rvamyanmar

rvamyanmar

ကမ္ဘာ့လူငယ်များနေ့ နောက်ခံသမိုင်း

ကမ္ဘာ့လူငယ်များနေ့ နောက်ခံသမိုင်း ဧပြီလ ၅၊ ၂၀၂၀ ကမ္ဘာ့လူငယ်များနေ့ (WYD)ဆိုတာ လူငယ်တွေကို ခရစ်တော်ဘုရားရဲ့ တရားတော်နှင့်အညီ နေထိုင် အသက်ရှင်ဖို့ လမ်းညွှန်ပေးခြင်းဖြစ်ပြီး ဒီဘ၀အသက်တာကို နေထိုင်တဲ့ လူငယ်တွေကိုလည်း အားပေးအား မြှောက်ပြုဖို့ ရည်ရွယ်ချက်နဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်(၂) စတင်ခဲ့တဲ့ လူငယ့်ပွဲတော်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်၊ ကယ်တင်ခြင်းဂျူဘီလီနှစ် ပိတ်ပွဲမှာ အရှင်သူမြတ် ဂျွန်ပေါလ်က ကမ္ဘာတ၀ှမ်းက လူငယ်တွေကို မိမိနှင့်အတူ အပြည်ပြည်ဆိုင်ရာ လူငယ်များ ဂျူဘီလီ (International Jubilee of Youth)…

ဘုရား အယူအဆ

ဘုရား အယူအဆ အားလုံးသော ယုံကြည်ကိုးကွယ်မှုဘာသာအသီးသီးက လောကလူသားနှင့် စကြဝဠာကြီးတခုလုံးသည် ကျေနပ်ဖွယ်မရှိဖူးဟု ဝန်ခံကြပါသည်။ ထိုဘာသာများအားလုံးက အဆုံးအစွန်ပြည့်စုံ သည့်သဘောတစ်ခုရှိကြောင်း ပုံသဏ္ဍာန်အမျိုးမျိုးနှင့် လက်ခံကြ ပါသည်။ ထိုသဘောကို လူ့မနောမှာ ထင်ပေါ်စေခြင်းသည် အလွန် အရေးကြီးလှပါ၏။ အဘယ်ကြောင့်ဆိုသော် မှားယွင်းစွာ ပေါ်လာသော သဘောများကြောင့် လူသားတို့သည် နောက်ဆုံးပန်း တိုင်မှ လွဲချော်သွားနိုင်လေသည်။ ထို့ကြောင့်ပင် ဘာသာနှင့် ဒဿနဗေဒတို့သည် နည်းနှစ်မျိုး၊ စနစ်နှစ်မျိုးဖြင့် လမ်းခင်းပေးကာ လူများစွာတို့ကို လမ်းမှန်ပေါ်ရောက်စေလေသည်။ ဒဿနဗေဒသည် တွေးတောကြံဆနိုင်သော အသိဉာဏ် ဖြင့် သဘာဝသစ္စာတရားများကို…

မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်

မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်– ယောဟန် 10:11-18 – တမန်တော်ဝတ္ထု 11:1-18)♥ ရှင်ပေထရု၏ရူပါရုံ – ဘုရားသခင်ဖန်ဆင်းထားသောအရာအားလုံးသန့်ရှင်းတယ်။ 1. ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။– 2. သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊– 3. သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။–…

အကယ်၍ သင်ဟာ အနာဂတ်​ အတွက်​ မသေချာ​ မရေရာမှုတွေ ရှိနေတဲ့အခါ ဒီကျမ်းချက်လေးတွေကို သတိယ ထောက်ရှု​ လိုက်ပါ။

အကယ်၍ သင်ဟာ အနာဂတ်​ အတွက်​ မသေချာ​ မရေရာမှုတွေ ရှိနေတဲ့အခါ ဒီကျမ်းချက်လေးတွေကို သတိယ ထောက်ရှု​ လိုက်ပါ။ တခါတလေ ကျွန်ုပ်တို့ဘဝမှာ ဝေဖန်ပိုင်းခြားဖို့ခက်ခဲ့တဲ့အချိန်တွေရှိပါတယ်။ အနာဂတ်မှာဘာတွေဖြစ်လာမလည်းဆိုတာ မသိတော့ စိုးရိမ်ပူပန် မှုတွေရှိလာတတ်ပါတယ်သတင်းကောင်းကတော့ ကျွန်ုပ်တို့ဟာတယောက်တည်း မဟုတ်ဘူး​ဆိုတာကို​ကျမ်းစာတော်မြတ်မှာ​ ထပ်ခါထပ်ခါ​ ဖေါ်ပြ အားပေးနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘုရားသခင်က​ စီမံထိန်းချုပ် ကွပ်ကဲ​ ပေးနေပါတယ်ဆိုတာ ကျွန်ုပ်တို့ကို သတိပေးနေတဲ့ ထောက်ရှု​ရမယ့်ကျမ်းချက်တချို့ကို​ ဖေါ်ပြလိုက်ပါတယ်။ ၁။ (ဖိလိပ္ပိ 4:6-7)​အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ…

ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကာဒီနယ် ချားစ်လ်ဘို၏ တရားဒေသနာတော် (၃.၅.၂၀၂၀)

Sunday, May 03, 2020 ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကာဒီနယ် ချားစ်လ်ဘို၏ တရားဒေသနာတော် (၃.၅.၂၀၂၀) ပါစကားကာလ စတုတ္ထတနင်္ဂနွေနေ့ကို ကောင်းသောသိုးထိန်း တနင်္ဂနွေဆိုပြီး ကမ္ဘာရှိ အသင်းတော်တစ်ခုလုံး ကျင်းပနေကြပါတယ်။ ညီအစ်ကို မောင်နှမတို့သခင်ယေဇူး သိုးလေးတစ်ကောင်ကို ပုခုံးပေါ်တင်ထားတယ်ဆိုတဲ့ ပုံ ဘုရားကားလေးဟာ သိတ်ကိုကြည်နူးနှစ်သိမ့်စရာ သင်္ကေတလေးပါ။ COVID ကြောင့်ဒုက္ခရောက်နေရသူအားလုံးကို ကောင်းသော သိုးထိန်ဟာ ပုခုံးပေါ်မှာ သယ်ဆောင်ထားပါစေ။ ရက်တွေ၊ လတွေကြာညောင်းပြီး ကိုယ်တော်ရဲ့ကာကွယ်စောင့်ရှောက်မှုဆီ ကမ္ဘာကြီးကို အပ်နှံဆက်ကပ်ထားကြရအောင်။ ဒီနေ့ အသင်းတော်က ကောင်းသောသိုးထိန်းရဲ့ မျက်နှာ တော်ကို…

” ဘုရားရှာခြင်း – အပိုင်း- ၇ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၇ ” ကိုတင်ဆက်ပေးသွားမှာပါ။

” သစ်တော မှတ်စု ”

ထိန်းသိမ်းကြစေ သဘာဝအမွေ (အစီအစဉ်) ထိန်းသိမ်းးကြစေ သဘာဝအမွေ အစီအစဉ် အနေနဲ့ ဒီတပတ်မှာတော့ ” သစ်တော မှတ်စု ” ဆိုတဲ့ အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – ဇော်နိုင်ဉီး ရိုက်ကူး – ပေါလ် တည်းဖြတ် – ဇော်နိုင်ဉီး

စိန်ကသရင်း (ဒိုမီနီကန်) -စီရေနာမြို့သူ

စိန်ကသရင်း (ဒိုမီနီကန်) -စီရေနာမြို့သူ – သူမဘ၀သည် ခရစ်တော်ပါဟု လုံးဝကြွေးကြော်သက်သေခံနိုင်သူဖြစ်ပြီး ခရစ်တော်နှင့်တလုံးတ၀တည်း အသက်ရှင်နေထိုင် စံပြရဟန္တာမ။ -ခရစ်တော်၏ဝေဒနာများကို မျှဝေခံစားသူဖြစ်ပြီး ကိုယ်တော်၏ဒဏ်ရာတော် ၅ချက်ကို ရရှိခဲ့သူ။ -အလွန်ထူးခြားသော ရူပါရုံဘ၀အသက်သာများဖြင့် ပြည့်နက်နေပြီး စာပေမရေးတတ်၊ မဖတ်တတ်သော်လည်း စာပေါင်းများစွာကို ရေးသားခဲ့သူ (သူမနှုတ်မရွတ်၍ တပည့်သည် လိုက်ရေးဟန်တူသည်) -အသင်းတော်အတွင်း ပုပ်ရဟန်းမင်းကြီးများအပြိုင်ပေါ်ပေါက်နေချိန် ရွေးကောက်ခံအစစ်အမှန် ပုပ်ရဟန်းမင်းကြီးအား ရောမမြို့သို့ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သူ။ -အသင်းတော်အား ပြန်လည် တည့်မတ်ပေးနိုင်ခဲ့သူ။ (ပုပ်ရဟန်းမင်းကြီးအပြိုင်ပေါ်ထွန်းချိန် တစ်ပါးတည်းသာလျှင် ဖြစ်ရန်နှင့် စံနန်းရာနေရာကို ဗာတီကန်သာလျှင်ဟု ဗျာဒိတ်တော်နှင့်…

“လူငယ်နှင့်အလုပ်”

အားလုံးမင်္ဂလာပါရှင့် အာဗီအေ-မြန်မာဘာသာအစီစဉ်ကနေတဖန်ကြိုဆိုပါတယ်။ ။ဒီနေ့တင်ဆက်ပေးမဲ့ခေါင်းစဉ်လေးကတော့ “လူငယ်နှင့်အလုပ်”ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မစစတာရ်မေရီမှတင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။ လူငယ်များရှင်           လူငယ်တွေအနေနဲ့အလုပ်ပေါ်မှာထားရှိသင့်တဲ့စိတ်ဓာတ်နှင့်ခံယူချက်အကြောင်းအရာလေးကို အနည်းငယ်ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။လူငယ်များအနေနဲ့လုပ်ဆောင်နေတဲ့အလုပ်-ထမ်းဆောင်နေရတဲ့တာဝန်စသည့်တို့ကိုနိမ့်တယ်၊မြင့်တယ်ဆိုတာမရှိပါဘူး။မိမိလုပ်နေတဲ့အလုပ်ကမွန်မြတ်သောအလုပ်ဖြစ်ဖို့နှင့်အလုပ်ကိုတန်ဖိုးထားလုပ်တက်သူဖြစ်ဖို့ကအရေးကြီးတာပါ။တချို့လူငယ်တွေအလုပ်ကောင်းကောင်းရကြတယ်၊ဝင်ငွေကောင်းတဲ့မလုပ်တွေရကြတယ်၊ရာထုူးကြီးတွေရကြတယ်၊နေရာကောင်းတွေရကြတယ်။ဒါပင့်မဲ့မိမိလုပ်နေတဲ့အလုပ်ကိုဘယ်လိုစိတ်ထာနဲ့ဘယ်လိုခံယူချက်နဲ့လုပ်ရမယ်ဆိုတာတချို့လူငယ်တွေမသိကြဘူး။အဲလိုမသိလိုဘဲငွေကြောင့်အလုပ်တွေခဏခဏပြောင်းနေရတဲ့လူငယ်တွေရှိပါတယ်။အလုပ်ကောင်းပေမဲ့အကောင်းလုပ်ဖို့လိုပါတယ်။ဒီအလုပ်ဟာအလုပ်ဖြစ်ပင်မဲ့အပြစ်မဖြစ်ဖို့လည်းလိုတယ်။မိမိလုပ်တဲ့အလုပ်ရဲ့ရလဒ်ဟာဘာဖြစ်သွားမလဲ၊ဘာဖြစ်လားမလဲဆိုတာသိဖို့လဲလိုပါတယ်နော်။တစ်ဘဝအတွက်အလုပ်လုပ်တာလား၊ထာဝရအတွက်အလုပ်လုပ်တာလား။                    မိတ်ဆွေလူငယ်များရှင့်   ဒီပုံပြင်လေးကိုကြားဖူးကြမယ်လိုထင်ပါတယ်။လူတစ်ယောက်ကအုတ်စီပန်းရံသမားကို မေးလိုက်တဲ့မေးခွန်းလေပါ။မင်းတို့ဘာလုပ်နေကြတာလဲ။     ပထမပန်းရံသမားက အုတ်စီပန်းရံလုပ်နေတာပါလိုဖြေလိုက်ပါတယ်။ဒုတိယပန်းရံသမားက တစ်နာရီကို ကိုးဒေါ်လာ ခွဲနဲ့အလုပ်လုပ်နေတာပါလိုပြန်ဖြေလိုက်ပါတယ်။တတိယ     ပန်းရံသမားက   ကျွန်တော်အခုကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးအခန်းနားဆုံးပြတိုက်ကြီးကိုဆောက်နေပါတယ်လိုပြန်ပြောလိုက်ပါတယ်။ပန်းရံသမားသုံးယောက်ထဲက                ဘယ်တစ်ယောက်ကအလုပ်ကိုခံယူ ချက်၊သဘောထား၊မျှော်လင့်ချက်တွေနဲ့လုပ်တဲ့သူဖြစ်မလဲ။ပထမပန်းရံသမားနဲ့ဒုတိယပန်းရံသမားဟာသူတို့ရဲ့ဘဝကိုအုတ်စီပန်းရံကိုင်ဘဝနဲ့နေသွားကြမယ်လိုထင်ပါတယ်။ဘာဖြစ်လိုလဲဆိုရင် သူတို့လုပ်တဲ့အလုပ်ပေါ်မှာအမြော်အမြင်မရှိကြဘူး၊အလုပ်ကိုတန်ဖိုးထားလေးစားမှုမရှိကြဘူး။ပိုက်ဆံရဖို့သက်သက်ပဲအလုပ်လုပ်နေလိုပါဘဲ။ဒါကြောင့်သူတို့ဘဝဟာဒီထက်တိုးတက်ဖို့လမ်းမမြင်ပါဘူးလိုသုံးသပ်မိပါတယ်။ ချစ်သောလူငယ်များရှင့် ပုုံပြင်ထဲကပန်းရံသမား(၂)ယောက်လို ဘဲအလုပ်မှာ မိမိတို့ရဲ့ဘဝကို အုတ်စီပန်းရံဘဝနဲပဲဆက် သွားမှာလား၊ပန်းရံသမား (၂) ဦးက အလုပ်ကိုသာလုပ်နေတာ ငွေရဖို့တခုအတွက်ဘဲ လုပ်နေတာ။ ကိုယ်မှာရှိတဲ့အရည်အချင်းတွေလုပ်နိုင်စွမ်းအားတွေမိမိတို့ရဲ့ဘဝတိုးတက်အောင် –ပန်းရံသမားဘဝကနေကန်ထရိုက်ဖြစ်အောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့ ခံယူချက်မရှိကြလို။ တတိယပန်းရံသမားကျတော့ပန်းရံသမားဘဝနဲ့တစ်သက်လုံးနေသွားရမှာမဟုတ်ဘူးလိုယုံကြည်တယ်။ဘာ ကြောင့်လဲသူအလုပ်ပေါ်မှာထားတဲ့ခံယူချက်စိတ်ထားဟာမြင့်မားနေတယ်။တစ်နေ့သူဟာကန်ထရိုက်တာ၊ဒါမှာမဟုတ်ဗိသုကာတစ်ယောက်ဖြစ်လာနိုင်ပါတယ်လိုရဲရဲကြီးမျှော်လင့်မိပါတယ်။ဒီလိုဘဲလူငယ်တွေတဦးစီမှာလည်းအလုပ်ပေါ်ထားရှိတဲ့ခံယူချက်ခြင်းမတူညီပါဘူး။မိမိအလုပ်ပေါ်ခံယူချက်ခြင်းတူလဲရန်သူတွေဖြစ်သွားနိုင်တယ်။အလုပ်ရဲ့တာဝန်ကြီးကြီးကိုယူချင်းတဲ့သူနဲ့မယူချင်သူလဲကွာခြားပါသေးတယ်။   လူငယ်မောင်မယ်များရှင့်…