မယ်။ လစ်ဟာနေတဲ့ နေရာကို သူမက ဝင်ဖြည့်ဆည်းရ တော့မယ်။ သူမမှာ တာဝန်ရှိလာတယ်။ ဒီတော့ ဒီကားကို သူမမောင်းရတော့မှာပါ။

            အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှာပဲဖြစ်ဖြစ်၊ ခေါင်းဆောင်ဆိုတာရှိကို ရှိရမှာ၊ မရှိဘူးဆိုရင်လည်း ဘယ်သူကမှ ဒီအတိုင်းစောင့်မနေဘူး။ ခေါင်းဆောင်အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူကို ခေါင်းဆောင်ရှာပြီး တင်မှာပါ။

            အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးက နောက်တစ်လှမ်းဆုတ်နေရင်း ဇနီးသည်က  အစားထိုးဝင်နေရာယူရတော့မှာပါ။ သူမက လစ်ဟာနေတဲ့ ခေါင်းဆောင်နေရာမှာ မဖြစ်မနေ မလုပ် မဖြစ် ဝင်ဖြည့်ပြီး နေရာယူရတော့မှာပါ။

            ခေါင်းဆောင်မှု (ဝါ) ခေါင်းဆောင်ဆိုတာ သြဇာအရှိန်အဝါညောင်းတာပဲဖြစ်တယ်။ အကယ်၍ အိမ်ထောင်ရှင်အမျိုးသမီးက အိမ်ထောင်ကို ဦးဆောင်ရပြီဆိုရင် သူကလည်း ဘုရားတရားကို ရိုသေ ကိုင်းရှိုင်းတဲ့ သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့သားသမီးတွေကို ဘုရားတရား အကြောင်း နားလည်အောင်သင်ပေးမယ်။ ဒီလိုအချိန်မှာ ခင်ပွန်းဖြစ်သူက ကိုယ့်ကျင့်တရားမှာ  အခက်အခဲတွေ ကို ဖြေရှင်းနိုင်ဖို့ ငြင်းနေမယ့်အချိန်ဆိုရင် ဇနီးသည်က ခေါင်းဆောင်ရပြီး ခေါင်းဆောင်နေရာယူရပြီး သားသမီးတွေအပေါ် သြဇာအာဏာ ညောင်းလာပြီ၊ အခြားသူတွေက မှီတည်ရတဲ့ စံပြပြုခဲ့ရတဲ့ ပုဂ္ဂိုလ် အလိုအလျောက် ဖြစ်လာတာပါပဲ။

            ခေါင်းဆောင်မှုဆိုတာ ခေါင်းဆောင်နရာကို တာဝန်ယူထမ်းဆောင်ရတာပါ။ အကယ်၍ ဒီအိမ်ထောင်ရှင် အမျိုးသမီးက ဝင်ငွေရတဲ့အလုပ်ကို တစ်နေကုန်လုပ်မယ်။ မိမိအိမ်ထောင်ရဲ့ လိုအပ် ငွေကိုဖြည့်ဆည်းပေးနိုင်မယ်။ ထမင်းဟင်းလည်း ချက်မယ်။ သန့်ရှင်းရေးလုပ်မယ်။

            ဒါဆိုရင် သူမက တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သွားပြီ၊ ခေါင်းဆောင် ဆိုတာ အခြားသူတွေကို အစေခံတာဖြစ်ပြီး ခေါင်းဆောင်တဲ့သူက အများရဲ့ အိပ်မက်တွေကို ဖန်တီး ပေးနိုင်တဲ့သူ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ထောက်ပံ့ပေးတဲ့သူဖြစ်တယ်။

            ခေါင်းဆောင်မှုဆိုတာ မိမိသားစုအပေါ်မှာ အမြင်အာရုံကြိုတင်မြင်နိုင်စွမ်းတွေရှိတဲ့သူဖြစ် တယ်။

            ဒီမြင်နိုင်စွမ်းတွေထဲက မိသားစုအတွက် ကောင်းကျိုးဆိုးကျိုးတွေကို ညွှန်ပြပေးမယ်။

            မိမိသားသမီး ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကို သိနေရမယ်။

            မိမိတို့ရဲ့ အသက်မွေးမှု၊ အလုပ်အကိုင်ကို သေသေချာချာ နေရမယ်။

            ရုန်းကန်ရတာတွေကို စိတ်ဝင်စားမှုရှိရမယ်။ ဒီလိုမိသားစုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ တွေမှာ အိမ်ထောင်ဦးတစ်ယောက်က သိနေရမှာပါ။

            ဘာသာတရား သက်ဝင်ယုံကြည်မှုကိုလည်း ဦးဆောင်ဦးရွက် ပြုလုပ်ဆောင်ရွက်ပေးမယ်။ သားသမီးတွေနဲ့ ရည်မှန်းချက်တွေကိုလည်း တာဝန်ယူမှုတွေရှိနေရမယ်။ မိမိရဲ့ Relationship အတွက်ကိုလည်း ခိုင်မြဲအောင် တည်ဆောက်ရအုံးမှာပါ။

            မိသားစုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တာဟာ မိမိရဲ့ မိသားစုအိမ် Family Home ကို မိမိက ဘယ်လို ဦးဆောင်ရတယ်။ ဘယ်လိုပိုင်ဆိုင်ရတယ်ဆိုတာတွေကို သိထားရပါမယ်။ မိမိတို့ ဝင်ငွေထဲက နေ စုဆောင်းငွေရှိအောင် လုပ်ဆောင်နိုင်ရမယ်။ စုဆောင်းငွေလည်းရှိနေရမယ်။ ခေါင်းဆောင်တယ်ဆို တာ Plan တွေချနိုင်ရမယ်။ လမ်းညွှန်နိုင်ရမယ်။ အနာဂတ်ဘဝအတွက် ကြိုတင်တည်ဆောက် ထားနိုင်ရမယ်။ မိမိရဲ့ ကိုယ်ပိုင်ပြုမူလုပ်ဆောင်ချက် action တွေနဲ့ ဖန်တီးယူနိုင်တဲ့ ခေါင်းဆောင်ဖြစ် နေရမယ်။

            ဒါဆိုရင် အိမ်ထောင်တစ်စုကို ဦးစီးဦးဆောင်ပြုနိုင်မဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်သွားနိုင်မှာပါဆိုတာ တင်ပြရင်းဒီနေ့အတွက် ရပ်နားခွင့်ပြုပါ။    

rvamyanmar
rvamyanmar
Articles: 3907

Leave a Reply

Your email address will not be published. Required fields are marked *